ရွားေတာ၊ လိြဳင္ေကာ္ႏွင့္ ဖားေဆာင္းၿမိဳ႕မ်ားတြင္ မိုဘိုင္းသတင္းအခ်က္အလက္ႏွင့္ ေရြးေကာက္ပြဲ ဆႏၵမဲေပးျခင္းဆုိင္ရာ သင္တန္းတက္လိုသူမ်ား ဆက္သြယ္စာရင္းေပးသြင္းနိုင္

ရွားေတာ၊ လိြဳင္ေကာ္ႏွင့္ ဖားေဆာင္းၿမိဳ႕မ်ားတြင္ မိုဘိုင္းသတင္းအခ်က္အလက္ႏွင့္ ေရြးေကာက္ပြဲ ဆႏၵမဲေပးျခင္းဆုိင္ရာ သင္တန္းတက္လိုသူမ်ား ဆက္သြယ္စာရင္းေပးသြင္းနိုင္
သြဂုတ် 21, 2019
By 🌸
ကယားျပည္နယ္၊ ရွားေတာၿမိဳ႕ လူထုအေျချပဳဗဟိုဌာနတြင္ ဖြင့္လွစ္ေနသည့္ မိုဘိုင္း သတင္းအခ်က္အလက္ ဆုိင္ရာႏွင့္ ေရြးေကာက္ပြဲ ဆႏၵမဲေပးျခင္းဆုိင္ရာ (၅)ရက္ၾကာသင္တန္းကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၁)ရက္ေန႔တြင္ တက္ေရာက္လိုသူမ်ားကို လက္ခံေနဆဲျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔ကေတာ့ ရွားေတာ့မွာ သင္တန္းစဖြင့္ေနၿပီမို႔ လာတက္ခ်င္တယ္ဆိုရင္လည္း တက္လုိ႔ရပါေသးတယ္။ Mobile Information Literacy ကို ဒီေန႔ကေန (၃)ရက္သင္သြားမွာပါ။ Voter Education ကေတာ့ (၂)ရက္သင္မွာပါ။ အခုတက္ေနတာက (၁၈)ေယာက္ရိွပါတယ္။ အမ်ားစုကေတာ့ လူငယ္ေတြနဲ႔ အစိုးရဝန္ထမ္းေတြလည္း ပါပါတယ္။ ဒီသင္တန္းကေတာ့ ႏုိင္ငံသားတုိင္း မည္သူမဆို တက္ေရာက္သင့္တဲ့ သင္တန္းျဖစ္ပါတယ္။ မည္သူမဆို တက္ေရာက္လို႔ ရပါတယ္”ဟု ကေမၻာဇလူငယ္ စာၾကည့္တုိက္ စာဖတ္အသင္း၏ Program Director ႏွင့္ Coordinator ျဖစ္သူ ေဒၚေမႏွင္းေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုဘိုင္းသတင္းအခ်က္အလက္ဆုိင္ရာႏွင့္ ေရြးေကာက္ပြဲဆႏၵမဲေပးျခင္းဆုိင္ရာမ်ားကို ေလ့လာလိုသူမ်ားႏွင့္ မိမိတို႔ေဒသတြင္ ျပန္လည္ မွ်ေဝလိုသူမ်ားအတြက္ သင္တန္းမ်ားကို အာရွေဖာင္ေဒးရွင္း၏ အကူအညီျဖင့္ ေရြးေကာက္ပြဲေကာ္မရွင္ႏွင့္ ကေမၻာဇလူငယ္ စာၾကည့္တုိက္တုိ႔က လိြဳင္ေကာ္၊ ဖားေဆာင္းႏွင့္ ရွားေတာၿမိဳ႕မ်ားတြင္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေရြးေကာက္ပြဲ ဆႏၵမဲေပးျခင္းဆုိင္ရာ (၂)ရက္တာ သင္တန္းမ်ားကို လြိဳင္ေကာ္ၿမိဳ႕တြင္ စက္တင္ဘာလ (၈)ရက္ေန႔ႏွင့္ (၉)ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕ ဗဟိုေစ်းေရွ႕ရိွ လူထုအေျချပဳဗဟိုဌာန (ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးရံုး) တြင္လည္းေကာင္း၊ ဖားေဆာင္းၿမိဳ႕တြင္ စက္တင္ဘာလ (၁၁)ရက္ေန႔ႏွင့္ စက္တင္ဘာလ (၁၂)ရက္ေန႔မ်ား၌ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးရံုးတုိ႔တြင္ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါသင္တန္းမ်ားသို႔ တက္ေရာက္လိုသူမ်ားအေနျဖင့္ ေဒၚေမႏွင္းေက်ာ္ ဖုန္း ၀၉ ၇၉၉၉၈၈၄၂၇ ႏွင့္ သက္ဆုိင္ရာၿမိဳ႕မ်ား၏ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမ်ားသို႔ ဆက္သြယ္၍လည္းေကာင္း စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ကေမၻာဇလူငယ္စာၾကည့္တုိက္အသင္း

ပံုအညႊန္း - [ကေမၻာဇလူငယ္စာၾကည့္တုိက္အသင္းတြင္ ဇူလုိင္လအတြင္းက ဖြင့္လွစ္ခဲ့သည့္ မိုဘိုင္းသတင္းအခ်က္အလက္ဆုိင္ရာသင္တန္းျဖစ္ပါသည္။]

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှားတော၊ လွိုင်ကော်နှင့် ဖားဆောင်းမြို့များတွင် မိုဘိုင်းသတင်းအချက်အလက်နှင့် ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းဆိုင်ရာ သင်တန်းတက်လိုသူများ ဆက်သွယ်စာရင်းပေးသွင်းနိုင်
**************
ကယားပြည်နယ်၊ ရှားတောမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်နေသည့် မိုဘိုင်း သတင်းအချက်အလက် ဆိုင်ရာနှင့် ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းဆိုင်ရာ (၅)ရက်ကြာသင်တန်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့တွင် တက်ရောက်လိုသူများကို လက်ခံနေဆဲဖြစ်ကြောင်း သိရသည်။

“ဒီနေ့ကတော့ ရှားတော့မှာ သင်တန်းစဖွင့်နေပြီမို့ လာတက်ချင်တယ်ဆိုရင်လည်း တက်လို့ရပါသေးတယ်။ Mobile Information Literacy ကို ဒီနေ့ကနေ (၃)ရက်သင်သွားမှာပါ။ Voter Education ကတော့ (၂)ရက်သင်မှာပါ။ အခုတက်နေတာက (၁၈)ယောက်ရှိပါတယ်။ အများစုကတော့ လူငယ်တွေနဲ့ အစိုးရဝန်ထမ်းတွေလည်း ပါပါတယ်။ ဒီသင်တန်းကတော့ နိုင်ငံသားတိုင်း မည်သူမဆို တက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။ မည်သူမဆို တက်ရောက်လို့ ရပါတယ်”ဟု ကမ္ဘောဇလူငယ် စာကြည့်တိုက် စာဖတ်အသင်း၏ Program Director နှင့် Coordinator ဖြစ်သူ ဒေါ်မေနှင်းကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုဘိုင်းသတင်းအချက်အလက်ဆိုင်ရာနှင့် ရွေးကောက်ပွဲဆန္ဒမဲပေးခြင်းဆိုင်ရာများကို လေ့လာလိုသူများနှင့် မိမိတို့ဒေသတွင် ပြန်လည် မျှဝေလိုသူများအတွက် သင်တန်းများကို အာရှဖောင်ဒေးရှင်း၏ အကူအညီဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့် ကမ္ဘောဇလူငယ် စာကြည့်တိုက်တို့က လွိုင်ကော်၊ ဖားဆောင်းနှင့် ရှားတောမြို့များတွင် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းဆိုင်ရာ (၂)ရက်တာ သင်တန်းများကို လွိုင်ကော်မြို့တွင် စက်တင်ဘာလ (၈)ရက်နေ့နှင့် (၉)ရက်နေ့တွင် လွိုင်ကော်မြို့ ဗဟိုဈေးရှေ့ရှိ လူထုအခြေပြုဗဟိုဌာန (ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး) တွင်လည်းကောင်း၊ ဖားဆောင်းမြို့တွင် စက်တင်ဘာလ (၁၁)ရက်နေ့နှင့် စက်တင်ဘာလ (၁၂)ရက်နေ့များ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းများသို့ တက်ရောက်လိုသူများအနေဖြင့် ဒေါ်မေနှင်းကျော် ဖုန်း ၀၉ ၇၉၉၉၈၈၄၂၇ နှင့် သက်ဆိုင်ရာမြို့များ၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများသို့ ဆက်သွယ်၍လည်းကောင်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကမ္ဘောဇလူငယ်စာကြည့်တိုက်အသင်း

ပုံအညွှန်း - [ကမ္ဘောဇလူငယ်စာကြည့်တိုက်အသင်းတွင် ဇူလိုင်လအတွင်းက ဖွင့်လှစ်ခဲ့သည့် မိုဘိုင်းသတင်းအချက်အလက်ဆိုင်ရာသင်တန်းဖြစ်ပါသည်။]

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net