ကယားပြည်နယ်အတွင်းရှိ မြန်မာ - ထိုင်းနယ်စပ်ဂိတ် BP-13 အား တရားဝင်နယ်စပ်ဂိတ်အဖြစ် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးရန် ဆောင်ရွက်နေ

ကယားပြည်နယ်အတွင်းရှိ မြန်မာ - ထိုင်းနယ်စပ်ဂိတ် BP-13 အား တရားဝင်နယ်စပ်ဂိတ်အဖြစ် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးရန် ဆောင်ရွက်နေ
ဇူလိုင် 27, 2020
By Tachileik News Agency

ကယားပြည်နယ်အတွင်းရှိ  မြန်မာ - ထိုင်းနယ်စပ်ဂိတ် BP-13 အား တရားဝင်နယ်စပ်ဂိတ်အဖြစ် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးရန် ဆောင်ရွက်နေ

ကယားပြည်နယ် ၊ မယ်စဲ့မြို့နယ်ရှိ မြန်မာ-ထိုင်းနယ်စပ် (BP-13 )နယ်စပ်ကုန်သွယ်ရေး ဂိတ်အား နှစ်နိုင်ငံတရားဝင် နယ်စပ်ဝင်ထွက်ဂိတ်အဖြစ် ဆောင်ရွက်ရန် နှစ်ဖက်အစိုးရမှ ညှိနှိုင်းဆွေးနွေး နေပြီး MoU လက်မှတ်ရေးထိုးရန် အဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိအနေထားက ကျွန်တော်တို့ (၁၃)လမ်းကြောင်းကို နယ်စပ်ဝင်ပေါက် အနေနဲ့ နှစ်နိုင်ငံ (G TO G )ပေါ့ ညှိနှိုင်းနေတယ်။ တစ်ခါ လဝက ကလည်း တရားဝင်နယ်စပ်ပေါက်အဖြစ် စာချုပ်ချုပ်ဆိုမယ့်ဟာကိုလည်း ဒစ်စကက် လုပ်နေတယ်။ လက်မှတ်ထိုးတော့မယ့်အခြေနေ ဒီ MoU ပေါ့ဗျာ အဲ့ဒီအခြေနေကိုလည်း ကျွန်တော်တို့ရောက်ရှိနေပြီဖြစ်ပါတယ်။ ဘယ်လိုပုံစံမျိုးလည်းဆို မြဝတီ-မဲဆောက် ဂိတ်လို အဲ့လိုလေး ကျွန်တော်တို့ တရားဝင်ခရီးသွားလာခွင့် ရရှိအောင်လုပ်ပါမယ်။

ဟု ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ကယားပြည်နယ်အစိုးရအဖွဲ့၏ စတုတ္တတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မယ်စဲ့မြို့နယ်တွင်းရှိ ( BP-13 )နယ်စပ်ဂိတ်အား international checkpoint အဖြစ် ဖွင့်လှစ်နိုင်ရန် ကယားပြည်နယ်အစိုးရနှင့် ထိုင်းနိုင်ငံတာဝန်ရှိသူများမှ အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေပြီး နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများ အတွက်သာ မဟုတ်ဘဲ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ကိုပါ မြှင့်တင်ဆောင်ရွက် နိုင်ဖို့ မျှော်မှန်းထားကြောင်း သိရသည်။

ကျွန်တော်တို့က ကျွဲကူးရေပါ ပါ ။ ဒီစီးပွားကူးသန်းတစ်ခုတည်း မဟုတ်ပါဘူး ။ ကျွန်တော်တို့ပြည်နယ်ရဲ့ တန်ဖိုးအထားရဆုံး အလေးထားပြီးဆောင်ရွက်နေတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကိုပါ တစ်ပါတည်း ကျွန်တော်တို့ မြှင့်တင်ဆောင်ရွက်ပေးချင်တဲ့သဘောရှိပါတယ်။ ဒါကြောင့်လည်း ဒီဟာကို ကျွန်တော်တို့ပြည်နယ်အစိုးရအနေနဲ့ တစ်စိုက်မတ်မတ် ကြိုးစားပြီးဆောင်ရွက်နေတာပါ

ဟု ကယားပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြောသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၏ လေးနှစ်တာအတွင်း အအောင်မြင်ဆုံးကဏ္ဍမှာ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍဖြစ်ပြီး (BP-13)နယ်စပ်ဂိတ်အား international checkpoint အဖြစ်ဆောင်ရွက်နိုင်ပါက ဟိုတယ်နှင့် ခရီးသွားခြင်း အားများစွာ အထောက်အကူပြုလာမှာဖြစ်ပြီး ဒေသခံများအတွက် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍမှ ဝင်ငွေပိုမိုရရှိနိုင်ဖို့ မျှော်မှန်းထားကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကပြောသည်။

မြန်မာ-ထိုင်းနယ်စပ် (BP-13) နယ်စပ်ကုန်သွယ်ရေး ဂိတ်အား COVID-19 ကာလအတွင်း ပိတ်ထားခဲ့သော်လည်း ဇူလိုင်လ ၆ ရက်နေ့မှစ၍ တစ်ပတ်လျှင် တနင်္လာ၊ အင်္ဂါ၊ဗုဒ္ဓဟူး သုံးရက်အား ပြန်လည်ဖွင့်လှစ်ပေးထားပြီ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~