တာချီလိတ်မြို့နယ်အတွင်း သုံးစွဲရေအခက်အခဲနှင့် ကြုံနေရသည့် ရပ်ကွက် နှင့် ကျေးရွာများတွင် တစ်ရက်တည်း ရေဂါလန် (၇,၂၀၀) ပေးဝေလှူဒါန်း

တာချီလိတ်မြို့နယ်အတွင်း သုံးစွဲရေအခက်အခဲနှင့် ကြုံနေရသည့် ရပ်ကွက် နှင့် ကျေးရွာများတွင် တစ်ရက်တည်း ရေဂါလန် (၇,၂၀၀) ပေးဝေလှူဒါန်း
မေ 26, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင်း သုံးစွဲရေအခက်အခဲနှင့် ကြုံတွေ့နေရသည့် ရပ်ကွက်နှင့်ကျေးရွာများသို့ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ နှင့် သက်ဆိုင်ရာဌာနများ အလှူရှင်များ ပူးပေါင်းကာ ၂၀၁၉ခုနှစ် မေလ(၂၆)ရက်နေ့တွင်  ရေဂါလန်ပေါင်း (၇၂၀၀)ပေးဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။



တာချီလိတ်မြို့နယ်အတွင်း နွေရာသီကာလတွင် ရေတွင်းများ ခမ်းခြောက်မှုနှင့် ရေထွက်များတွင် ရေနည်းပါးလာမှုတို့ကြောင့် ကျေးရွာအချို့၌ ရေပြတ်လပ်မှုကြုံတွေ့နေရသဖြင့် ရေလှူဒါန်းမှုများ လုပ်ဆောင်နေရာတွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ရေဂါလန် (၁,၆၀၀)ဆံ့ ရေသယ်ယာဉ်ဖြင့်  ဆေခမ်းရပ်ကွက် ဟွေခိုက်နယ်မြေသစ်သို့ တစ်ရက်ခြား(၁)ခါစနစ်ဖြင့် (၂) ကြိမ်သွားရောက်လှူဒါန်းခဲ့ပြီး မီးသတ်ဦးစီးဌာနအနေဖြင့် ၀မ်လုံးအုပ်စု ဟွေခိုက်ကျေးရွာနှင့် ဖန်မင်ကျေးရွာအုပ်စု ၀မ်ကောင်းမွန်ကျေးရွာတို့တွင် ရေလှူဒါန်းမှုများစတင်နေပြီး ကုန်ကျသည့် စက်သုံးဆီများကို တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ကုန်ကျခံဆောင်ရွက်နေကြောင်း သိရသည်။

ရေပေးဝေလှူဒါန်းရာသို့ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ သက်ဆိုင်ရာဌာများ၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်း နှင့် စည်ပင်ဝန်ထမ်းများ၊ တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို နှင့် မီးသတ်တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများပါဝင်ကာ ပေးဝေလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင်း သုံးစွဲရေအခက်အခဲနှင့် ကြုံတွေ့နေရသည့် ရပ်ကွက်နှင့်ကျေးရွာများသို့ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ နှင့် သက်ဆိုင်ရာဌာနများ အလှူရှင်များ ပူးပေါင်းကာ ၂၀၁၉ခုနှစ် မေလ(၂၆)ရက်နေ့တွင် ရေဂါလန်ပေါင်း (၇၂၀၀)ပေးေဝလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ ဆေခမ်းရပ်ကွက် ဟွေခိုက်နယ်မြေသစ်သို့ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ရေဂါလန် (၁,၆၀၀)ဆံ့ ရေသယ်ယာဉ်ဖြင့် သွားရောက်လှူဒါန်းပေးခဲ့ပြီး၊ ဝမ်လုံးကျေးရွာအုပ်စု ဟွေခိုက်ကျေးရွာသို့ မီးသတ်ဦးစီးဌာနမှ ရေဂါလန် (၈၀၀)ဆံ့ ရေသယ်ယာဉ်ဖြင့် ရေဂါလန် (၂,၄၀၀)ကို လှူဒါန်းပေးခဲ့ပြီး ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကောင်းမွန်ကျေးရွာတွင် ရေဂါလန် (၃,၂၀၀)ဖြင့်လည်း သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

"ရေအခက်အခဲရှိတဲ့ ကျေးရွာတွေကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ မနက်ဖြန်ကျရင်လည်း ဝမ်ကောင်းမွန်ကို ဂါလန်(၃၂၀၀) လှူမယ်။ ဟွေခိုက်ကိုတော့ ဂါလန် (၁၆၀၀) လှူမယ်"ဟု တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း နွေရာသီကာလတွင် ရေတွင်းများ ခမ်းခြောက်မှုနှင့် ရေထွက်များတွင် ရေနည်းပါးလာမှုတို့ကြောင့် ကျေးရွာအချို့၌ ရပြေတ်လပ်မှုကြုံတွေ့နေရသဖြင့် ရေလှူဒါန်းမှုများ လုပ်ဆောင်နေရာတွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ရေဂါလန် (၁,၆၀၀)ဆံ့ ရေသယ်ယာဉ်ဖြင့် ဆေခမ်းရပ်ကွက် ဟွေခိုက်နယ်မြေသစ်သို့ တစ်ရက်ခြား(၁)ခါစနစ်ဖြင့် (၂) ကြိမ်သွားရောက်လှူဒါန်းခဲ့ပြီး မီးသတ်ဦးစီးဌာနအနဖြေင့် ဝမ်လုံးအုပ်စု ဟွေခိုက်ကျေးရွာနှင့် ဖန်မင်ကျေးရွာအုပ်စု ဝမ်ကောင်းမွန်ကျေးရွာတို့တွင် ရေလှူဒါန်းမှုများစတင်နပြေီး ကုန်ကျသည့် စက်သုံးဆီများကို တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ကုန်ကျခံဆောင်ရွက်နေကြောင်း သိရသည်။

ရေပေးေဝလှူဒါန်းရာသို့ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ သက်ဆိုင်ရာဌာများ၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်း နှင့် စည်ပင်ဝန်ထမ်းများ၊ တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို နှင့် မီးသတ်တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများပါဝင်ကာ ပေးေဝလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net