တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်း မီးလောင်မှုဖြစ်ရာမှ ပျောက်နေသည့် မိန်းကလေးအား တွေ့ရှိသူများအနေဖြင့် ဆက်သွယ်အကြောင်းကြားပေးနိုင်ရန် မိဘများက အကူအညီတောင်းခံထား

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်း မီးလောင်မှုဖြစ်ရာမှ ပျောက်နေသည့် မိန်းကလေးအား တွေ့ရှိသူများအနေဖြင့် ဆက်သွယ်အကြောင်းကြားပေးနိုင်ရန် မိဘများက အကူအညီတောင်းခံထား
မေ 31, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းရှိ မအေးအေးသင်း ကုန်စုံဆိုင် တိုက်ခန်း မီးလောင်မှုဖြစ်ပွားရာနေအိမ်မှ အသက် ( ၁၆ ) နှစ်အရွယ် မဆုမွန်ဦးမှာ မီးလောင်မှုဖြစ်ပွားစဉ် ပျောက်နေ၍ တွေ့ရှိရသူများအနေဖြင့် အကြောင်းကြားပေးနိုင်ရန် ၎င်း၏ မိဘများက အကူအညီတောင်းခံထားရှိသည်။

"ကောင်မလေးက အဲ့ဒီမှာ ဈေးရောင်းတာ၊ မီးလောင်တဲ့နေရာမှာလည်း ရှာကြည့်တယ် မတွေ့ဘူး၊ ကြောက်လန့်ပြီး ထွက်ပြေးသွားတာလားမသိဘူး၊ အခုထိ မတွေ့သေးဘူး"ဟု ၎င်း၏ မိသားစုနှင့် နီးစပ်သူ ကိုဟေမန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၉ခုနှစ် မေလ(၃၀)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က မီးလောင်မှုကြောင့် အဆိုပါ ဆိုင်တွင် ဈေးရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူ မဆုမွန်ဦးအား တွေ့ရှိရခြင်း မရှိသေး၍ မိဘများက စိုးရိမ်ပူပန်နေသည့်အတွက် ၎င်းအား တွေ့ရှိရသူများအနေဖြင့် ဖုန်း 09 455043999၊ 09 450232233 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းရှိ မအေးအေးသင်း ကုန်စုံဆိုင် တိုက်ခန်း မီးလောင်မှုဖြစ်ပွားရာနေအိမ်မှ အသက် ( ၁၆ ) နှစ်အရွယ် မဆုမွန်ဦးမှာ မီးလောင်မှုဖြစ်ပွားစဉ် ပျောက်နေ၍ တွေ့ရှိရသူများအနဖြေင့် အကြောင်းကြားပေးနိုင်ရန်၎င်း၏ မိဘများက အကူအညီတောင်းခံထားရှိသည်။



Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net