ကမၻာ့ဆရာမ်ားေန႔ အထိမ္းအမွတ္အျဖစ္ အသက္(၇၀)ႏွစ္အထက္ အၿငိမ္းစား ဆရာႀကီး၊ ဆရာမႀကီးမ်ားအား အထက(တာခ်ီလိတ္)တြင္ အခမ္းအနားျဖင့္ ပူေဇာ္ကန္ေတာ့

ကမၻာ့ဆရာမ်ားေန႔ အထိမ္းအမွတ္အျဖစ္ အသက္(၇၀)ႏွစ္အထက္ အၿငိမ္းစား ဆရာႀကီး၊ ဆရာမႀကီးမ်ားအား အထက(တာခ်ီလိတ္)တြင္ အခမ္းအနားျဖင့္ ပူေဇာ္ကန္ေတာ့
အောက်တိုဘာ 5, 2018
By Tachileik News Agency

ကမၻာ့ဆရာမ်ားေန႔ အထိမ္းအမွတ္အျဖစ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းမွ အသက္(၇၀)ႏွစ္ႏွင့္ အထက္ အၿငိမ္းစား ဆရာႀကီး၊ ဆရာမႀကီးမ်ားအား ပူေဇာ္ကန္ေတာ့ပြဲကို အထက(တာခ်ီလိတ္)တြင္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၅)ရက္ေန႔ နံနက္ပိုင္းက  က်င္းပသည္။

“ႏွစ္တုိင္း ကမၻာ့ဆရာမ်ားေန႔မွာ ၿမိဳ႕နယ္အတြင္းက အၿငိမ္းစား ဆရာ၊ ဆရာမႀကီးေတြကို ကန္ေတာ့တာပါ။ ဒီႏွစ္က ဆရာ၊ဆရာမ စုစုေပါင္း (၁၅)ဦး ရိွတယ္။ ႏွစ္တုိင္း ဒီေက်ာင္းနဲ႔ အထက(ဆန္ဆိုင္း)နဲ႔ အလွည့္က် က်င္းပပါတယ္။ ခန္းမရိွတဲ့ေက်ာင္းေတြမွာ က်င္းပျဖစ္တာပါ။ ကမၻာ့ဆရာမ်ားေန႔ အထိမ္းအမွတ္ စာစီစာကံုး ၿပိဳင္ပြဲေတြလည္း က်င္းပထားပါတယ္။ ဆုရေက်ာင္းသူေက်ာင္းသားေတြကိုေတာ့ ၿမိဳ႕နယ္အဆင့္ စံုညီပြဲေတာ္မွာ ဆုခ်ီးျမႇင့္သြားမွာပါ”ဟု အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)၏ ေက်ာင္းအုပ္ ဆရာႀကီး  ဦးေအးသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ပူေဇာ္ကန္ေတာ့ပြဲသို႔ ၿမိဳ႕နယ္ပညာေရးမွဴး၊ ႏွင့္ ေက်ာင္းအုပ္ႀကီးမ်ား၊ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ား တက္ေရာက္ၾကသည္။

တာခ်ီလိတ္ခရိုင္အတြင္း အေျခခံပညာေက်ာင္းေပါင္း (၁၂၀)၊ ဘုန္းေတာ္ႀကီးသင္ပညာေရး ေက်ာင္းေပါင္း(၆)ေက်ာင္းႏွင့္ ကိုယ္ပိုင္အထက္တန္းေက်ာင္း (၆)ေက်ာင္းရိွေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ အသက်(၇၀)နှစ်နှင့် အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို အထက(တာချီလိတ်)တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပသည်။

“နှစ်တိုင်း ကမ္ဘာ့ဆရာများနေ့မှာ မြို့နယ်အတွင်းက အငြိမ်းစား ဆရာ၊ ဆရာမကြီးတွေကို ကန်တော့တာပါ။ ဒီနှစ်က ဆရာ၊ဆရာမ စုစုပေါင်း (၁၅)ဦး ရှိတယ်။ နှစ်တိုင်း ဒီကျောင်းနဲ့ အထက(ဆန်ဆိုင်း)နဲ့ အလှည့်ကျ ကျင်းပပါတယ်။ ခန်းမရှိတဲ့ကျောင်းတွေမှာ ကျင်းပဖြစ်တာပါ။ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွေလည်း ကျင်းပထားပါတယ်။ ဆုရကျောင်းသူကျောင်းသားတွေကိုတော့ မြို့နယ်အဆင့် စုံညီပွဲတော်မှာ ဆုချီးမြှင့်သွားမှာပါ”ဟု အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၏ ကျောင်းအုပ် ဆရာကြီး ဦးအေးသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပူဇော်ကန်တော့ပွဲသို့ မြို့နယ်ပညာရေးမှူး၊ နှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

တာချီလိတ်ခရိုင်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၂၀)၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း(၆)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၆)ကျောင်းရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~