တာချီလိတ် - မယ်ဆိုင်ကြားရှိ ချစ်ကြည်ရေးတံတား(၁) အပါအဝင် နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးရန် ထိုင်းနယ်စပ်ကုန်သည်များအသင်းက အစိုးရထံ တောင်းဆို

တာချီလိတ် - မယ်ဆိုင်ကြားရှိ ချစ်ကြည်ရေးတံတား(၁) အပါအဝင် နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးရန် ထိုင်းနယ်စပ်ကုန်သည်များအသင်းက အစိုးရထံ တောင်းဆို
ဇူလိုင် 24, 2020
By Tachileik News Agency

တာချီလိတ် - မယ်ဆိုင်ကြားရှိ ချစ်ကြည်ရေးတံတား(၁) အပါအဝင် နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးရန် ထိုင်းနယ်စပ်ကုန်သည်များအသင်းက အစိုးရထံ တောင်းဆို

တာချီလိတ် - မယ်ဆိုင်ကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) အပါအဝင် ထိုင်းနယ်စပ်ဂိတ်များကို သြဂုတ်လနှင့် စက်တင်ဘာလများအတွင်း ပြန်လည်ဖွင့်လှစ်ပေးရန် ထိုင်းနယ်စပ်ကုန်သည်များအသင်းက ထိုင်းအစိုးရထံ တောင်းဆိုလိုက်ကြောင်း သိရသည်။

COVID 19 ကြောင့် စီးပွားရေးထိခိုက်မှုကို ကုစားနိုင်ရေးအတွက် ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကြား နယ်စပ်ဂိတ်များကိုတတိယနိုင်ငံသားများအား ဖြတ်သန်းခွင့်မပြုသေးဘဲ ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တာချီလိတ်နှင့် မယ်ဆိုင်ကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) မှ နှစ်နိုင်ငံသားများမှလွဲ၍ တတိယနိုင်ငံသားများ ဖြတ်သန်းသွားလာခြင်းကို ခွင့်မပြုခြင်းအပါအဝင် COVID 19 ကာကွယ်ရေး အကန့်အသတ်များဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရန် အဆိုပြုတင်ပြထားခြင်းကို ဆွေးနွေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဂိတ်များအားလုံးကို သြဂုတ်လနှင့် စက်တင်ဘာလများအတွင်း အဆင့်လိုက် အကန့်အသတ်များဖြင့် ပြန်လည်ဖွင့်လှစ်ပေးရန် ထိုင်းကုန်သည်များက တောင်းဆိုထားကြကြောင်း သိရသည်။

Tachileik News Agency
Source: MGR Online


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~