တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း အမျိုးသား(၃)ဦးအား စိတ်ကြွဆေးပြားများဖြင့် ဖမ်းဆီးရမိ

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း အမျိုးသား(၃)ဦးအား စိတ်ကြွဆေးပြားများဖြင့် ဖမ်းဆီးရမိ
မေ 23, 2019
By Tachileik News Agency


မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ပြည်နယ်/ခရိုင်မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ဖမ်းဆီးရေးအဖွဲ့က မူးယစ်ဆေးဝါး သတင်းအရ ၂၀၁၉ခုနှစ် မေလ(၂၂)ရက်နေ့ ညနေ(၅)နာရီကျော်က ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ဧည့်ရိပ်သာတစ်ခု၏ အ၀င်တွင် လျှို့ဝှက်၍ စောင့်နေကြစဉ် သတင်းရရှိထားသည့် အမျိုးသား (၃)ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာကြရာ ပူးပေါင်းအဖွဲ့က ဖမ်းဆီးထိန်းသိမ်းကာ ရှာဖွေမှုများ ပြုလုပ်ရာက မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ထံ ရှာဖွေမှုများ ပြုလုပ်ရာတွင် အားဗေလဆိုသူထံက Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း အပြား(၄၀,၀၀၀) နှင့် လက်ကိုင်ဖုန်း (၁)လုံး၊ ဝေချာ ဆိုသူထံက လက်ကိုင်ဖုန်း(၁)လုံး၊ ကျလော ဆိုသူထံက လက်ကိုင်ဖုန်း (၁)လုံးတို့ကို အသီးသီး ရှာဖွေတွေ့ရှိရကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ ဧည့်ရိပ်သာတစ်ခုအဝင်တွင် မူးယစ်ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့က စောင့်ဆိုင်းရာမှ အမျိုးသား(၃)ဦးအား စိတ်ကြွဆေးပြား အပြား(၄၀၀၀၀)အတူ ဖမ်းဆီးရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ပြည်နယ်/ခရိုင်မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ဖမ်းဆီးရေးအဖွဲ့က မူးယစ်ဆေးဝါး သတင်းအရ ၂၀၁၉ခုနှစ် မေလ(၂၂)ရက်နေ့ ညနေ(၅)နာရီကျော်က ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ဧည့်ရိပ်သာတစ်ခု၏ အဝင်တွင် လျှို့ဝှက်၍ စောင့်နကြေစဉ် သတင်းရရှိထားသည့် အမျိုးသား (၃)ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာကြရာ ပူးပေါင်းအဖွဲ့က ဖမ်းဆီးထိန်းသိမ်းကာ ရှာဖွေမှုများ ပြုလုပ်ရာက မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ထံ ရှာဖွေမှုများ ပြုလုပ်ရာတွင် အားဗေလဆိုသူထံက Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း အပြား(၄၀,ဝဝဝ) နှင့် လက်ကိုင်ဖုန်း (၁)လုံး၊ေဝချာ ဆိုသူထံက လက်ကိုင်ဖုန်း(၁)လုံး၊ ကျလော ဆိုသူထံက လက်ကိုင်ဖုန်း (၁)လုံးတို့ကို အသီးသီး ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့်၎င်းတို့ (၃)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ (ပ)၇၁/၂၀၁၉ မူးစိတ် ၁၉(က)/၂၁အရ အမှုဖွင့်ကာ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net