ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်နှင့် ကျိုင်းတုံတွင် စောင့်ကြည့်လူနာ (၃) ဦး ထပ်တိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်နှင့် ကျိုင်းတုံတွင် စောင့်ကြည့်လူနာ (၃) ဦး ထပ်တိုး
ဧပြီ 6, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်နှင့် ကျိုင်းတုံတွင်  စောင့်ကြည့်လူနာ (၃) ဦး   ထပ်တိုး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် မိုင်းဆတ်မြို့တွင်  COVID 19 စောင့်ကြည့်လူနာ (၃)ဦး ၂၀၂၀ ခုနှစ်၊ ဧပြီလ (၆)ရက်နေ့က ထပ်တိုးလာကြောင်း သိရသည်။

ဒီကနေ့က ကျိုင်းတုံမှာ စောင့်ကြည့်လူနာ (၁)ယောက်တိုးတယ်။ မိုင်းဆတ်ဆေးရုံမှာ (၂)ယောက်တိုးတယ်။ ဒီနေ့အတွက် ရှမ်းအရှေ့မှာ စောင့်ကြည့်လူနာသတ်မှတ်တာ အဲဒီ (၃)ယောက်ပဲ

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဆတ်ဆေးရုံတွင် အသက်(၃၆)နှစ်အရွယ် နမိုးနီးယားရောဂါအခံရှိသူ အမျိုးသမီး (၁)ဦး အသက်ရှူကြပ်ခြင်း၊ မောပန်းခြင်း စသည့် ရောဂါဝေဒနာခံစားသဖြင့်  ညနေ(၃)နာရီခွဲဝန်းကျင်က ဆေးရုံရောက်လာရာ ကိုယ်အပူချိန် (၁၀၄)ဒီဂရီ ရှိနေသဖြင့်  စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် မိုင်းဆတ်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် မျိုးဥအိမ်ကင်ဆာခွဲစိတ်ထားသည့်  အသက်(၅၈)နှစ် အရွယ်အမျိုးသမီးသည် အသက်ရှုကြပ်ခြင်းလက္ခဏာများ ပြလာသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနာနှစ်ဦး၏ ဓါတ်ခွဲနမူနာများကို ကျိုင်းတုံမြို့သို့ ပို့ဆောင်ထားပြီးဖြစ်ရာ  ဧပြီလ (၇)ရက်နေ့တွင် ကျိုင်းတုံမြို့မှ စောင့်ကြည့်လူနာ၏ ဓါတ်ခွဲနမူနာအပါအဝင် လူနာ (၃)ဦး၏ ဓါတ်ခွဲနမူနာများကို ရန်ကုန်သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း  - သန်းဇော်(မိုင်းဆတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~