တာခ်ီလိတ္ၿမိဳ႕တြင္ လမ္းမႀကီးေပၚ ကန္႔လန္႔ျဖတ္၍ သြယ္တန္းထားသည့္ အင္တာနက္ႀကိဳးေၾကာင့္ လူငယ္တစ္ဦး လည္ပင္းတြင္ ရစ္ပတ္မိၿပီး ထိခိုက္ဒဏ္ရာရ

တာခ်ီလိတ္ၿမိဳ႕တြင္ လမ္းမႀကီးေပၚ ကန္႔လန္႔ျဖတ္၍ သြယ္တန္းထားသည့္ အင္တာနက္ႀကိဳးေၾကာင့္ လူငယ္တစ္ဦး လည္ပင္းတြင္ ရစ္ပတ္မိၿပီး ထိခိုက္ဒဏ္ရာရ
သြဂုတ် 28, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕တြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၆) ရက္ေန႔ ည (၈) နာရီဝန္းက်င္က vigo ကားေနာက္ခန္းတြင္ မတ္တပ္ရပ္၍လုိက္ပါလာသည့္ ကေလးတစ္ဦးသည္ လမ္းမကိုျဖတ္သန္းထားသည့္ အင္တာနက္လိုင္းႀကိဳးေၾကာင့္ လည္ပင္းတြင္ခ်ိတ္မိၿပီး ထိခိုက္ဒဏ္ရာရသြားေၾကာင္း သိရသည္။

အဆိုပါ ဒဏ္ရာရသြားသည့္ကေလးက ၾသဂုတ္လ (၂၇)ရက္ေန႔တြင္ ရန္ေအာင္ေျမရပ္ကြက္ရံုးရိွ OSS ဝန္ေဆာင္မႈလုပ္ငန္း လုပ္ေဆာင္ေပးရာသို႔ လာေရာက္ၿပီး ဆိုင္ကယ္ယာဥ္ေမာင္းလိုင္စင္ ေလွ်ာက္ထားရင္း ဒဏ္ရာရသည့္ အေၾကာင္းရင္းကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဦးစီးဌာန တာဝန္ရိွသူထံ အေၾကာင္းၾကားျခင္း ျဖစ္ေၾကာင္း သိရသည္။

"အင္တာနက္လိုင္းသြယ္တဲ့သူေတြကိုေတာ့ ကၽြန္ေတာ္ေျပာလိုက္တာေပါ့။ ဒီကိစၥက ေသႏိုင္တယ္။ စြန္လြတ္တဲ့ႀကိဳးေတာင္ လည္ပင္းျပတ္ေသးတာ။ ဒီႀကိဳးက စတီးႀကိဳးေလ။ ေနာက္လူေတြ ဆက္ျဖစ္မွာစိုးတဲ့အတြက္ ဂရုစိုက္ေပးဖို႔ေပါ့"ဟု ဒဏ္ရာရသြားသည့္ ကေလး၏ဖခင္ျဖစ္သူ ဦးသန္းစိန္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရန္ေအာင္ေျမရပ္ကြက္အတြင္းရိွ ေနအိမ္မွ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ ေမာင္းႏွင္လာသည့္ vigo ယာဥ္၏ ေနာက္ခန္းတြင္ အသက္ (၁၆) ႏွစ္အရြယ္ စိုင္းလွျမင့္ဦးက မတ္တပ္ရပ္၍ စီးနင္းလုိက္ပါလာခ်ိန္တြင္ ပါလွ်ံမီးပိြဳင့္အနီး ပါလွ်ံ၀န္ထမ္းအိမ္ယာဘက္သို႔ လမ္းမကိုကန္႔လန္႔ျဖတ္သြယ္တန္းထားသည့္ အင္တာနက္ႀကိဳးႏွင့္ လည္ပင္းကိုရစ္ပတ္မိၿပီး ကားေပၚသို႔လဲက်သြားခဲ့သျဖင့္ ဒဏ္ရာရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားခဲ့သည့္ ေနရာသို႔ တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္ ႏွင့္   ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ တာခ်ီလိတ္ၿမဳိ႕နယ္ တာ၀န္ခံ အင္ဂ်င္နီယာ ေဒၚသန္းသန္းေဌးတို႔ သြားေရာက္ ၾကည့္ရႈစစ္ေဆးခဲ့ၿပီး အင္တာနက္လိုင္းႀကိဳးသြယ္တန္းထားသည့္ ကုမၸဏီမ်ားကို ေခၚယူေတြ႔ဆံုၿပီး အဆိုပါေနရာတြင္ အင္တာနက္ႀကိဳးသြယ္တန္းထားသူမွာ GGH_Net အင္တာနက္၀န္ေဆာင္မႈလုပ္ငန္းျဖစ္သည္ကို အတည္ျပဳခဲ့ေၾကာင္း သိရသည္။

အင္တာနက္လိုင္းႀကိဳးမ်ား သြယ္တန္းရာတြင္ သတ္မွတ္အျမင့္ေပမွ အႏၱရာယ္ကင္းစြာ သြယ္တန္းရန္ႏွင့္ အဆိုပါ အင္တာနက္လုိင္းႀကိဳးမ်ားေၾကာင့္ ထိခိုက္မႈမ်ားျဖစ္ပြားပါက သက္ဆုိင္ရာကုမၸဏီက တာဝန္ယူေျဖရွင္းေပးရန္ စည္းကမ္းခ်က္မ်ား ထုတ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

ကေလးငယ္ထိခုိက္ဒဏ္ရာရမႈႏွင့္ပတ္သက္ၿပီး အင္တာနက္ႀကိဳးသြယ္တန္းသည့္ GGH_Net ကုမၸဏီအား ကာယကံရွင္မိသားစုထံ သြားေရာက္ေတြ႔ဆံု ညိႇႏိႈင္းေစရန္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းက ေျပာၾကားသျဖင့္ သြားေရာက္ညိႇႏိႈင္းခဲ့ရာ ထိခုိက္ဒဏ္ရာရသြားသည့္ကေလး၏ မိသားစုက ေက်ေအးေပးခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - #ဟန္စိုးထိုက္
ဓါတ္ပံု - #ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့ ည (၈) နာရီဝန်းကျင်က vigo ကားနောက်ခန်းတွင် မတ်တပ်ရပ်၍လိုက်ပါလာသည့် ကလေးတစ်ဦးသည် လမ်းမကိုဖြတ်သန်းထားသည့် အင်တာနက်လိုင်းကြိုးကြောင့် လည်ပင်းတွင်ချိတ်မိပြီး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရသွားသည့်ကလေးက သြဂုတ်လ (၂၇)ရက်နေ့တွင် ရန်အောင်မြေရပ်ကွက်ရုံးရှိ OSS ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ပေးရာသို့ လာရောက်ပြီး ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် လျှောက်ထားရင်း ဒဏ်ရာရသည့် အကြောင်းရင်းကို မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူထံ အကြောင်းကြားခြင်း ဖြစ်ကြောင်း သိရသည်။

"အင်တာနက်လိုင်းသွယ်တဲ့သူတွေကိုတော့ ကျွန်တော်ပြောလိုက်တာပေါ့။ ဒီကိစ္စက သေနိုင်တယ်။ စွန်လွတ်တဲ့ကြိုးတောင် လည်ပင်းပြတ်သေးတာ။ ဒီကြိုးက စတီးကြိုးလေ။ နောက်လူတွေ ဆက်ဖြစ်မှာစိုးတဲ့အတွက် ဂရုစိုက်ပေးဖို့ပေါ့"ဟု ဒဏ်ရာရသွားသည့် ကလေး၏ဖခင်ဖြစ်သူ ဦးသန်းစိန်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ်မှ တာချီလိတ်မြို့တွင်းသို့ မောင်းနှင်လာသည့် vigo ယာဉ်၏ နောက်ခန်းတွင် အသက် (၁၆) နှစ်အရွယ် စိုင်းလှမြင့်ဦးက မတ်တပ်ရပ်၍ စီးနင်းလိုက်ပါလာချိန်တွင် ပါလျှံမီးပွိုင့်အနီး ပါလျှံဝန်ထမ်းအိမ်ယာဘက်သို့ လမ်းမကိုကန့်လန့်ဖြတ်သွယ်တန်းထားသည့် အင်တာနက်ကြိုးနှင့် လည်ပင်းကိုရစ်ပတ်မိပြီး ကားပေါ်သို့လဲကျသွားခဲ့သဖြင့် ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့သည့် နေရာသို့ တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာချီလိတ်မြို့နယ် တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးတို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး အင်တာနက်လိုင်းကြိုးသွယ်တန်းထားသည့် ကုမ္ပဏီများကို ခေါ်ယူတွေ့ဆုံပြီး အဆိုပါနေရာတွင် အင်တာနက်ကြိုးသွယ်တန်းထားသူမှာ GGH_Net အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်ကို အတည်ပြုခဲ့ကြောင်း သိရသည်။

အင်တာနက်လိုင်းကြိုးများ သွယ်တန်းရာတွင် သတ်မှတ်အမြင့်ပေမှ အန္တရာယ်ကင်းစွာ သွယ်တန်းရန်နှင့် အဆိုပါ အင်တာနက်လိုင်းကြိုးများကြောင့် ထိခိုက်မှုများဖြစ်ပွားပါက သက်ဆိုင်ရာကုမ္ပဏီက တာဝန်ယူဖြေရှင်းပေးရန် စည်းကမ်းချက်များ ထုတ်ထားပြီးဖြစ်ကြောင်း သိရသည်။

ကလေးငယ်ထိခိုက်ဒဏ်ရာရမှုနှင့်ပတ်သက်ပြီး အင်တာနက်ကြိုးသွယ်တန်းသည့် GGH_Net ကုမ္ပဏီအား ကာယကံရှင်မိသားစုထံ သွားရောက်တွေ့ဆုံ ညှိနှိုင်းစေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောကြားသဖြင့် သွားရောက်ညှိနှိုင်းခဲ့ရာ ထိခိုက်ဒဏ်ရာရသွားသည့်ကလေး၏ မိသားစုက ကျေအေးပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net