ေသြးတိုး၍ေခါင္းကိုက္သည္ကို မခံႏုိင္သည့္အမ်ိဳးသားတစ္ဦး ေပါင္းသတ္ေဆးေသာက္ၿပီး ေသေၾကာင္းႀကံမႈ တာခ်ီလိတ္တြင္ ျဖစ္ပြား

ေသြးတိုး၍ေခါင္းကိုက္သည္ကို မခံႏုိင္သည့္အမ်ိဳးသားတစ္ဦး ေပါင္းသတ္ေဆးေသာက္ၿပီး ေသေၾကာင္းႀကံမႈ တာခ်ီလိတ္တြင္ ျဖစ္ပြား
ဧပြီ 15, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းဟဲေက်းရြာအုပ္စု၊ ပါလိုင္ေက်းရြာတြင္ ေပါင္းသတ္ေဆးရည္ ေသာက္ၿပီး ေသေၾကာင္းႀကံစည္သည့္ အမ်ိဳးသားတစ္ဦးကို အမႈဖြင့္ထားေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုသို႔ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၅)ရက္ေန႔ နံနက္ (၂)နာရီခြဲဝန္းက်င္က ေပါင္းသတ္ေဆးေသာက္ထားသည့္ အမ်ိဳးသားတစ္ဦး ေရာက္လာသျဖင့္ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးရာ ပါလိုင္ေက်းရြာမွ အသက္(၅၃)ႏွစ္အရြယ္ ဦးလူးတားဆိုသူျဖစ္ၿပီး ေသြးတိုး၍ ေခါင္းကိုက္သည့္ဒဏ္ကို မခံႏုိင္သျဖင့္ ေပါင္းသတ္ေဆးေသာက္ျခင္းျဖစ္သည္ဟု စစ္ေဆးသိရိွရေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေနအိမ္တြင္ က်န္ခဲ့သည့္ ဦးလူးတားက ေပါင္းသတ္ေဆးေသာက္ေနသည္ကို ဧၿပီလ (၁၄)ရက္ေန႔ ညေန (၄)နာရီခြဲအခ်ိန္တြင္ ဘုရားေက်ာင္းမွ ျပန္လာသည့္ဇနီးျဖစ္သူက ေတြ႔ရသျဖင့္ တားဆီးႏိုင္ခဲ့ျခင္းၿပီး ေဆးကုသမႈခံယူရန္ တာခ်ီလိတ္ခရိုင္ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မိမိကိုယ္ကို ေသေၾကာင္းႀကံစည္သူ ဦးလူးတားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၁၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၉ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ပါလိုင်ကျေးရွာတွင် ပေါင်းသတ်ဆေးရည် သောက်ပြီး သေကြောင်းကြံစည်သည့် အမျိုးသားတစ်ဦးကို အမှုဖွင့်ထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့ နံနက် (၂)နာရီခွဲဝန်းကျင်က ပေါင်းသတ်ဆေးသောက်ထားသည့် အမျိုးသားတစ်ဦး ရောက်လာသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ပါလိုင်ကျေးရွာမှ အသက်(၅၃)နှစ်အရွယ် ဦးလူးတားဆိုသူဖြစ်ပြီး သွေးတိုး၍ ခေါင်းကိုက်သည့်ဒဏ်ကို မခံနိုင်သဖြင့် ပေါင်းသတ်ဆေးသောက်ခြင်းဖြစ်သည်ဟု စစ်ဆေးသိရှိရကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေအိမ်တွင် ကျန်ခဲ့သည့် ဦးလူးတားက ပေါင်းသတ်ဆေးသောက်နေသည်ကို ဧပြီလ (၁၄)ရက်နေ့ ညနေ (၄)နာရီခွဲအချိန်တွင် ဘုရားကျောင်းမှ ပြန်လာသည့်ဇနီးဖြစ်သူက တွေ့ရသဖြင့် တားဆီးနိုင်ခဲ့ခြင်းပြီး ဆေးကုသမှုခံယူရန် တာချီလိတ်ခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိမိကိုယ်ကို သေကြောင်းကြံစည်သူ ဦးလူးတားအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၁၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net