တာချီလိတ်မြို့တွင် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

တာချီလိတ်မြို့တွင် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း၌ လူငယ်တစ်ဦးကို အမည်အသိ လူတစ်ဦးမှ သေနတ်ဖြင့် လာရောက်ပစ်သတ်သွားပြီး ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်။ နေဝန်းနီဆီပန့်နောက်ဘက် ဂိုဒေါင်တွင် ရှိနေသူ အသက်(၂၆)နှစ်ရှိ မောင်ဗေယာမင် ဆိုသူအား ယနေ့ ၂၀၂၁ခုနှစ် မတ်လ(၁)ရက်နေ့ ည(၈)နာရီကျော်တွင် အမည်မသိအမျိုးသားတစ်ဦးမှ ပစ်ခတ်သွားခြင်းဖြစ်ကြောင်းသိရသည်။‌

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ ကျိုင်းတုံမြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။



အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အကြောင်းကြောင့် ဖြစ်ပွားသည် မသိရှိရသေး၍ သက်ဆိုင်ရာက စုံစမ်းနေပြီး ထွက်ပြေးလွတ်မြောက်သွားသူအား ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရှိရသည်။

 Tachileik News Agency