ကျိုင်းတုံမြို့နယ်တွင် ပိတ်ဆို့စစ်ဆေးမှုအတွင်း အမျိုးသားနှစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြားအတူ ဖမ်းမိ

ကျိုင်းတုံမြို့နယ်တွင် ပိတ်ဆို့စစ်ဆေးမှုအတွင်း အမျိုးသားနှစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြားအတူ ဖမ်းမိ
ဇှနျ 11, 2019
By Tachileik News Agency


ကျိုင်းတုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ယန်းလောကျေးရွာအုပ်စု၊ ယန်းလောကျေးရွာနှင့် ကတ်ထိုက်ကျေးရွာအုပ်စုသွား လမ်းဆုံအနီးတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ နံနက် (၅)နာရီခွဲ ဝန်းကျင်က ပိတ်ဆို့စစ်ဆေးရာ ကတ်ထိုက်ကျေးရွာဘက်မှ ယန်းလောကျေးရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အိုက်ကုန်းနှင့် အိုက်ကွမ်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၇)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။


ဓါတ်ပုံ - KHS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာနှင့် ကတ်ထိုက်ကျေးရွာသွားလမ်းဆုံတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးရာ အမျိုးသား(၂)ဦးကို စိတ်ကြွရူးသွပ်ဆေးပြား (၁၇)ပြားနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

ကျိုင်းတုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ယန်းလောကျေးရွာအုပ်စု၊ ယန်းလောကျေးရွာနှင့် ကတ်ထိုက်ကျေးရွာအုပ်စုသွား လမ်းဆုံအနီးတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ နံနက် (၅)နာရီခွဲ ဝန်းကျင်က ပိတ်ဆို့စစ်ဆေးရာ ကတ်ထိုက်ကျေးရွာဘက်မှ ယန်းလောကျေးရွာဘက်သို့ ဆို်င်ကယ်မောင်းနှင်လာသည့် အိုက်ကုန်းနှင့် အိုက်ကွမ်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၇)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်ကုန်းနှင့် အိုက်ကွမ်းတို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၃၉/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(၈)/၂၁ အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net