တာခ်ီလိတ္၌ ျမန္မာဘက္ စစ္ေဆးမႈမရွိသည့္ ခ်စ္ၾကည္ေရးတံတား(၁)ကို လြန္၍ မယ္ဆိုင္အ၀င္တြင္ ျမန္မာအမ်ဳိးသမီး ႏွစ္ဦးထံက မူးယစ္ေဆး၀ါးမ်ားကို ထိုင္းဘက္က ဖမ္းဆီးရမိ

တာခ်ီလိတ္၌ ျမန္မာဘက္ စစ္ေဆးမႈမရွိသည့္ ခ်စ္ၾကည္ေရးတံတား(၁)ကို လြန္၍ မယ္ဆိုင္အ၀င္တြင္ ျမန္မာအမ်ဳိးသမီး ႏွစ္ဦးထံက မူးယစ္ေဆး၀ါးမ်ားကို ထိုင္းဘက္က ဖမ္းဆီးရမိ
သြဂုတ် 27, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရွိ  ခ်စ္ၾကည္ေရး အမွတ္(၁)တံတားမွ တဆင့္ တာခ်ီလိတ္ကို လြန္ကာ မယ္ဆိုင္ဘက္သို႔ အသြားတြင္ မယ္ဆိုင္ဘက္ရွိ စစ္ေဆးေရးဂိတ္၌ လ၀က ႏွင့္ အေကာက္ခြန္ ၀န္ထမ္းမ်ားမွ စစ္ေဆးမႈမ်ား ျပဳလုပ္ရာက ျမန္မာႏုိင္ငံသား အမ်ဳိးသမီးႏွစ္ဦးထံက မူးယစ္ေဆး၀ါးမ်ား ရွာေဖြေတြ႔ရွိ သိ္မ္းဆည္းရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးအမွတ္(၁)တံတားမွတဆင့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၇)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ညေန(၄)နာရီ၀န္းက်င္က အသက္ (၂၂)ႏွစ္အရြယ္ နန္းႏြမ္းေအာင္ႏွင့္ အသက္ (၃၃)ႏွစ္အရြယ္ နန္းႏြန္းမိုတို႔ ႏွစ္ဦးသည္ သံုးဘီးဆုိင္ကယ္ျဖင့္ မယ္ဆိုင္သို႔ ၀င္ေရာက္လာစဥ္ မယ္ဆိုင္ဘက္ စစ္ေဆးေရးအဖြဲ႔က ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရာက  မုန္႔ထုတ္၊ မုန္႔ဗူးမ်ားအတြင္း ထည့္သြင္းသယ္ေဆာင္လာသည့္ 999 အမွတ္တံဆိပ္ပါသည့္ စိတ္ၾကြေဆးျပား စုစုေပါင္း (၄၀,၀၀၀)ႏွင့္ အုိက္စ္ (၂)ကီလိုဂရမ္တို႔ကို စစ္ေဆးေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ ျမန္မာအမ်ဳိးသမီးႏွစ္ဦးႏွင့္အတူ မူးယစ္ေဆး၀ါးမ်ားအား မယ္ဆိုင္ရဲစခန္းသို႔ ပို႔ေဆာင္ထားရွိၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္ရန္အတြက္ ဆက္လက္စံုစမ္း စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

"တာခ်ီလိတ္ဘက္မွာေတာ့ စစ္ေဆးတာေတြေတာ့မရွိဘူး ဟိုးအရင္တုန္းကေတာ့ နည္းနည္းပါးပါး စစ္တာေတြ လုပ္ေပမဲ့ အခုေတာ့ အေတာ္ၾကာၿပီး စစ္ေဆးမႈေတြမလုပ္တာ၊ မယ္ဆိုင္ဘက္မွာေတာ့ ေန႔စဥ္လိုလို စစ္တယ္၊ တခါတေလ ရွာေဖြေရးေခြးေတြနဲ႔ေတာင္ စစ္ေသးတယ္"ဟု မယ္ဆုိင္ဘက္တြင္ ေန႔စဥ္ ေစ်းသြားေရာက္သူ ျမန္မာအမ်ဳိးသားတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ရွိ ခ်စ္ၾကည္ေရး အမွတ္(၁)တံတားတြင္ ျမန္မာဘက္က ၀င္ထြက္သြားလာသူမ်ားကို စစ္ေဆးမႈမ်ား ျပဳလုပ္ျခင္း မရွိေသာ္လည္း တာခ်ီလိတ္မွ လာသူမ်ားကို ထိုင္းႏိုင္ငံ မယ္ဆိုင္အ၀င္ စစ္ေဆးေရးဂိတ္တြင္   စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး မသကၤာသူမ်ား၏ အထုတ္မ်ား ပစၥည္းမ်ားအား X Ray စက္မ်ား အသံုးျပဳ၍ စစ္ေဆးမႈမ်ား ျပဳလုပ္ရာက တာခ်ီလိတ္ကိုလြန္၍ မယ္ဆိုင္ဘက္တြင္ မူးယစ္ေဆး၀ါးမ်ားအား မၾကာခဏ ဖမ္းဆီးရမိမႈမ်ား ရွိေၾကာင္း ႏွင့္ မူးယစ္ေဆး၀ါးမ်ား သယ္ေဆာင္လာသူမ်ားမွာ ျမန္မာႏုိင္ငံသားမ်ား ႏွင့္ ထိုင္းႏုိင္ငံသားမ်ား အမ်ားအျပား ပါ၀င္ေၾကာင္း သိရွိရသည္။

Tachileik News Agency
Photo: แม่สายเออีซี - สื่อสร้างสรรค์



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် တာချီလိတ်ကို လွန်ကာ မယ်ဆိုင်ဘက်သို့ အသွားတွင် မယ်ဆိုင်ဘက်ရှိ စစ်ဆေးရေးဂိတ်၌ လဝက နှင့် အကောက်ခွန် ဝန်ထမ်းများမှ စစ်ဆေးမှုများ ပြုလုပ်ရာက မြန်မာနိုင်ငံသား အမျိုးသမီးနှစ်ဦးထံက မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ သိ်မ်းဆည်းရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ချစ်ကြည်ရေးအမှတ်(၁)တံတားမှတဆင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့ မြန်မာစံတော်ချိန် ညနေ(၄)နာရီဝန်းကျင်က အသက် (၂၂)နှစ်အရွယ် နန်းနွမ်းအောင်နှင့် အသက် (၃၃)နှစ်အရွယ် နန်းနွန်းမိုတို့ နှစ်ဦးသည် သုံးဘီးဆိုင်ကယ်ဖြင့် မယ်ဆိုင်သို့ ဝင်ရောက်လာစဉ် မယ်ဆိုင်ဘက် စစ်ဆေးရေးအဖွဲ့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာက မုန့်ထုတ်၊ မုန့်ဗူးများအတွင်း ထည့်သွင်းသယ်ဆောင်လာသည့် 999 အမှတ်တံဆိပ်ပါသည့် စိတ်ကြွဆေးပြား စုစုပေါင်း (၄၀,ဝဝဝ)နှင့် အိုက်စ် (၂)ကီလိုဂရမ်တို့ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မြန်မာအမျိုးသမီးနှစ်ဦးနှင့်အတူ မူးယစ်ဆေးဝါးများအား မယ်ဆိုင်ရဲစခန်းသို့ ပို့ဆောင်ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်ရန်အတွက် ဆက်လက်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

"တာချီလိတ်ဘက်မှာတော့ စစ်ဆေးတာတွေတော့မရှိဘူး ဟိုးအရင်တုန်းကတော့ နည်းနည်းပါးပါး စစ်တာတွေ လုပ်ပေမဲ့ အခုတော့ အတော်ကြာပြီး စစ်ဆေးမှုတွေမလုပ်တာ၊ မယ်ဆိုင်ဘက်မှာတော့ နေ့စဉ်လိုလို စစ်တယ်၊ တခါတလေ ရှာဖွေရေးခွေးတွေနဲ့တောင် စစ်သေးတယ်"ဟု မယ်ဆိုင်ဘက်တွင် နေ့စဉ် ဈေးသွားရောက်သူ မြန်မာအမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် မြန်မာဘက်က ဝင်ထွက်သွားလာသူများကို စစ်ဆေးမှုများ ပြုလုပ်ခြင်း မရှိသော်လည်း တာချီလိတ်မှ လာသူများကို ထိုင်းနိုင်ငံ မယ်ဆိုင်အဝင် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများ ပြုလုပ်ပြီး မသင်္ကာသူများ၏ အထုတ်များ ပစ္စည်းများအား X Ray စက်များ အသုံးပြု၍ စစ်ဆေးမှုများ ပြုလုပ်ရာက တာချီလိတ်ကိုလွန်၍ မယ်ဆိုင်ဘက်တွင် မူးယစ်ဆေးဝါးများအား မကြာခဏ ဖမ်းဆီးရမိမှုများ ရှိကြောင်း နှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများမှာ မြန်မာနိုင်ငံသားများ နှင့် ထိုင်းနိုင်ငံသားများ အများအပြား ပါဝင်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net