ကျောက်မဲမြို့နယ်အတွင်း အမျိုးသားတစ်ဦး မစင်တွင်းထဲ ပြုတ်ကျ သေဆုံး

  Photo: နမ့်ခုံး ရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲ 
  Photo: နမ့်ခုံး ရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲ 
ကျောက်မဲမြို့နယ်အတွင်း အမျိုးသားတစ်ဦး မစင်တွင်းထဲ ပြုတ်ကျ သေဆုံး

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း၊ ခိုမုန်းကျေးရွာအုပ်စု၊ ကောင်းအက်ရွာတွင် အမျိုးသားတစ်ဦး မစင်တွင်းထဲ ပြုတ်ကျပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့တွင် ဖြစ်ပွားခြင်းဖြစ်ပြီး မစင်းတွင်းထဲကျနေသည့် ရုပ်အလောင်းကို နမ့်ခုံး ရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲ က ကူညီ ဆယ်ယူခဲ့ကြကြောင်း သိရသည်။

မစင်တွင်းထဲမှ ဆယ်ယူခဲ့သည့် ရုပ်အလောင်းအား အေးချမ်းသာသုသာန်သို့ ယနေ့ နေ့လည်ပိုင်းမှာပင် သယ်ယူ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မစင်တွင်းထဲသို့ မည်သို့ ပြုတ်ကျသွားသည်ကိုတော့ မသိရပေ။