အဝတ်အစားဟောင်းများကို လိုအပ်သူများထံ ပြန်လည်လှူဒါန်းမည့် သီပေါမြို့မှ နန်းဆိုင်လူထံသို့ တာချီလိတ်မှ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် တာချီလိတ်မြို့ရှိ PST ရေဆေးခုံတွင် ဧပြီလ (၂၂)ရက်နေ့အထိ လက်ခံပေးနေ

အဝတ်အစားဟောင်းများကို လိုအပ်သူများထံ ပြန်လည်လှူဒါန်းမည့် သီပေါမြို့မှ နန်းဆိုင်လူထံသို့ တာချီလိတ်မှ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် တာချီလိတ်မြို့ရှိ PST ရေဆေးခုံတွင် ဧပြီလ (၂၂)ရက်နေ့အထိ လက်ခံပေးနေ
ဧပွီ 8, 2019
By Tachileik News Agency



တာချီလိတ်မြို့တွင်းမှ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် တာချီလိတ်မြို့ ချစ်ကြည်ရေးဆီပန့်အနီးရှိ PST ကား/ဆိုင်ကယ်ရေဆေးခုံသို့ လာရောက်ပို့ဆောင်နိုင်ကြောင်း နှင့် ဖုန်း 09250840094 သို့လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

သီပေါမြို့မှ အသက် (၁၅)နှစ်အရွယ် နန်းဆိုင်လူက အများပြည်သူထံမှ အသုံးမလိုတော့သည့် အဝတ်အစားဟောင်းများ လှူဒါန်းမှုကို လက်ခံယူကာ ပြန်လည်သန့်စင်ပြုပြင်ပြီး လိုအပ်နေသူများအား လှူဒါန်းမည့်အစီအစဉ်ကို လုပ်ဆောင်နေရာ လှူဒါန်းလိုသူများအနေဖြင့် နန်းဆိုင်လူ၊ သီပေါပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်သို့ လိပ်မူ၍ သီပေါသို့ပြေးဆွဲသည့် မော်တော်ယာဉ်လိုင်းများဖြင့် ပေးပို့လှူဒါန်းနိုင်ပြီး ဆက်သွယ်မေးမြန်းလိုသူများအနေဖြင့် မယုဇန ဖုန်း ၀၉ ၇၉၃၀၃၃၁၆၀ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
အဝတ်အစားဟောင်းများအား လှူဒါန်းလိုသူများအနေဖြင့် တန်ဆာခပေးရန်အခက်အခဲရှိပါက နန်းဆိုင်လူက ၎င်း၏စက်ချုပ်သည့်လုပ်အားခကို တန်ဆာခပေးရန်အသုံးပြုမည်ဖြစ်ပြီး လက်ခံရရှိသည့် အဝတ်အစားဟောင်းများအား ပြန်လည်ပြင်ဆင်ချုပ်လုပ်ရန်၊ လျှော်ဖွပ်မီးပူတိုက်ရန်အတွက် နန်းဆိုင်လူက လုပ်အားဒါနအဖြစ် လုပ်ဆောင်မည်ဖြစ်သည်။




လက်ရှိတွင် စက်ချုပ်ပညာသင်ယူတတ်မြောက်လာသည့် နန်းဆိုင်လူက အဝတ်အစားဟောင်းများအား ပြန်လည်ပြုပြင်ပြီး လိုအပ်သူများထံ လှူဒါန်းမည့်အစီအစဉ်ကို စတင်နေရာ အဆိုပါအစီအစဉ်အောင်မြင်စွာ လုပ်ဆောင်နိုင်ရေးအတွက် သီပေါပြည်သူ့ဆေးရုံမှ လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှ နန်းဆိုင်လူ၏ အများပြည်သူထံမှ အဝတ်အစားဟောင်းများအား လိုအပ်နေသူများထံ လှူဒါန်းမည့်အစီအစဉ်သို့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ ပေးပို့ လှူဒါန်းလိုသူများရှိပါက တာချီလိတ်ရှိ PST ရေဆေးခုံကတစ်ဆင့် လက်ခံပေးပြီး သီပေါမြို့သို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

PST ရေဆေးခုံက အဆိုပါ အစီအစဉ်သို့ အဝတ်အထည်များပေးပို့လှူဒါန်းရန်စီစဉ်နေရာ တာချီလိတ်မြို့မှ လှူဒါန်းလိုသူများရှိပါက ပို့ဆောင်ရန် အခက်အခဲ မရှိစေရေးအတွက် ၂၀၁၉ ခုနှစ် ဧပြီလ(၂၂)ရက်နေ့အထိ လက်ခံပေးပြီး အဝတ်အစားထုပ်များအား သီပေါမြို့အထိ၎င်းတို့မှ ပို့ဆောင်ခ အကုန်အကျခံကာ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်းမှ ပါဝင်လှူဒါန်းလိုသူများအနဖြေင့် တာချီလိတ်မြို့ ချစ်ကြည်ရေးဆီပန့်အနီးရှိ PST ကား/ဆိုင်ကယ်ရေဆေးခုံသို့ လာရောက်ပို့ဆောင်နိုင်ကြောင်း နှင့် ဖုန်း 09250840094 သို့လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

သီပေါမြို့မှ အသက် (၁၅)နှစ်အရွယ် နန်းဆိုင်လူက အများပြည်သူထံမှ အသုံးမလိုတော့သည့် အဝတ်အစားဟောင်းများ လှူဒါန်းမှုကို လက်ခံယူကာ ပြန်လည်သန့်စင်ပြုပြင်ပြီး လိုအပ်နေသူများအား လှူဒါန်းမည့်အစီအစဉ်ကို လုပ်ဆောင်နေရာ လှူဒါန်းလိုသူများအနဖြေင့် နန်းဆိုင်လူ၊ သီပေါပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်သို့ လိပ်မူ၍ သီပေါသို့ပြေးဆွဲသည့် မော်တော်ယာဉ်လိုင်းများဖြင့် ပေးပို့လှူဒါန်းနိုင်ပြီး ဆက်သွယ်မေးမြန်းလိုသူများအနဖြေင့် မယုဇန ဖုန်း ဝ၉ ၇၉၃၀၃၃၁၆၀ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အဝတ်အစားဟောင်းများအား လှူဒါန်းလိုသူများအနဖြေင့် တန်ဆာခပေးရန်အခက်အခဲရှိပါက နန်းဆိုင်လူက၎င်း၏စက်ချုပ်သည့်လုပ်အားခကို တန်ဆာခပေးရန်အသုံးပြုမည်ဖြစ်ပြီး လက်ခံရရှိသည့် အဝတ်အစားဟောင်းများအား ပြန်လည်ပြင်ဆင်ချုပ်လုပ်ရန်၊ လျှော်ဖွပ်မီးပူတိုက်ရန်အတွက် နန်းဆိုင်လူက လုပ်အားဒါနအဖြစ် လုပ်ဆောင်မည်ဖြစ်သည်။

အဆိုပါ ပြန်လည်ပြင်ဆင်သန့်စင်ထားသည့် အဝတ်အစားများအား စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံတက်လူနာများမှ လိုအပ်သူများရှိပါက တစ်ဦးတစ်ယောက်ဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ပြန်လည်ပေးလှူသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းဆိုင်လူသည် အသက် (၁၁)အရွယ်မှစ၍ ဟော်မုန်းသက်ရောက်မှုကြောင့် ရင်သားအဆမတန်ကြီးမားသည့်ဝေဒနာကို ခံစားခဲ့ရပြီး အသက် (၁၃)နှစ်အရွယ်ထိ ကုသမှုခံယူနိုင်ခြင်းမရှိဘဲဖြစ်နေရာ ခွဲစိတ်ကုသမှုခံယူနိုင်ရေးအတွက် သီပေါပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့တွင် အစိုးရ၏ပံ့ပိုးမှုဖြင့် (၇) နာရီနီးပါးကြာမြင့်သည့် ခွဲစိတ်ကုသမှုကို သီပေါပြည်သူ့ဆေးရုံတွင် အောင်မြင်စွာလုပ်ဆောင်ခဲ့ပြီးနောက် ပြန်လည်ကျန်းမာလာသည့် နန်းဆိုင်လူအား သက်မွေးဝမ်းကြောင်းအတွက် စက်ချုပ်ပညာသင်ကြားနိုင်ရန် သီပေါပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက ကူညီပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စက်ချုပ်ပညာသင်ယူတတ်မြောက်လာသည့် နန်းဆိုင်လူက အဝတ်အစားဟောင်းများအား ပြန်လည်ပြုပြင်ပြီး လိုအပ်သူများထံ လှူဒါန်းမည့်အစီအစဉ်ကို စတင်နေရာ အဆိုပါအစီအစဉ်အောင်မြင်စွာ လုပ်ဆောင်နိုင်ရေးအတွက် သီပေါပြည်သူ့ဆေးရုံမှ လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net