သီပေါမြို့နယ်အတွင်း ကလေးငယ်ကို ခိုးယူအဓမ္မပြုကျင့်ကာ သတ်ပစ်ခဲ့သည့် အမျိုးသားအား SSPP/SSA က သေဒဏ်ချမှတ်

သီပေါမြို့နယ်အတွင်း ကလေးငယ်ကို ခိုးယူအဓမ္မပြုကျင့်ကာ သတ်ပစ်ခဲ့သည့် အမျိုးသားအား SSPP/SSA က သေဒဏ်ချမှတ်
ဒီဇင်ဘာ 23, 2020
By Tachileik News Agency
သီပေါမြို့နယ်အတွင်း ကလေးငယ်ကို ခိုးယူအဓမ္မပြုကျင့်ကာ သတ်ပစ်ခဲ့သည့် အမျိုးသားအား SSPP/SSA က သေဒဏ်ချမှတ်
ရှမ်းပြည်နယ် ( မြောက်ပိုင်း ) သီပေါမြို့နယ်၊ ဝမ်နွတ်ကျေးရွာတွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ( ၉ ) ရက်နေ့က ဖြစ်ပွားခဲ့သော အသက် ( ၆ )နှစ်အရွယ် ကလေးတစ်ဦးကို ခိုးယူ၊ အဓမ္မပြုကျင့်၊ သတ်ပစ်ခဲ့သည့်အမှုကို ကျူးလွန်သည့်အမျိုးသားအား သေဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်း SSPP/SSA က ဒီဇင်ဘာလ (၂၂)ရက်နေ့၌ သတင်းထုတ်ပြန်သည်။
“သူက အသက် (၃၀) ရှိပြီ။ အဲဒီနစ်နာသူ ကလေးက အသက် (၆) နှစ်ပဲရှိသေးတယ်။ ဘာလို့ သေဒဏ်ထိ အမြင့်ဆုံး ဗဟိုတရားရုံးက ချမှတ်ရတာလဲဆိုတော့ ဒါက မုဒိမ်းမှုသက်သက်မဟုတ်ဘူး။ အဲဒီကလေးကို ရွာထဲကနေ ခိုးလာတာရယ်၊ အရွယ်မရောက်သေးသူကို အဲဒီလိုကျူးလွန်တာရယ်၊ နောက်ဆုံး ရက်ရက်စက်စက် သတ်ဖြတ်ပြီး လွှင့်ပစ်ခဲ့တာဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းအရ တရားရုံးကဆုံးဖြတ်ရာမှာ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ် အမိန့်ကျတာဖြစ်တယ်။” ဟု ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဗဟိုတရားရုံးမှ ဥပဒေအရာရှိ စိုင်းအူဟိန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ပြောသည်။
သီပေါမြို့နယ်၊ ဝမ်နောင်ကျေးရွာအုပ်စု၊ ဝမ်နွတ်ကျေးရွာမှ အသက် (၆)နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ နေအိမ်မှခေါ်ဆောင်သွားပြီး ရွာအနီးတောစပ်ခြုံထဲတွင် မတော်မတရားပြုကျင့်ခံရကာ  လျှိုမြောင်အတွင်း သေဆုံးနေသည်ကိုတွေ့ရသဖြင့် အဆိုပါအမှုအား ကျူးလွန်သူကို SSPP/SSA က ရှာဖွေဖမ်းဆီးရာ အသက် (၃၀) အရွယ် အိုက်စော့ဆိုသူက ကျူးလွန်ခြင်းဖြစ်သည်ကို ဖေါ်ထုတ်တွေ့ရခြင်းဖြစ်သည်ဟု သိရသည်။
ထိုကဲ့သို့ အမြင့်ဆုံးအပြစ်ဒဏ်ဖြင့် သေဒဏ်ချမှတ်ခဲ့သည့်ဖြစ်စဉ် ယခင်က တစ်ခုရှိခဲ့သော်လည်း အများပြည်သူ မသိရှိခဲ့ကြသည့်အတွက် ယခုဖြစ်စဉ်ကို ပွင့်လင်းမြင်သာစွာ တရားစီရင်ဆုံးဖြတ်ခဲ့ပြီး အများပြည်သူ သိရှိရန် ကြေညာပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~