(၁၇) ႀကိမ္ေျမာက္ ျမန္မာ - တရုတ္ နယ္စပ္ကုန္သြယ္ေရး ကုန္စည္ျပပြဲ မူဆယ္ၿမိဳ႕တြင္ စတင္ က်င္းပေန

(၁၇) ႀကိမ္ေျမာက္ ျမန္မာ - တရုတ္ နယ္စပ္ကုန္သြယ္ေရး ကုန္စည္ျပပြဲ မူဆယ္ၿမိဳ႕တြင္ စတင္ က်င္းပေန
ဒီဇင်ဘာ 12, 2018
By Tachileik News Agency

(၁၇) ႀကိမ္ေျမာက္ ျမန္မာ - တရုတ္ နယ္စပ္ကုန္သြယ္ေရးကုန္စည္ျပပြဲကို ျမန္မာ - တရုတ္နယ္စပ္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕ရိွ မူဆယ္ဗဟိုစီးပြားေရးဇုန္ (မဂၤလာမူဆယ္ေစ်း)တြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၂)ရက္ေန႔ နံနက္(၉)နာရီက စတင္ ဖြင့္လွစ္လုိက္ရာ ႏွစ္ႏုိင္ငံတာဝန္ရိွသူမ်ားႏွင့္ ေဒသခံ စုစုေပါင္း အင္အား (၂,၀၀၀)ခန္႔ တက္ေရာက္ၾကေၾကာင္း သိရသည္။

ဖြင့္ပြဲ အခမ္းအနားကို စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေအာင္ထူး ဦးစီးသည့္ ျမန္မာကိုယ္စားလွယ္ (၈)ဦးႏွင့္ တရုတ္ႏုိင္ငံ တယ္ဟုန္ျပည္နယ္ခြဲအုပ္ခ်ဳပ္ေရးမွဴး မစၥတာ ေဝကမ္း ဦးေဆာင္သည့္ ကိုယ္စားလွယ္ (၈)ဦးတို႔က နံနက္ (၉)နာရီတြင္ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးလုိက္ျခင္းျဖစ္သည္။

အဆိုပါ ျပပြဲကို မူဆယ္ဗဟိုစီးပြားေရးဇုန္ (မဂၤလာမူဆယ္ေစ်း)တြင္ ျပခန္းေပါင္း (၄၀၀) ခန္႔ျဖင့္ ျမန္မာႏွင့္ တရုတ္မွ ကုန္စည္ျပခန္းေပါင္း (၄၀၀)ခန္႔ ျပသေနျခင္းျဖစ္ၿပီး ဒီဇင္ဘာလ (၁၆)ရက္ေန႔အထိ ျပသမည္ျဖစ္သည္။

ျမန္မာႏွင့္ တရုတ္အစိုးရၾကား ၁၉၉၇ ခုႏွစ္က ခ်ဳပ္ဆိုခဲ့သည့္ ျမန္မာ - တရုတ္နယ္စပ္ေဒသမ်ား စီမံခန္႔ခြဲေရးႏွင့္ ပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ သေဘာတူညီမႈစာခ်ဳပ္အရ နယ္စပ္ကုန္စည္ျပပြဲကို ႏွစ္ႏုိင္ငံ အလွည့္က် က်င္းပလာျခင္းျဖစ္သည္။

ျမန္မာႏွင့္တရုတ္ ႏွစ္စဥ္ အလွည့္က် က်င္းပေနသည့္ အဆိုပါ ကုန္စည္ျပပြဲသို႔ ျမန္မာႏိုင္ငံမွ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေအာင္ထူး၊ တုိင္းရင္းသားေရးရာဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးလွေမာ္ဦး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕  ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးညြန္႔လြင္၊ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ စီမံ/ဘ႑ာဝန္ႀကီး ဦးေဝလင္း၊ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဥကၠဌ ဦးေက်ာ္ဝင္း (ခ) ဦးအုိက္မိန္း၊ ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဥကၠဌ ဦးေက်ာက္တယ္ခ်မ္း၊ ျမန္မာႏုိင္ငံ ဗဟိုဘဏ္ ဒုဥကၠဌ (၃) ဦးဘိုဘိုငယ္၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးရန္ႏုိင္ထြန္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္၊ ဒုျပည္နယ္ရဲမွဴး (လားရိႈး) ရဲမွဴးႀကီး ဝင္းႏိုင္၊ မူဆယ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးလိႈင္စိုးသန္႔ႏွင့္ မူဆယ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး မ်ိဳးညြန္႔တို႔ တက္ေရာက္ၾကသည္။

တရုတ္ႏုိင္ငံကိုယ္စားလွယ္အဖြဲ႕တြင္ တယ္ဟုန္ျပည္နယ္ခြဲအုပ္ခ်ဳပ္ေရးမွဴး မစၥတာ ေဝကမ္းဦးေဆာင္သည့္ တယ္ဟုန္ျပည္နယ္ Ins Pector မစၥဟြန္ဆန္း၊ တယ္ဟုန္ျပည္နယ္ခြဲမွ ပါတီဒုအတြင္းေရးမွဴး မစၥတာ ဖူေရွာက္ခ်ိန္၊ ေရႊလီၿမိဳ႕ ပါတီ အေထြေထြအတြင္းေရးမွဴး မစၥတာ ကုန္းရင္ကၽြင္း၊ ယူနန္ျပည္နယ္ စီးပြား/ကုူးသန္း ဘ႑ာေရးႏွင့္ ရသံုးမွန္းေျခဌာနမွဴး မစၥတာ ဖုန္က်ိန္၊ ယူနန္ျပည္နယ္ စီးပြား/ကူးသန္း ျပည္ပဆက္ဆံေရးႏွင့္ အျပည္ျပည္ဆုိင္ရာစီးပြားေရးဌာနမွဴး မစၥတာ လ်ဴရႊင္ခြင္း၊ ယူနန္ျပည္နယ္ စီးပြား/ကူးသန္း ဖြံ႕ၿဖိဳးတိုးတက္ေရးဌာနမွဴး မစၥတာ ယင္က်ယ္က်န္း၊ ေရႊလီၿမိဳ႕ေတာ္ဝန္ မစၥတာ ရယ္တာဖုန္႔၊ စီးပြား/ကူးသန္း ဝင္/ထြက္စခန္း စီမံခန္႔ခြဲေရးႏွင့္ ဖြံ႕ၿဖိဳးေရး ဒုတိယဌာနမွဴး မစၥတာ ေက်ာက္ရံုးခ်ီး၊ ယူနန္ျပည္နယ္ စီးပြား/ကူးသန္း အာဆီယံဆုိင္ရာ ကုန္သြယ္မႈဌာန၊ ဒုတိယဌာနမွဴး မစၥတာ ေက်ာက္မင္ရွန္း၊ အန္းလင္း ဒုၿမိဳ႕ေတာ္ဝန္ မစၥ နီဟုန္၊ လင္းခ်ိန္းၿမိဳ႕ ဒုၿမိဳ႕ေတာ္ဝန္ မစၥတာ လ်ဴက်ီဟြ၊ တယ္ဟုန္ျပည္နယ္ခြဲ ဝန္ထမ္းေရးရာဌာနမွဴး၊ ဒုပါတီအတြင္းေရးမွဴး မစၥတာ ဖူေရွာက္ခ်ိန္တို႔ တက္ေရာက္ၾကသည္။

Tachileik News Agency
ဓါတ္ပံု - Khin Mg Lwin


~~~~~~~~⊰❂ unicode ~~~~~~~~

(၁၇) ကြိမ်မြောက် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို မြန်မာ - တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မူဆယ်ဗဟိုစီးပွားရေးဇုန် (မင်္ဂလာမူဆယ်ဈေး)တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့ နံနက်(၉)နာရီက စတင် ဖွင့်လှစ်လိုက်ရာ နှစ်နိုင်ငံတာဝန်ရှိသူများနှင့် ဒေသခံ စုစုပေါင်း အင်အား (၂,ဝဝဝ)ခန့် တက်ရောက်ကြကြောင်း သိရသည်။

ဖွင့်ပွဲ အခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူး ဦးစီးသည့် မြန်မာကိုယ်စားလှယ် (၈)ဦးနှင့် တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲအုပ်ချုပ်ရေးမှူး မစ္စတာ ဝေကမ်း ဦးဆောင်သည့် ကိုယ်စားလှယ် (၈)ဦးတို့က နံနက် (၉)နာရီတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်သည်။

အဆိုပါ ပြပွဲကို မူဆယ်ဗဟိုစီးပွားရေးဇုန် (မင်္ဂလာမူဆယ်ဈေး)တွင် ပြခန်းပေါင်း (၄၀၀) ခန့်ဖြင့် မြန်မာနှင့် တရုတ်မှ ကုန်စည်ပြခန်းပေါင်း (၄၀၀)ခန့် ပြသနခြေင်းဖြစ်ပြီး ဒီဇင်ဘာလ (၁၆)ရက်နေ့အထိ ပြသမည်ဖြစ်သည်။

မြန်မာနှင့် တရုတ်အစိုးရကြား ၁၉၉၇ ခုနှစ်က ချုပ်ဆိုခဲ့သည့် မြန်မာ - တရုတ်နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုစာချုပ်အရ နယ်စပ်ကုန်စည်ပြပွဲကို နှစ်နိုင်ငံ အလှည့်ကျ ကျင်းပလာခြင်းဖြစ်သည်။

မြန်မာနှင့်တရုတ် နှစ်စဉ် အလှည့်ကျ ကျင်းပနေသည့် အဆိုပါ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှမော်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဝေလင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးကျော်ဝင်း (ခ) ဦးအိုက်မိန်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးကျောက်တယ်ချမ်း၊ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဌ (၃) ဦးဘိုဘိုငယ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ဒုပြည်နယ်ရဲမှူး (လားရှိုး) ရဲမှူးကြီး ဝင်းနိုင်၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်နှင့် မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးညွန့်တို့ တက်ရောက်ကြသည်။

တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွင် တယ်ဟုန်ပြည်နယ်ခွဲအုပ်ချုပ်ရေးမှူး မစ္စတာ ဝေကမ်းဦးဆောင်သည့် တယ်ဟုန်ပြည်နယ် Ins Pector မစ္စဟွန်ဆန်း၊ တယ်ဟုန်ပြည်နယ်ခွဲမှ ပါတီဒုအတွင်းရေးမှူး မစ္စတာ ဖူရှောက်ချိန်၊ ရွှေလီမြို့ ပါတီ အထွေထွေအတွင်းရေးမှူး မစ္စတာ ကုန်းရင်ကျွင်း၊ ယူနန်ပြည်နယ် စီးပွား/ကုူးသန်း ဘဏ္ဍာရေးနှင့် ရသုံးမှန်းခြေဌာနမှူး မစ္စတာ ဖုန်ကျိန်၊ ယူနန်ပြည်နယ် စီးပွား/ကူးသန်း ပြည်ပဆက်ဆံရေးနှင့် အပြည်ပြည်ဆိုင်ရာစီးပွားရေးဌာနမှူး မစ္စတာ လျူရွှင်ခွင်း၊ ယူနန်ပြည်နယ် စီးပွား/ကူးသန်း ဖွံ့ဖြိုးတိုးတက်ရေးဌာနမှူး မစ္စတာ ယင်ကျယ်ကျန်း၊ ရွှေလီမြို့တော်ဝန် မစ္စတာ ရယ်တာဖုန့်၊ စီးပွား/ကူးသန်း ဝင်/ထွက်စခန်း စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးရေး ဒုတိယဌာနမှူး မစ္စတာ ကျောက်ရုံးချီး၊ ယူနန်ပြည်နယ် စီးပွား/ကူးသန်း အာဆီယံဆိုင်ရာ ကုန်သွယ်မှုဌာန၊ ဒုတိယဌာနမှူး မစ္စတာ ကျောက်မင်ရှန်း၊ အန်းလင်း ဒုမြို့တော်ဝန် မစ္စ နီဟုန်၊ လင်းချိန်းမြို့ ဒုမြို့တော်ဝန် မစ္စတာ လျူကျီဟွ၊ တယ်ဟုန်ပြည်နယ်ခွဲ ဝန်ထမ်းရေးရာဌာနမှူး၊ ဒုပါတီအတွင်းရေးမှူး မစ္စတာ ဖူရှောက်ချိန်တို့ တက်ရောက်ကြသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~