တာချီလိတ်တွင် ဆိုင်ကယ်ခိုးယူသည့်အဖွဲ့ထံမှ ပြန်လည်သိမ်းဆည်းမိသည့် ဆိုင်ကယ် (၁၅) စီးကို ပိုင်ရှင်အတည်ပြုခြင်း ဆက်လက် လုပ်ဆောင်နေ

တာချီလိတ်တွင် ဆိုင်ကယ်ခိုးယူသည့်အဖွဲ့ထံမှ ပြန်လည်သိမ်းဆည်းမိသည့် ဆိုင်ကယ် (၁၅) စီးကို ပိုင်ရှင်အတည်ပြုခြင်း ဆက်လက် လုပ်ဆောင်နေ
သြဂုတ် 20, 2020
By Tachileik News Agency
တာချီလိတ်တွင် ဆိုင်ကယ်ခိုးယူသည့်အဖွဲ့ထံက ပြန်လည်သိမ်းဆည်းမိရသည့် ဆိုင်ကယ် (၁၅) စီးကို ပိုင်ရှင်အတည်ပြုခြင်း ဆက်လက် လုပ်ဆောင်နေ
မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးယူသည့်အဖွဲ့ထံမှ ပြန်သိမ်းမိသည့် ဆိုင်ကယ် (၁၅) စီးအား ပိုင်ရှင်အတည်ပြုခြင်း ဆက်လက်ဆောင်ရွက်နေပြီး လက်ရှိတွင် အမှု (၃)မှု ဖွင့်ထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
"ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့အတွက် တရားလိုလုပ်ပြီး တရားစွဲတင်သွားမှာပါ။ ဆိုင်ကယ်ပိုင်ရှင်တွေက သူတို့ဆိုင်ကယ်တွေပျောက်ဆုံးပုံကို တရားရုံးမှာ သက်သေထွက်ဆိုရမှာပါ။ သူတို့စိုးရိမ်နေသလို သူတို့ကိုယ်တိုင် တရားစွဲရမှာ မဟုတ်ပါဘူး။ အခုဆိုင်ကယ် (၁၅) စီးမှာ ပိုင်ရှင်အတည်ပြုပြီးသွားတဲ့ ဆိုင်ကယ် (၃) စီးအတွက် အမှုဖွင့်ပြီးပါပြီ။ ဆိုင်ကယ်ပိုင်ရှင်တွေလို့ ပြောထားတဲ့သူတွေနဲ့ ဒီ စနေ၊ တနင်္ဂနွေမှာ တွေ့ဆုံစစ်ဆေးပြီးရင်တော့ တရားရုံးမှာ အမှုဆက်လက်တင်သွားမှာပါ"ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့တွင် ပြောသည်။
တာချီလိတ်တွင် ဆိုင်ကယ်ပျောက်ဆုံးမှု များလာနေ၍ ရဲတပ်ဖွဲ့က လှည့်ကင်းကို တိုးမြှင့်ဆောင်ရွက်ရာမှ သြဂုတ်လ (၁၁)ရက်နေ့ ညပိုင်းတွင် ဆိုင်ကယ်ခိုးရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် လူငယ်အမျိုးသား (၃)ဦးကို ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းမိခဲ့ရာမှ ဆက်စပ်ပြီး ခိုးရာပါဆိုင်ကယ်များအား ပုံပြောင်းရောင်းချပေးသူ (၃)ဦးကိုပါ ထပ်မံဖမ်းမိခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါလူငယ်များအား စစ်ဆေးရာမှ သြဂုတ်လ (၁၂)ရက်နေ့၌ ဆိုင်ကယ် (၁၂)စီးကို သိမ်းဆည်းရမိခဲ့ပြီး ထပ်မံစစ်ဆေးချက်များအရ နောက်ထပ် ဆိုင်ကယ် (၃) စီးကို သြဂုတ်လ (၁၅)ရက်နေ့၌ ထပ်မံ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~