က်ိဳင္းတံုၿမိဳ႕ ယန္းခမ္းေက်းရြာတြင္ လူငယ္တစ္ဦး ေနအိမ္၌ ႀကိဳးဆြဲခ်ေသဆံုး

က်ိဳင္းတံုၿမိဳ႕ ယန္းခမ္းေက်းရြာတြင္ လူငယ္တစ္ဦး ေနအိမ္၌ ႀကိဳးဆြဲခ်ေသဆံုး
ဧပြီ 23, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕ အမွတ္(၁)ရပ္ကြက္၊ ယန္းခမ္း(အထက္)ေက်းရြာတြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲေသဆံုးေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၂)ရက္ေန႔ ည (၇)နာရီခြဲအခ်ိန္က ရဲတပ္ဖြဲ႕ထံအေၾကာင္းၾကားသျဖင့္ စစ္ေဆးေနေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က သက္ေသမ်ားပါဝင္သည့္အဖြဲ႕ျဖင့္ ယန္းခမ္း(အထက္)ေက်းရြာရိွ အခင္းျဖစ္ေနအိမ္သို႔ သြားေရာက္စစ္ေဆးရာ အသက္(၃၀)အရြယ္ ေမာင္ေထြးသည္ ေနအိမ္ေအာက္ထပ္တြင္ ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို ေတြ႕ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူမွာ မိမိကိုယ္ကိုသတ္ေသမည္ဟု မၾကာခဏေျပာၾကားေလ့ရိွသည္ဟု ၎၏ဇနီးျဖစ္သူက ရဲတပ္ဖဲြ႕ထံ ေျပာၾကားေၾကာင္း သိရသည္။

ေသဆံုးသူအား က်ဳိင္းတံုျပည္သူ႔ေဆးရံုႀကီးတြင္ ပို႔ေဆာင္စစ္ေဆးထားၿပီး အဆိုပါျဖစ္စဥ္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၁၃/၂၀၁၉ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့ ယန်းခမ်းကျေးရွာတွင် လူငယ်တစ်ဦး နေအိမ်၌ ကြိုးဆွဲချသေဆုံး
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက်၊ ယန်းခမ်း(အထက်)ကျေးရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲသေဆုံးကြောင်း ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့ ည (၇)နာရီခွဲအချိန်က ရဲတပ်ဖွဲ့ထံအကြောင်းကြားသဖြင့် စစ်ဆေးနေကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သက်သေများပါဝင်သည့်အဖွဲ့ဖြင့် ယန်းခမ်း(အထက်)ကျေးရွာရှိ အခင်းဖြစ်နေအိမ်သို့ သွားရောက်စစ်ဆေးရာ အသက်(၃၀)အရွယ် မောင်ထွေးသည် နေအိမ်အောက်ထပ်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ မိမိကိုယ်ကိုသတ်သေမည်ဟု မကြာခဏပြောကြားလေ့ရှိသည်ဟု ၎င်း၏ဇနီးဖြစ်သူက ရဲတပ်ဖွဲ့ထံ ပြောကြားကြောင်း သိရသည်။

သေဆုံးသူအား ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်စစ်ဆေးထားပြီး အဆိုပါဖြစ်စဉ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁၃/၂၀၁၉ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net