ဘားအံ ကမ္ဘောဇဘဏ်  ဓါးပြတိုက်ခံရမှုတွင် ကျပ်သိန်း(၁,၀၀၀)ကျော် မဟုတ်ဘဲ ကျပ်သိန်း(၂,၃၀၀)ကျော် ပါသွားခြင်းဖြစ်ကြောင်း စကစဘက်က သတင်းထုတ်

ပုံအညွှန်း - ဘဏ်အတွင်းအခြေအနေ
ပုံအညွှန်း - ဘဏ်အတွင်းအခြေအနေ
ဘားအံ ကမ္ဘောဇဘဏ်  ဓါးပြတိုက်ခံရမှုတွင် ကျပ်သိန်း(၁,၀၀၀)ကျော် မဟုတ်ဘဲ ကျပ်သိန်း(၂,၃၀၀)ကျော် ပါသွားခြင်းဖြစ်ကြောင်း စကစဘက်က သတင်းထုတ်

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၁)တွင် ဓါးပြတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ကနဦး သတင်းများအရ ကျပ်သိန်း(၁,၀၀၀)ကျော်ပါသွားသည်ဟုဆိုသော်လည်း တကယ်တမ်းတွင် ကျပ်သိန်းပေါင်း (၂,၃၀၀)ကျော် ပါသွားခြင်း ဖြစ်သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ဘားအံမြို့၊ ဈေးတန်းလမ်းရှိ ကမ္ဘောဇဘဏ်ခွဲ(၁)တွင် မတ်လ(၄)ရက်နေ့က ဓါးပြတိုက်ခံရမှုတွင် အမျိုးသား(၁၀)ဦးက သေနတ်များဖြင့် ပစ်ခတ်ခြိမ်းခြောက်ပြီး ဘဏ်အတွင်းရှိ ငွေများကို ယူဆောင်သွားရာမှာ ငွေကျပ်စုစုပေါင်း (၂၃၀,၄၅၇,၈၀၅)ကျပ်ဖြစ်ပြီး လက်တော့ပ်ကွန်ပျူတာ (၂)လုံး၊ CCTV အထိုင်စက်တို့ကို ယူဆောင်သွားပြီး ဘဏ်အတွင်းရှိ CCTV ကင်မရာများနှင့်  VIEW SONIC အမျိုးအစား မော်နီတာ (၁၂)လုံး၊ CANNON အမျိုးအစား ပရင်တာ (၂)လုံး၊ GLORY အမျိုးအစား ငွေရေစက် (၄)လုံးတို့ကို ဖျက်ဆီးသွားခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ဓါးပြတိုက်သည့် အဖွဲ့သည် မော်တော်ယာဉ်ဖြင့် ဈေးတန်းလမ်းမှ တဆင့် အမှတ်(၂)ရပ်ကွက်၊ ဆယ်အိမ်စုကျေးရွာဘက်သို့ ဦးတည်မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဆိုထားပြီး ဖမ်းဆီးရမိရေးအတွက် ကနဦးအနေဖြင့် ဘဏ်ဝန်ထမ်းများကိုလည်း စစ်ဆေးနေကား ဆက်လက်စုံစမ်းနေသည်ဟု သိရသည်။