တာချီလိတ်မြို့ ဝမ်ကျောက်လုံကျေးရွာတွင် အမျိုးသမီးတစ်ဦးအား ကျပ်(၁၉)သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

တာချီလိတ်မြို့ ဝမ်ကျောက်လုံကျေးရွာတွင် အမျိုးသမီးတစ်ဦးအား ကျပ်(၁၉)သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ
နိုဝင်ဘာ 11, 2020
By Tachileik News Agency
တာချီလိတ်မြို့ ဝမ်ကျောက်လုံကျေးရွာတွင် အမျိုးသမီးတစ်ဦးအား ကျပ်(၁၉)သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့နယ်အတွင်း ဝမ်ကျောက်လုံကျေးရွာတွင် အမျိုးသမီးတစ်ဦးအား ကျပ်(၁၉)သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်အတူ   အမျိုးသားတစ်ဦးကိုပါ ကွင်းဆက်တရားခံအဖြစ် ဖမ်းမိကြောင်း သိရသည်။
တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာရှိ နန်းဝိုးခမ်း၏ နေအိမ်အား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် သက်ဆိုင်ရာအဖွဲ့များမှ ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ နေ့လည်(၂)နာရီကျော်ဝန်းကျင်က ဝင်ရောက်စစ်ဆေးရှာဖွေရာ   နေအိမ်တွင် ၎င်းအားတွေ့ရှိရပြီး နေအိမ်၏ ယာဘက် အဖီဆွဲထားသည့် တဲအတွင်း၌ ချိတ်ဆွဲထားသည့် ပလိုင်းတောင်းအတွင်းထဲက မူးယစ်ဆေးဝါးများကို တွေ့ရှိရကြောင်း သိရသည်။
ပလိုင်းတောင်းအတွင်းရှာဖွေရာတွင် Wy စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁,၉၀၅)ပြား  နှင့် ထိုင်းဘတ်ငွေ (၆၇၀)ဘတ် အပြင် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း နှင့် ရဲတပ်ဖွဲ့ကစိတ်ကြွဆေးပြား တစ်ပြားလျှင် ကျပ်(၁,၀၀၀)နှုန်း တန်ဖိုးဖြတ်သည့်အတွက် စုစုပေါင်း တန်ဖိုးငွေ (၁၉)သိန်းကျော်ရှိကြောင်း သိရသည်။ 
ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ မူးယစ်ဆေးဝါးများကို ရောင်းချပေးသည့်  ကွင်းဆက်တရားခံဆိုသူ ယောရှု့(ခ)ယားပါကိုလည်း ဖမ်းဆီးရမိ၍ ဆက်လက်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~