က်ိဳင္းတံုၿမိဳ႕နယ္ (၂၈)မုိင္ရြာမွ မူးယစ္သတင္းရေနအိမ္အား ဝင္ဖမ္းရာ စိတ္ၾကြေဆးႏွင့္ ဘိန္းစိမ္းမ်ား ဖမ္းမိ

က်ိဳင္းတံုၿမိဳ႕နယ္ (၂၈)မုိင္ရြာမွ မူးယစ္သတင္းရေနအိမ္အား ဝင္ဖမ္းရာ စိတ္ၾကြေဆးႏွင့္ ဘိန္းစိမ္းမ်ား ဖမ္းမိ
ဧပြီ 29, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္၊ (၂၈)မုိင္ေက်းရြာမွ မူးယစ္ေဆးေရာင္းခ်ေၾကာင္း သတင္းရေနအိမ္အား ဝင္ေရာက္ဖမ္းဆီးရာ အိမ္ရွင္ဇနီးေမာင္ႏွံကို စိတ္ၾကြေဆးျပား (၁၂၅)ျပား၊ ဘိန္းစိမ္း (၁၆၀)ဂရမ္တို႔ႏွင့္အတူ ဖမ္းမိထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု (၂၈)က်ိဳင္းတံုမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ဝမ္တာပံုေက်းရြာအုပ္စု၊ (၂၈)မုိင္ေက်းရြာမွ လိေလာင္နွင့္ လင္းေမႊးတုိ႔၏ေနအိမ္အား ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၈)ရက္ေန႔ ေန႔လယ္ (၂)နာရီ (၄၅)မိနစ္တြင္ ဝင္ေရာက္ရွာေဖြျခင္းျဖစ္ေၾကာင္း သိရသည္။
လင္းေမႊး လြယ္ထားသည့္အိတ္အတြင္းမွ စိတ္ၾကြေဆးျပား (၁၂၅)ျပား၊ ေငြက်ပ္ (၁၆၉၀၀၀)ႏွင့္ အခန္းအတြင္းမွ ဘိန္းစိမ္း (၁၆၀)ဂရမ္တုိ႔ကို ရွာေဖြေတြ႕ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ လိေလာင္ႏွင့္ လင္းေမႊးတုိ႔အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၀၅/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)/၂၁ အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့နယ် (၂၈)မိုင်ရွာမှ မူးယစ်သတင်းရနေအိမ်အား ဝင်ဖမ်းရာ စိတ်ကြွဆေးနှင့် ဘိန်းစိမ်းများ ဖမ်းမိ
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ (၂၈)မိုင်ကျေးရွာမှ မူးယစ်ဆေးရောင်းချကြောင်း သတင်းရနေအိမ်အား ဝင်ရောက်ဖမ်းဆီးရာ အိမ်ရှင်ဇနီးမောင်နှံကို စိတ်ကြွဆေးပြား (၁၂၅)ပြား၊ ဘိန်းစိမ်း (၁၆၀)ဂရမ်တို့နှင့်အတူ ဖမ်းမိထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝမ်တာပုံကျေးရွာအုပ်စု၊ (၂၈)မိုင်ကျေးရွာမှ လိလောင်နှင့် လင်းမွှေးတို့၏နေအိမ်အား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့ နေ့လယ် (၂)နာရီ (၄၅)မိနစ်တွင် ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။

လင်းမွှေး လွယ်ထားသည့်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၁၂၅)ပြား၊ ငွေကျပ် (၁၆၉၀၀၀)နှင့် အခန်းအတွင်းမှ ဘိန်းစိမ်း (၁၆၀)ဂရမ်တို့ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် လိလောင်နှင့် လင်းမွှေးတို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၀၅/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net