တာချီလိတ်မြို့တွင် မီးလောင်မှုဖြစ်ပွား၍ နေအိမ်(၁၇)အိမ် မီးလောင်ပြီး ဝက်(၁၈)ကောင် သေဆုံး

တာချီလိတ်မြို့တွင် မီးလောင်မှုဖြစ်ပွား၍ နေအိမ်(၁၇)အိမ် မီးလောင်ပြီး ဝက်(၁၈)ကောင် သေဆုံး

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ စန်းလု(အထက်)ရွာတွင် မီးလောင်မှုကြောင့် နေအိမ်(၁၇)အိမ် နှင့် ဘုရားကျောင်းပါ မီးလောင်ပြာကျသွားကြောင်း သိရသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စု စန်းလု(အထက်)ရွာတွင် ၂၀၂၄ခုနှစ် မတ်လ(၂)ရက်နေ့ နံနက် (၃)နာရီခွဲကျော်ကနေ  စပြီး အချိန်(၂)နာရီကျော်ကြာ မီးလောင်မှု ဖြစ်ပွားရာမှ နေအိမ်(၁၇)လုံး နှင့် ဘုရားကျောင်းတစ်ကျောင်းတို့ မီးလောင်ပြာကျသွားသည့်အပြင် ကျေးရွာအတွင်း မွေးမြူထားသည့် ဝက်(၁၈)ကောင်လည်း သေဆုံးသွားခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းမှာ သက်ကယ်မိုး ဝါးခြမ်းခင်းနေအိမ်ကနေ စပြီး မီးလောင်ရာမှ အနီးဝန်းကျင် နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းဖြစ်ဖြစ်ကြောင်း  သိရသည်။

တောင်ပေါ်ဒေသတွင် မီးလောင်မှုနှင့် ပတ်သက်၍လည်း ပြီးခဲ့သည့် မတ်လ(၂၃)ရက်နေ့က  တာချီလိတ်မြို့ မိုင်းဟဲကျေးရွာအုပ်စုအတွင်း ဟွေပါလန်း(ပလောင်ရွာ)တွင် မီးလောင်မှုကြောင့် နေအိမ်(၃)လုံး နှင့် လယ်ထွန်စက် (၂)လုံး မီးလောင်ဆုံးရှုံးသွားသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။

#TachileikNewsAgency