အမ်ိဳးသမီး (၃)ဦးကို တရုတ္ႏုိင္ငံသို႔ လူကုန္ကူးမႈျဖင့္ က်ိဳင္းတံုၿမိဳ႕နယ္မွ အသက္ (၁၈)ႏွစ္အရြယ္ အမ်ိဳးသမီးကို ဖမ္းဆီးစစ္ေဆးေန

အမ်ိဳးသမီး (၃)ဦးကို တရုတ္ႏုိင္ငံသို႔ လူကုန္ကူးမႈျဖင့္ က်ိဳင္းတံုၿမိဳ႕နယ္မွ အသက္ (၁၈)ႏွစ္အရြယ္ အမ်ိဳးသမီးကို ဖမ္းဆီးစစ္ေဆးေန
ဧပြီ 30, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္၊ နမ့္ခတ္ေက်းရြာအုပ္စု၊ ေထာ္ကူေဒေက်းရြာမွ အမ်ိဳးသမီး (၃)ဦးကို တရုတ္နုိင္ငံသို႔ လူကုန္ကူးခဲ့သည့္  အသက္ (၁၈)ႏွစ္အရြယ္ အမ်ိဳးသမီးအား အမႈဖြင့္ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕နယ္၊ မုိင္းဇင္းေက်းရြာအုပ္စု၊ ေတာ္အန္း(၁)ေက်းရြာမွ မနာသဲ (ခ) နာမူးတဲ့က ေထာ္ကူေဒရြာမွ အမ်ိဳးသမီး (၅)ဦးကို  ၂၀၁၉ ခုႏွစ္၊ ဧၿပီလအတြင္းက မုိင္းယန္းၿမိဳ႕အနီးတြင္ လက္ဖက္ခူးအလုပ္ကို လုပ္အားခ တစ္ရက္လွ်င္ ယြမ္ (၁၀၀)မွ (၁၅၀)ျဖင့္ လုပ္ကိုင္ႏိုင္ေၾကာင္းေျပာဆိုစည္းရံုး၍ ေခၚေဆာင္သြားၿပီး က်ိဳင္းတံု - မုိင္းခတ္ - မုိင္းယန္း -မို္င္းဖ်န္ (အထူးေဒသ ၂) - ဟိုေတာက္ (အထူးေဒသ ၂) - မိုးလီ (တရုတ္ႏုိင္ငံ) လမ္းေၾကာင္းမွတစ္ဆင့္ တရုတ္ႏုိင္ငံ လန္ခ်န္းၿမိဳ႕သို႔ ပို႔ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လန္ခ်န္းတြင္ တရုတ္သူေဌးဆိုသူက အမ်ိဳးသမီးမ်ားအား ေခၚေဆာင္ေပးလာသည့္ နာသဲ (ခ) နာမူးတဲ့အား ယြမ္ (၃၀၀)ေပးခဲ့ေၾကာင္း သိရသည္။

လုိ္က္ပါသြားသည့္ အမ်ိဳးသမီး (၅)ဦးအနက္ အသက္ (၁၆)ႏွစ္၊ (၂၃)ႏွစ္ႏွင့္ (၃၀)အရြယ္ အမ်ိဳးသမီး (၃)ဦးအား တရုတ္အမ်ိဳးသားမ်ားက အဓမၼလက္ထပ္ရန္ႀကံစည္သျဖင့္ ေခၚေဆာင္သြားသည့္ မနာသဲႏွင့္အတူ အမ်ိဳးသမီးမ်ားက ဆုိင္ကယ္ငွား၍ ေနရပ္ျပန္လာခဲ့ၾကေၾကာင္း သိရသည္။

ျမန္မာႏွင့္နယ္စပ္ တရုတ္ႏုိင္ငံ မိုးလီအေရာက္တြင္ အမ်ိဳးသမီး (၃)ဦးလုိက္ပါလာသည့္ ဆုိင္ကယ္ (၂)စီးမွာ ပါလာျခင္းမရိွေတာ့သျဖင့္ မနာသဲက ျပန္လည္ရွာေဖြမည္ဟုဆိုကာ အသက္ (၄၇)ႏွစ္အရြယ္ အမ်ိဳးသမီး (၂)ဦးကို ကားျဖင့္တင္ေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံတြင္ က်န္ခဲ့သည့္ အမ်ိဳးသမီး (၃)ဦးအနက္ (၂)ဦးမွာ အိမ္ေထာင္ရိွသူမ်ားျဖစ္ၾကေၾကာင္း သိရသည္။

အမွတ္ (၁၈) လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕မွဴးရံုးသို႔ ၂၀၁၉ ခုနွစ္၊ ဧၿပီလ (၂၅)ရက္ေန႔ ေန႔လယ္ (၂)နာရီဝန္းက်င္တြင္ လန္ခ်န္းမွျပန္ေရာက္လာသည့္အမ်ိဳးသမီး (၂)ဦးႏွင့္ ေပ်ာက္ဆံုးသြားသည့္ အမ်ိဳးသမိသားစုဝင္မ်ားက လာေရာက္အမႈဖြင့္တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မိုင္းယန္းၿမိဳ႕သို႔ ျပန္လာသည့္ နာသဲ (ခ) နာမူးတဲ့အား ၂၀၁၉ ခုႏွစ္ ဧၿပီလ (၂၇)ရက္ေန႔တြင္ ရဲတပ္ဖြဲ႕က ေခၚယူစစ္ေဆးၿပီး က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၄၅၆/၂၀၁၉၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒျဖင့္ အမႈဖြင့္၍ ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ Unicode Version ~~~~~~~~
အမျိုးသမီး (၃)ဦးကို တရုတ်နိုင်ငံသို့ လူကုန်ကူးမှုဖြင့် ကျိုင်းတုံမြို့နယ်မှ အသက် (၁၈)နှစ်အရွယ် အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးနေ
**************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ နမ့်ခတ်ကျေးရွာအုပ်စု၊ ထော်ကူဒေကျေးရွာမှ အမျိုးသမီး (၃)ဦးကို တရုတ်နိုင်ငံသို့ လူကုန်ကူးခဲ့သည့်  အသက် (၁၈)နှစ်အရွယ် အမျိုးသမီးအား အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ တော်အန်း(၁)ကျေးရွာမှ မနာသဲ (ခ) နာမူးတဲ့က ထော်ကူဒေရွာမှ အမျိုးသမီး (၅)ဦးကို  ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက မိုင်းယန်းမြို့အနီးတွင် လက်ဖက်ခူးအလုပ်ကို လုပ်အားခ တစ်ရက်လျှင် ယွမ် (၁၀၀)မှ (၁၅၀)ဖြင့် လုပ်ကိုင်နိုင်ကြောင်းပြောဆိုစည်းရုံး၍ ခေါ်ဆောင်သွားပြီး ကျိုင်းတုံ - မိုင်းခတ် - မိုင်းယန်း -မို်င်းဖျန် (အထူးဒေသ ၂) - ဟိုတောက် (အထူးဒေသ ၂) - မိုးလီ (တရုတ်နိုင်ငံ) လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ လန်ချန်းမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လန်ချန်းတွင် တရုတ်သူဌေးဆိုသူက အမျိုးသမီးများအား ခေါ်ဆောင်ပေးလာသည့် နာသဲ (ခ) နာမူးတဲ့အား ယွမ် (၃၀၀)ပေးခဲ့ကြောင်း သိရသည်။

လို်က်ပါသွားသည့် အမျိုးသမီး (၅)ဦးအနက် အသက် (၁၆)နှစ်၊ (၂၃)နှစ်နှင့် (၃၀)အရွယ် အမျိုးသမီး (၃)ဦးအား တရုတ်အမျိုးသားများက အဓမ္မလက်ထပ်ရန်ကြံစည်သဖြင့် ခေါ်ဆောင်သွားသည့် မနာသဲနှင့်အတူ အမျိုးသမီးများက ဆိုင်ကယ်ငှား၍ နေရပ်ပြန်လာခဲ့ကြကြောင်း သိရသည်။

မြန်မာနှင့်နယ်စပ် တရုတ်နိုင်ငံ မိုးလီအရောက်တွင် အမျိုးသမီး (၃)ဦးလိုက်ပါလာသည့် ဆိုင်ကယ် (၂)စီးမှာ ပါလာခြင်းမရှိတော့သဖြင့် မနာသဲက ပြန်လည်ရှာဖွေမည်ဟုဆိုကာ အသက် (၄၇)နှစ်အရွယ် အမျိုးသမီး (၂)ဦးကို ကားဖြင့်တင်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ကျန်ခဲ့သည့် အမျိုးသမီး (၃)ဦးအနက် (၂)ဦးမှာ အိမ်ထောင်ရှိသူများဖြစ်ကြကြောင်း သိရသည်။

အမှတ် (၁၈) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှူးရုံးသို့ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်တွင် လန်ချန်းမှပြန်ရောက်လာသည့်အမျိုးသမီး (၂)ဦးနှင့် ပျောက်ဆုံးသွားသည့် အမျိုးသမိသားစုဝင်များက လာရောက်အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းယန်းမြို့သို့ ပြန်လာသည့် နာသဲ (ခ) နာမူးတဲ့အား ၂၀၁၉ ခုနှစ် ဧပြီလ (၂၇)ရက်နေ့တွင် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၄၅၆/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်၍ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net