တာခ်ီလိတ္ၿမိဳ႕တြင္ ထုိင္းနိုင္ငံသားတစ္ဦးကို မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ ထုိင္းနိုင္ငံသားတစ္ဦးကို မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိ
ဇွန် 8, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၇)ရက္ေန႔ ညက ထုိင္းနိုင္ငံသားတစ္ဦးကို မူးယစ္ေဆး၀ါး ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္အတြင္း ရီဂ်ီနားေဂါက္ကြင္းအနီး ေဘာလံုးကြင္းတြင္ ည (၇)နာရီအခ်ိန္က လက္ဆြဲအိတ္တစ္လံုးျဖင့္ လမ္းေလွ်ာက္လာသည့္ အမ်ိဳးသားတစ္ဦးအား စစ္ေဆးရာ ၎သည္ ထိုင္းႏုိင္ငံသားတစ္ဦးျဖစ္ေနေၾကာင္းႏွင့္ ၎၏ လက္ဆြဲအိတ္အတြင္းမွ မက္သာအက္ဖီတမင္း (အုိက္စ္) တစ္ကီလိုအား စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၃၆)ႏွစ္အရြယ္ရွိ ထုိင္းနိုင္ငံသား Manop Limtiv (ခ) TAM (ခ) မာႏြတ္သည္ ေနအိမ္တို္က္ခန္း ငွားရမ္းေနထုိင္သူျဖစ္ေၾကာင္းသိရသျဖင့္ ၎၏ေနအိမ္တုိက္ခန္းသို႔ ည (၇)နာရီခြဲအခ်ိန္တြင္ ဝင္ေရာက္ရွာေဖြခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ ထုိင္းႏုိင္ငံသားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၇၇/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့ ညက ထိုင်းနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါး ဖမ်းဆီးရမိထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ရီဂျီနားဂေါက်ကွင်းအနီး ဘောလုံးကွင်းတွင် ည (၇)နာရီအချိန်က လက်ဆွဲအိတ်တစ်လုံးဖြင့် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးအား စစ်ဆေးရာ၎င်းသည် ထိုင်းနိုင်ငံသားတစ်ဦးဖြစ်နေကြောင်းနှင့်၎င်း၏ လက်ဆွဲအိတ်အတွင်းမှ မက်သာအက်ဖီတမင်း (အိုက်စ်) တစ်ကီလိုအား စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၃၆)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား Manop Limtiv (ခ) TAM (ခ) မာနွတ်သည် နေအိမ်တို်က်ခန်း ငှါးရမ်းနေထိုင်သူဖြစ်ကြောင်းသိရသဖြင့်၎င်း၏နေအိမ်တိုက်ခန်းသို့ ည (၇)နာရီခွဲအချိန်တွင် ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် ထိုင်းနိုင်ငံသားအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၇၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net