တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုတြင္ မူးယစ္ေဆးဖိုး ေငြမေပးသည့္ မိခင္ကို သားျဖစ္သူက ဓါးျဖင့္ခုတ္

တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုတြင္ မူးယစ္ေဆးဖိုး ေငြမေပးသည့္ မိခင္ကို သားျဖစ္သူက ဓါးျဖင့္ခုတ္
ဧပြီ 15, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ မူးယစ္ေဆးစြဲေနသည့္ သားျဖစ္သူက ေဆးဖိုးေတာင္း၍ မရသျဖင့္ မိခင္ျဖစ္သူအား ဓါးျဖင့္ခုတ္သည့္အတြက္ ေက်းရြာအုပ္ခ်ဳပ္ေရးနွင့္ ျပည္သူ႔စစ္အဖြဲ႕တုိ႔က ဖမ္းဆီးထားရေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ မယ္လိပါေကာ္အေပၚရြာတြင္ အမ်ိဳးသမီးတစ္ဦး ဓါးခုတ္ခံထားရသျဖင့္ ေဆးရံုသို႔ပို႔ေဆာင္ေပးရန္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၅)ရက္ေန႔ နံနက္ (၉)နာရီ မိနစ္ (၄၀)တြင္ ေဟာင္လိတ္နယ္ေျမရဲစခန္းက တာခ်ီလိတ္နာေရးကူညီမႈအသင္းသို႔ ဖုန္းဆက္အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေဆးဖိုးေတာင္းတာ မေပးလုိ႔ ဓါးနဲ႔ခုတ္တာလုိ႔ ေျပာတယ္။ အေမျဖစ္သူက လက္မွာ အေၾကာေတြျပတ္သြားတယ္။ ဒါေပမဲ့ ေဆးရံုလိုက္ဖို႔ ျငင္းတယ္။ အဲဒီမွာပဲ သူ႔ဘာသာကုမယ္လုိ႔ ေျပာတယ္။ ဘယ္လိုမွ ေခၚလို႔မရဘူး။ သူ႔သားကိုေတာ့ ေက်းရြာအုပ္ခ်ဳပ္ေရးနဲ႔ ျပည္သူ႔စစ္ေတြက ဝိုင္းဖမ္းေပးထားၾကတယ္”ဟု တာခ်ီလိတ္ နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဓါးျဖင့္အခုတ္ခံရသည့္ အမ်ိဳးသမီး၏ ဘယ္ဘက္လက္တြင္ ဓါးဒဏ္ရာရသြားကာ ဓါးခုတ္မႈအား ရဲတပ္ဖြဲ႕က စစ္ေဆးအေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးစွဲနေသည့် သားဖြစ်သူက ဆေးဖိုးတောင်း၍ မရသဖြင့် မိခင်ဖြစ်သူအား ဓားဖြင့်ခုတ်သည့်အတွက် ကျေးရွာအုပ်ချုပ်ရေးနှင့် ပြည်သူ့စစ်အဖွဲ့တို့က ဖမ်းဆီးထားရကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိပါကော်အပေါ်ရွာတွင် အမျိုးသမီးတစ်ဦး ဓားခုတ်ခံထားရသဖြင့် ဆေးရုံသို့ပို့ဆောင်ပေးရန် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့ နံနက် (၉)နာရီ မိနစ် (၄၀)တွင် ဟောင်လိတ်နယ်မြေရဲစခန်းက တာချီလိတ်နာရေးကူညီမှုအသင်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆေးဖိုးတောင်းတာ မပေးလို့ ဓားနဲ့ခုတ်တာလို့ ပြောတယ်။ အမဖြေစ်သူက လက်မှာ အကြောတွပြေတ်သွားတယ်။ ဒါပေမဲ့ ဆေးရုံလိုက်ဖို့ ငြင်းတယ်။ အဲဒီမှာပဲ သူ့ဘာသာကုမယ်လို့ ပြောတယ်။ ဘယ်လိုမှ ခေါ်လို့မရဘူး။ သူ့သားကိုတော့ ကျေးရွာအုပ်ချုပ်ရေးနဲ့ ပြည်သူ့စစ်တွေက ဝိုင်းဖမ်းပေးထားကြတယ်”ဟု တာချီလိတ် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဓားဖြင့်အခုတ်ခံရသည့် အမျိုးသမီး၏ ဘယ်ဘက်လက်တွင် ဓားဒဏ်ရာရသွားကာ ဓားခုတ်မှုအား ရဲတပ်ဖွဲ့က စစ်ဆေးအရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net