ကယားပြည်နယ် လွိုင်ကော်မြို့တွင် အသက်(၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

ကယားပြည်နယ် လွိုင်ကော်မြို့တွင် အသက်(၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
ဧပြီ 6, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့တွင် အသက်(၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

ကယားပြည်နယ်၊ လွိုင်ကော်မြို့ နောင်ယား(က)ရပ်ကွက်တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၆)ရက်နေ့ နံနက်ပိုင်းက အသက်(၅၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်ခြံဝန်းအတွင်း ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရသဖြင့် သက်ဆိုင်ရာက စစ်ဆေးနေကြောင်း သိရသည်။

လွိုင်ကော်မြို့ နောင်ယား(က)ရပ်ကွက်ရှိ မိတ္တူလုပ်ငန်းလုပ်ကိုင်သည့် အသက်(၅၃)နှစ်အရွယ်အမျိုးသမီးသည် ၎င်းငှားရမ်းနေထိုင်သော နေအိမ်ခြံဝန်းအတွင်း အဆောက်အဦတစ်ခုတွင် ကြိုးဆွဲချသေဆုံးနေသည်ကို အနီးဝန်းကျင်မှ အမျိုးသမီးတစ်ဦးက တွေ့ရသဖြင့် ကြိုးဆွဲချသေဆုံးသူ၏ ခင်ပွန်းဖြစ်သူကို အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြိုးဆွဲချသည့် အမျိုးသမီး၏ အသက်ကို ကယ်တင်နိုင်ရန် ခင်ပွန်းဖြစ်သူက လည်ပင်းမှကြိုးအား ဖြုတ်ကာ သယ်ဆောင်စဉ် မြေပြင်ပေါ်သို့ပြုတ်ကျခဲ့သဖြင့် ဦးခေါင်းတွင် ဖူးရောင်ဒဏ်ရာရသွားခဲ့ကာ အသက်ရှိသေးသဖြင့် ဆေးရုံသို့ပို့‌ဆောင်စဉ်  သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြိုးဆွဲချသေဆုံးသူ အမျိုးသမီးမှာ လွန်ခဲ့သည့် တစ်လခန့်ကတည်းက စိတ်ကျရောဂါခံစားနေရသဖြင့် ဆေးဝါးကုသမှုများလည်း ခံယူနေရသူဖြစ်ကြောင်း သိရသည်။

သေဆုံးမှုမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ်ကို လွိုင်ကော်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးစုံစမ်းနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~