ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါဆိုေရွးေက်းရြာတြင္ စိုက္ပ်ဳိးခြင့္ေပးထားသည့္ တပ္ပိုင္ေျမေပၚ ယခုအခါမွာ စိုက္ပ်ဳိးခြင့္တားျမစ္ခံရ၍ ေတာင္သူမ်ားက ထြန္တံုးတိုက္ပြဲအျဖစ္ လုပ္ေဆာင္

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါဆိုေရွးေက်းရြာတြင္ စိုက္ပ်ဳိးခြင့္ေပးထားသည့္ တပ္ပိုင္ေျမေပၚ ယခုအခါမွာ စိုက္ပ်ဳိးခြင့္တားျမစ္ခံရ၍ ေတာင္သူမ်ားက ထြန္တံုးတိုက္ပြဲအျဖစ္ လုပ္ေဆာင္
ဧပြီ 20, 2019
By Tachileik News Agency

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ (၆)မိုင္စံျပေက်းရြာအုပ္စု ေဒါဆိုေ႐ွးေက်းရြာတြင္ တပ္ပိုင္ေျမအျဖစ္ သိမ္းဆည္းထားသည့္ ေျမယာအတြင္း ေဒသခံမ်ားအား စိုက္ပ်ိဳးလုပ္ကိုင္ခြင့္ေပးေနရာမွ ၂၀၁၉ ခုႏွစ္အတြင္း လုပ္ကိုင္ခြင့္တားျမစ္ထားသျဖင့္ ေဒသခံမ်ားက စိုက္ပ်ိဳးလုပ္ကိုင္ခြင့္ျပန္ေပးရန္ ဧၿပီလ (၂၀)ရက္ေန႔တြင္ ထြန္တံုးတုိက္ပြဲျပဳလုပ္ေၾကာင္း သိရသည္။

အမွတ္ (၃၆၀) တပ္ရင္းမွ တားျမစ္ခဲ့ေသာေၾကာင့္ ေတာင္သူမ်ားမွ ဧၿပီလ ၂၀ ရက္ေန႔တြင္ ထြန္တုံးတိုက္ပြဲဆင္ႏႊဲ၍ တပ္ႏွင့္ ေတာင္ယာမ်ားအၾကား ျခံစည္း႐ုံတိုင္ စိုက္ျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

ႏွစ္စဥ္ထြန္ယက္စိုက္ပ်ိဳးေနေသာ ေတာင္သူမ်ား၏ ေတာင္ယာေျမမ်ားတြင္ ထြန္ယက္ စိုက္ပ်ိဳးျခင္း မျပဳလုပ္ ၾကရန္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁)ရက္ေန႔တြင္ ေဒါဆိုေ႐ွးေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ေတာင္သူ (၅)ဦးအား အမွတ္ (၃၆၀)တပ္ရင္းတြင္ ေခၚယူေတြ႔ဆံု၍ ယခုႏွစ္တြင္ စိုက္ပ်ိဳးလိုသည့္ေတာင္သူမ်ားအေနျဖင့္ သက္ဆိုင္ရာသို႔စာတင္ျပ၍ ခြင့္ျပဳခ်က္ရမွ စိုက္ပ်ိဳးၾကရန္ ေျပာၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။

တပ္ပိုင္ေျမသိမ္းဆည္းထားသည့္ေနရာတြင္ ယခင္က စိုက္ပ်ိဳးလုပ္ကိုင္ခြင့္ေပးထားရာမွ ထြန္ယက္ စိုက္ပ်ိဳးျခင္း မျပဳလုပ္ၾကရန္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁)ရက္ေန႔က ေဒါဆိုေ႐ွးေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ေတာင္သူ (၅)ဦးအား အမွတ္ (၃၆၀)တပ္ရင္းတြင္ ေခၚယူေတြ႔ဆံု၍ ယခုႏွစ္တြင္ စိုက္ပ်ိဳးလိုသည့္ေတာင္သူမ်ားအေနျဖင့္ သက္ဆိုင္ရာသို႔ စာတင္ျပ၍ ခြင့္ျပဳခ်က္ရမွ စိုက္ပ်ိဳးၾကရန္ ေျပာၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။

တပ္ပိုင္ေျမသိမ္းဆည္းထားသည့္ေျမေနရာအား ၿခံစည္းရိုးတုိင္စိုက္ထူထားရာ ေတာင္သူမ်ားက ဧၿပီလ (၂၀) ရက္ေန႔ နံနက္ပိုင္းတြင္ ထြန္စက္မ်ားျဖင့္ ဝင္ေရာက္ထြန္ယက္ၾကရာ အမွတ္ (၃၆၀)တပ္ရင္းမွ တာဝန္ရိွသူမ်ားက ထြန္ယက္ျခင္းမျပဳရန္ႏွင့္ ဆက္လက္လုပ္ေဆာင္ပါက ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေျပာၾကားခဲ့သည္ဟု သိရသည္။

ယခုစိုက္ပ်ိဳးရန္တားျမစ္ထားေသာေျမေနရာမွာ ယခင္အမွတ္(၃၆၀) တပ္ရင္းမွဴး ေဟာင္းႏွင့္ ေဒသခံေတာင္သူမ်ား ကြင္းဆင္းတိုင္းတာ၍ ခြင့္ျပဳထားသည့္ဧက (၂၈၀)ေပၚတြင္ ထြန္ယက္စိုက္ပ်ိဳးျခင္း ျဖစ္ေသာ္လည္း တပ္ရင္းမွဴး အသစ္က အဆိုပါေျမမ်ားမွာ တပ္ပိုင္ေျမ ဧရိယာ ျဖစ္ေသာေၾကာင့္ ထြန္ယက္ျခင္းမျပဳၾကရန္ တားျမစ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

တပ္သိမ္းေျမမ်ားအား (၂)ႀကိမ္စြန္႔လႊတ္ေပးခဲ့ၿပီးျဖစ္ေသာ္လည္း လက္ရိွေတာင္သူမ်ားထြန္ယက္စိုက္ပ်ိဳးလိုသည့္ ေျမေနရာမွာ အမွတ္ (၃၆၀)တပ္ရင္းႏွင့္အနီိးကပ္ဆုံုးတြင္ရိွေနရာ ျပန္လည္စြန္႔လႊတ္ေျမတြင္ ပါဝင္ျခင္းမရိွေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ အဆင့္ဆင့္စာတင္လို႔ သက္ဆိုင္ရာ တာဝန္႐ွိသူေတြက ျပန္စြန္႔လႊတ္ေပးဖို႔ ကြၽန္ေတာ္တို႔ ေရာ၊ တပ္ေရာ တိုင္းတာၾကတယ္။ ဒီေျမကို တကယ့္စြန္႔ ေတာ့ ဘာမွမဆိုင္တဲ့တပ္သိမ္းေျမလို႔ေတာင္မၾကားဖူးတဲ့ ဟိုးအေဝး ႀကီးက ေတာင္ယာေတြကို စြန္႔တယ္ဆိုၿပီး လုပ္တယ္။ တိုင္းတာက ဒီေနရာ စြန္႔တာက တစ္ေနရာ လြဲေနတယ္ ။ ဒါလည္း ေျဖ႐ွင္းေပးတာမ႐ွိဘူး" ဟု ေဒါဆိုေ႐ွး ေတာင္သူ ဦးေသာမတ္က ေျပာသည္။

လက္ရိွ ေတာင္သူမ်ားဝင္ေရာက္ထြန္ယက္သည့္ေျမေနရာတြင္ ဝင္ေရာက္ထြန္ယက္စိုက္ပ်ိဳးသည့္ ေတာင္သူ (၁၀)ဦးမွာ ပိုင္နက္က်ဴးလြန္မႈျဖင့္ ၂၀၁၅ ခုႏွစ္အတြင္းက တရားစြဲဆိုခံရဖူးေၾကာင္း သိရသည္။

ေဒါဆိုေ႐ွးေက်းရြာမွ တပ္သိမ္းေျမေနရာမွာ ၂၀၀၂ ခုႏွစ္က အမွတ္ (၃၆၀)တပ္ရင္းလာတည္စဥ္က သိမ္းဆည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~


ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် (၆)မိုင်စံပြကျေးရွာအုပ်စု ဒေါဆိုရှေးကျေးရွာတွင် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းထားသည့် မြေယာအတွင်း ဒေသခံများအား စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးနေရာမှ ၂၀၁၉ ခုနှစ်အတွင်း လုပ်ကိုင်ခွင့်တားမြစ်ထားသဖြင့် ဒေသခံများက စိုက်ပျိုးလုပ်ကိုင်ခွင့်ပြန်ပေးရန် ဧပြီလ (၂၀)ရက်နေ့တွင် ထွန်တုံးတိုက်ပွဲပြုလုပ်ကြောင်း သိရသည်။

အမှတ် (၃၆၀) တပ်ရင်းမှ တားမြစ်ခဲ့သောကြောင့် တောင်သူများမှ ဧပြီလ ၂၀ ရက်နေ့တွင် ထွန်တုံးတိုက်ပွဲဆင်နွှဲ၍ တပ်နှင့် တောင်ယာများအကြား ခြံစည်းရုံတိုင် စိုက်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

နှစ်စဉ်ထွန်ယက်စိုက်ပျိုးနေသော တောင်သူများ၏ တောင်ယာမြေများတွင် ထွန်ယက် စိုက်ပျိုးခြင်း မပြုလုပ် ကြရန် ၂၀၁၉ ခုနှစ်၊ မတ်လ (၁)ရက်နေ့တွင် ဒေါဆိုရှေးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူ (၅)ဦးအား အမှတ် (၃၆၀)တပ်ရင်းတွင် ခေါ်ယူတွေ့ဆုံ၍ ယခုနှစ်တွင် စိုက်ပျိုးလိုသည့်တောင်သူများအနဖြေင့် သက်ဆိုင်ရာသို့စာတင်ပြ၍ ခွင့်ပြုချက်ရမှ စိုက်ပျိုးကြရန် ပြောကြားထားခြင်းဖြစ်ကြောင်း သိရသည်။

တပ်ပိုင်မြေသိမ်းဆည်းထားသည့်နေရာတွင် ယခင်က စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးထားရာမှ ထွန်ယက် စိုက်ပျိုးခြင်း မပြုလုပ်ကြရန် ၂၀၁၉ ခုနှစ်၊ မတ်လ (၁)ရက်နေ့က ဒေါဆိုရှေးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူ (၅)ဦးအား အမှတ် (၃၆၀)တပ်ရင်းတွင် ခေါ်ယူတွေ့ဆုံ၍ ယခုနှစ်တွင် စိုက်ပျိုးလိုသည့်တောင်သူများအနဖြေင့် သက်ဆိုင်ရာသို့ စာတင်ပြ၍ ခွင့်ပြုချက်ရမှ စိုက်ပျိုးကြရန် ပြောကြားထားခြင်းဖြစ်ကြောင်း သိရသည်။

တပ်ပိုင်မြေသိမ်းဆည်းထားသည့်မြေနေရာအား ခြံစည်းရိုးတိုင်စိုက်ထူထားရာ တောင်သူများက ဧပြီလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် ထွန်စက်များဖြင့် ဝင်ရောက်ထွန်ယက်ကြရာ အမှတ် (၃၆၀)တပ်ရင်းမှ တာဝန်ရှိသူများက ထွန်ယက်ခြင်းမပြုရန်နှင့် ဆက်လက်လုပ်ဆောင်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်ဟု သိရသည်။

ယခုစိုက်ပျိုးရန်တားမြစ်ထားသောမြေနေရာမှာ ယခင်အမှတ်(၃၆၀) တပ်ရင်းမှူး ဟောင်းနှင့် ဒေသခံတောင်သူများ ကွင်းဆင်းတိုင်းတာ၍ ခွင့်ပြုထားသည့်ဧက (၂၈၀)ပေါ်တွင် ထွန်ယက်စိုက်ပျိုးခြင်း ဖြစ်သော်လည်း တပ်ရင်းမှူး အသစ်က အဆိုပါမြေများမှာ တပ်ပိုင်မြေ ဧရိယာ ဖြစ်သောကြောင့် ထွန်ယက်ခြင်းမပြုကြရန် တားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

တပ်သိမ်းမြေများအား (၂)ကြိမ်စွန့်လွှတ်ပေးခဲ့ပြီးဖြစ်သော်လည်း လက်ရှိတောင်သူများထွန်ယက်စိုက်ပျိုးလိုသည့် မြေနေရာမှာ အမှတ် (၃၆၀)တပ်ရင်းနှင့်အနိီးကပ်ဆုံးတွင်ရှိနေရာ ပြန်လည်စွန့်လွှတ်မြေတွင် ပါဝင်ခြင်းမရှိကြောင်း သိရသည်။

"ကျွန်တော်တို့ အဆင့်ဆင့်စာတင်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်စွန့်လွှတ်ပေးဖို့ ကျွန်တော်တို့ ရော၊ တပ်ရော တိုင်းတာကြတယ်။ ဒီမြေကို တကယ့်စွန့် တော့ ဘာမှမဆိုင်တဲ့တပ်သိမ်းမြေလို့တောင်မကြားဖူးတဲ့ ဟိုးအဝေး ကြီးက တောင်ယာတွေကို စွန့်တယ်ဆိုပြီး လုပ်တယ်။ တိုင်းတာက ဒီနေရာ စွန့်တာက တစ်နေရာ လွဲနေတယ်။ ဒါလည်း ဖြေရှင်းပေးတာမရှိဘူး" ဟု ဒေါဆိုရှေး တောင်သူ ဦးသောမတ်က ပြောသည်။

လက်ရှိ တောင်သူများဝင်ရောက်ထွန်ယက်သည့်မြေနေရာတွင် ဝင်ရောက်ထွန်ယက်စိုက်ပျိုးသည့် တောင်သူ (၁၀)ဦးမှာ ပိုင်နက်ကျူးလွန်မှုဖြင့် ၂၀၁၅ ခုနှစ်အတွင်းက တရားစွဲဆိုခံရဖူးကြောင်း သိရသည်။

ဒေါဆိုရှေးကျေးရွာမှ တပ်သိမ်းမြေနေရာမှာ ၂၀၀၂ ခုနှစ်က အမှတ် (၃၆၀)တပ်ရင်းလာတည်စဉ်က သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net