ကယားျပည္နယ္ေန႔ပြဲေတာ္ကာလအတြင္း အမိႈက္ စနစ္တက်စြန္႔ပစ္ေရး ပညာေပးေဆာင္ရြက္မည္

ကယားျပည္နယ္ေန႔ပြဲေတာ္ကာလအတြင္း အမိႈက္ စနစ္တက်စြန္႔ပစ္ေရး ပညာေပးေဆာင္ရြက္မည္
ဇန်နဝါရီ 5, 2019
By 🌸
 (၆၇) ႏွစ္ေျမာက္ ကယားျပည္နယ္ေန႕ပြဲေတာ္ကာလအတြင္း စနစ္တက် အမိႈက္စြန္႕ပစ္ေရးႏွင့္ အမိႈက္ေကာက္ျခင္းကို ဌာနဆိုင္ရာမ်ားႏွင့္ NGO၊ INGO၊  CSO ၊ လူမႈေရးအသင္းအဖြဲ႕မ်ားပူးေပါင္း၍ ေဆာင္ရြက္သြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

 “ပြဲေတာ္မစခင္ကတည္းက အမိႈက္ကို စနစ္တက်စြန္႔ပစ္ဖို႔၊ အမႈိက္နဲ႔ပတ္သက္တဲ့ အသိပညာေပး စာေစာင္ေတြကို လိုက္ေဝမယ္။ ေစ်းေရာင္းမယ့္ ေစ်းဆိုင္ခန္းေတြ၊ ေစ်းသည္ေတြကို လိုက္ေဝမယ္။  ေနာက္ ပညာေပး ပိုစတာေတြ၊ ဆိုင္းဘုတ္ေတြ စိုက္မယ္။  ပြဲေတာ္ကာလတစ္ေလွ်ာက္ ပညာေပးေတြ၊ စာေစာင္ေတြ လိုက္ေဝၾကမယ္။ အမႈိက္ေကာက္ၾကမယ္ေပါ့။ ေဈးသည္ေတြကိုေတာ့ သူ႔ဆိုင္ကထြက္တဲ့အမႈိက္ကို ေသခ်ာ စနစ္တက် သိမ္းဆည္းစြန္႔ပစ္ဖို႔ရယ္၊ လမ္းေတြမွာက်ေနတဲ့ အမႈိက္ေတြကိုေတာ့ ပူးေပါင္းၿပီး လိုက္ေကာက္ၾကမယ္။ ၿပီးေတာ့ ပြဲထဲမွာ led ဘုတ္ေထာင္ၿပီးေတာ့လည္း ပညာေပးတာေတြ ျပသထားမယ္ေပါ့ “ ဟု Future Women Association မွ ဒါရုိက္တာ မစႏၵာဝင္းက ေျပာသည္။

(၆၇) ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔ပြဲေတာ္အတြင္း သန္႔ရွင္းသာယာလွပေစေရးအတြက္ လူထုတစ္ရပ္လုံး စနစ္တက်အမိႈက္စြန္႔ပစ္ေရး အတူတကြ ပူးေပါင္းလုပ္ေဆာင္ၾကရန္ ျပည္နယ္အစိုးရက ဦးေဆာင္စီစဥ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဒါက ျပည္နယ္အစိုးရအဖြဲ႔က အားလံုးနဲ႔ပူးေပါင္းေဆာင္ရြက္ၾကဖို႔ဆိုၿပီး စီစဥ္တာပါ။ ကၽြန္ေတာ္တုိ႔ ပရဟိတအဖြဲ႔ကဆုိရင္ တစ္ရက္ကို (၂)ေယာက္ႏႈန္းပါဝင္ေပးဖို႔ ေခၚထားပါတယ္။ ကၽြန္ေတာ္တုိ႔ကေတာ့ ကိုယ့္ျပည္နယ္ကို သန္႔ရွင္းသာယာလွပတဲ့ျပည္နယ္ေလးျဖစ္ေစခ်င္ေတာ့ အားလံုးကို ပါဝင္ေစခ်င္ပါတယ္။ လူတုိင္းလူတုိင္း အေယာက္တုိင္း အေယာက္တုိင္း ပါဝင္ေစခ်င္ပါတယ္။ အမိႈက္ဆိုတာ စည္းကမ္းမဲ့ပစ္သူမရိွရင္ အမိႈက္လုိက္ေကာက္ရတာလည္း မလိုေတာ့ဘူးေပါ့”ဟု မဂၤလာပရဟိတအဖြဲ႕(လိြဳင္ေကာ္)မွ ကိုဘိုဘိုက ေျပာသည္။

၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၅)ရက္ေန႔တြင္ က်ေရာက္မည့္ (၆၇) နွစ္ေျမာက္ ကယားျပည္နယ္ေန႔ အထိမ္းအမွတ္အျဖစ္ ဇန္နဝါရီလ (၁၀)ရက္ေန႔မွ (၁၉)ရက္ေန႔အထိက်င္းပမည့္ပြဲေတာ္ကာလအတြင္း အမိႈက္စနစ္တက်စြန္႔ပစ္ေရးႏွင့္ အမိႈက္စုေပါင္းေကာက္ရန္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၃၁) ရက္ေန႔၌ ျပည္နယ္အစိုးရအဖြဲ႕ဝင္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဦးေဆာင္၍ ဌာနဆိုင္ရာမ်ား၊ NGO ၊ INGO ၊ CSO လူမႈေရးအဖြဲ႕အစည္းမ်ား အစည္းအေဝးျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အမိႈက္စနစ္တက်စြန္႔ပစ္ေရးအသိပညာေပးျခင္းကို ပြဲေတာ္မစတင္မီ ဇန္နဝါရီလ (၂) ရက္ေန႔မွစ၍ ျပင္ဆင္လုပ္ေဆာင္ေနၿပီး အသိပညာေပးလက္ကမ္းစာေစာင္မ်ား ျဖန္႕ေဝေပးျခင္း၊ အမႈိက္ေကာက္ျခင္းကို  ပြဲေတာ္အတြင္း ယာယီမ႑ပ္ထိုး၍ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ႏွစ္က ကယားျပည္နယ္ေန႔အခမ္းအနားတြင္ ပြဲေတာ္အတြင္း အမိႈက္မ်ားျဖင့္ အျမင္မတင့္တယ္သျဖင့္ ယခုႏွစ္တြင္ အမိႈက္စနစ္တက်စြန္႔ပစ္ေရးကို လုပ္ေဆာင္ျခင္းျဖစ္ၿပီး လုပ္ငန္းရွင္မ်ားကလည္း အမိႈက္အိတ္မ်ား ပါဝင္လွဴဒါန္းၾကေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကယားပြည်နယ်နေ့ပွဲတော်ကာလအတွင်း အမှိုက် စနစ်တကျစွန့်ပစ်ရေး ပညာပေးဆောင်ရွက်မည်
*************
 (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်ကာလအတွင်း စနစ်တကျ အမှိုက်စွန့်ပစ်ရေးနှင့် အမှိုက်ကောက်ခြင်းကို ဌာနဆိုင်ရာများနှင့် NGO၊ INGO၊  CSO ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

 “ပွဲတော်မစခင်ကတည်းက အမှိုက်ကို စနစ်တကျစွန့်ပစ်ဖို့၊ အမှိုက်နဲ့ပတ်သက်တဲ့ အသိပညာပေး စာစောင်တွေကို လိုက်ဝေမယ်။ ဈေးရောင်းမယ့် ဈေးဆိုင်ခန်းတွေ၊ ဈေးသည်တွေကို လိုက်ဝေမယ်။  နောက် ပညာပေး ပိုစတာတွေ၊ ဆိုင်းဘုတ်တွေ စိုက်မယ်။  ပွဲတော်ကာလတစ်လျှောက် ပညာပေးတွေ၊ စာစောင်တွေ လိုက်ဝေကြမယ်။ အမှိုက်ကောက်ကြမယ်ပေါ့။ ဈေးသည်တွေကိုတော့ သူ့ဆိုင်ကထွက်တဲ့အမှိုက်ကို သေချာ စနစ်တကျ သိမ်းဆည်းစွန့်ပစ်ဖို့ရယ်၊ လမ်းတွေမှာကျနေတဲ့ အမှိုက်တွေကိုတော့ ပူးပေါင်းပြီး လိုက်ကောက်ကြမယ်။ ပြီးတော့ ပွဲထဲမှာ led ဘုတ်ထောင်ပြီးတော့လည်း ပညာပေးတာတွေ ပြသထားမယ်ပေါ့ “ ဟု Future Women Association မှ ဒါရိုက်တာ မစန္ဒာဝင်းက ပြောသည်။

(၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် လူထုတစ်ရပ်လုံး စနစ်တကျအမှိုက်စွန့်ပစ်ရေး အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရန် ပြည်နယ်အစိုးရက ဦးဆောင်စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒါက ပြည်နယ်အစိုးရအဖွဲ့က အားလုံးနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့ဆိုပြီး စီစဉ်တာပါ။ ကျွန်တော်တို့ ပရဟိတအဖွဲ့ကဆိုရင် တစ်ရက်ကို (၂)ယောက်နှုန်းပါဝင်ပေးဖို့ ခေါ်ထားပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ပြည်နယ်ကို သန့်ရှင်းသာယာလှပတဲ့ပြည်နယ်လေးဖြစ်စေချင်တော့ အားလုံးကို ပါဝင်စေချင်ပါတယ်။ လူတိုင်းလူတိုင်း အယောက်တိုင်း အယောက်တိုင်း ပါဝင်စေချင်ပါတယ်။ အမှိုက်ဆိုတာ စည်းကမ်းမဲ့ပစ်သူမရှိရင် အမှိုက်လိုက်ကောက်ရတာလည်း မလိုတော့ဘူးပေါ့”ဟု မင်္ဂလာပရဟိတအဖွဲ့(လွိုင်ကော်)မှ ကိုဘိုဘိုက ပြောသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ (၁၀)ရက်နေ့မှ (၁၉)ရက်နေ့အထိကျင်းပမည့်ပွဲတော်ကာလအတွင်း အမှိုက်စနစ်တကျစွန့်ပစ်ရေးနှင့် အမှိုက်စုပေါင်းကောက်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့၌ ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဆောင်၍ ဌာနဆိုင်ရာများ၊ NGO ၊ INGO ၊ CSO လူမှုရေးအဖွဲ့အစည်းများ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အမှိုက်စနစ်တကျစွန့်ပစ်ရေးအသိပညာပေးခြင်းကို ပွဲတော်မစတင်မီ ဇန်နဝါရီလ (၂) ရက်နေ့မှစ၍ ပြင်ဆင်လုပ်ဆောင်နေပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အမှိုက်ကောက်ခြင်းကို  ပွဲတော်အတွင်း ယာယီမဏ္ဍပ်ထိုး၍ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ကယားပြည်နယ်နေ့အခမ်းအနားတွင် ပွဲတော်အတွင်း အမှိုက်များဖြင့် အမြင်မတင့်တယ်သဖြင့် ယခုနှစ်တွင် အမှိုက်စနစ်တကျစွန့်ပစ်ရေးကို လုပ်ဆောင်ခြင်းဖြစ်ပြီး လုပ်ငန်းရှင်များကလည်း အမှိုက်အိတ်များ ပါဝင်လှူဒါန်းကြကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~