လိြဳင္ေကာ္ၿမိဳ႕မွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ဖယ္ရွားေပးရန္ေတာင္းဆိုမႈကို ဧၿပီလအတြင္း ဒုတိယအႀကိမ္ ထပ္မံေဆြးေႏြးမည္

လိြဳင္ေကာ္ၿမိဳ႕မွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ဖယ္ရွားေပးရန္ေတာင္းဆိုမႈကို ဧၿပီလအတြင္း ဒုတိယအႀကိမ္ ထပ္မံေဆြးေႏြးမည္
မတ် 21, 2019
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ ပန္းၿခံအတြင္းထားရိွသည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ ဖယ္ရွားေပးရန္ ေတာင္းဆိုေနသည့္ ကရင္နီလူငယ္အင္အားစုႏွင့္ NRPC ကိုယ္စားလွယ္၊ ျပည္နယ္အစိုးရအဖြဲ႕၊ KNPP တို႔ ၂၀၁၉ ခုႏွစ္ ဧၿပီလအတြင္း ဒုတိယအႀကိမ္ထပ္မံညိႇႏိႈင္းေဆြးေႏြးမည္ျဖစ္ေၾကာင္း သိရသည္။

" ကြၽန္ေတာ္တို႔ အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးမႈေတြ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အားလုံးၿငိမ္းၿငိမ္း ခ်မ္းခ်မ္း နဲ႔ ေျဖ႐ွင္းႏိုင္ဖို႔ ဆက္ႀကိဳးစားသြားမွာပါ" ဟု ကယားျပည္နယ္အစိုးရအဖြဲ႔ အတြင္းေရးမွဴး ဦးညီညီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္တုအား ဖယ္ရွားေပးရန္ ဆႏၵျပေတာင္းဆိုေနၾကသည့္ ကရင္နီလူငယ္အင္အားစုႏွင့္  NRPC  ကိုယ္စားျပဳ (၅)ဦး၊ ကယားျပည္နယ္အစိုးရအဖြဲ႔မွ (၄)ဦး၊ ဗိုလ္ခ်ဳပ္ ေၾကး႐ုပ္ျဖစ္ေျမာက္ေရးေကာ္မတီမွ (၃) ဦး၊ လက္နက္ကိုင္အဖြဲ႕ျဖစ္သည့္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP)မွ (၄) ဦးတို႔သည္ မတ္လ (၂၀)ရက္ေန႔က ေတြ႔ဆံုေဆြးေႏြးရာ  ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဒၚခင္စည္သူႏွင့္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ခူးသဲရယ္တို႔ အသိသက္ေသအျဖစ္ တက္ေရာက္ၾကျခင္းျဖစ္သည္။

အဆိုပါေဆြးေႏြးပြဲတြင္ ပန္းၿခံအတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္တုေဘး၌ ကရင္နီတုိင္းရင္းသား ေခါင္းေဆာင္တစ္ဦး၏ ရုပ္တုထားရိွရန္၊ ပင္လံုစာခ်ဳပ္ပါအခ်က္မ်ားအား ကမၺည္းေက်ာက္စာေရးထိုး၍ ရုပ္တုမ်ားေဘးတြင္ထားရိွရန္ ျပည္နယ္အစိုးရက အဆိုျပဳထားၿပီး ကရင္နီလူငယ္အင္အားစုက ဗိုလ္ခ်ဳပ္ရုပ္တုအား ျပည္နယ္ျပင္ပသို႔ေရႊ႕ေပးရန္ သို႔မဟုတ္ အမ်ားႏွင့္မသက္ဆုိင္သည့္ေနရာတစ္ခုသို႔ ေရႊ႕ေပးရန္ အဆိုျပဳထားၾကသည္။

" ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ ရလဒ္အေျဖေတာ့ မရေပမဲ့ ကြၽန္ေတာ္တို႔ ျပည္နယ္အစိုးရအဖြဲ႔နဲ႔ အႀကိမ္ႀကိမ္ေတြ႔ဆုံခဲ့ေပမဲ့ အခုလိုႏွစ္ဖက္ေဆြးေႏြးမႈမဆန္ခဲ့ဘူး။ အစိုးဖက္က မိန္႔ခြန္းေျပာ သေဘာထားေျပာၿပီး ၿပီးသြားတယ္။ ခုအစည္းေဝးကေတာ့ တကယ္ေတြ႔ဆုံေဆြးေႏြးမႈဆန္တယ္။ ကြၽန္ေတာ္တို႔ကလည္း ေတြ႔ဆုံညိွႏိႈင္းမႈလမ္းစဥ္ ဖက္ကိုပဲ သြားခ်င္တာျဖစ္တယ္။ ဒါေၾကာင့္ ဒီေန႔အေျခအေနကို သေဘာတူလိုက္တာေပါ့။ ကြၽန္ေတာ္ေ႐ွ႕ဆက္ၿပီး ၿငိမ္းခ်မ္းေရးကိုေ႐ွး႐ႈၿပီး ဆက္ၿပီးေဆြးေႏြးသြားဖို႔ သေဘာတူခဲ့တာပါ " ဟု ကရင္နီလူငယ္အင္အားစုမွ ခြန္ေသာမတ္စ္က ေျပာသည္။

ေဆြးေႏြးမႈအၿပီးတြင္ သေဘာထားကြဲလြဲေနမႈမ်ားအား ဒုတိယအႀကိမ္ထပ္မံေဆြးေႏြးရန္ သေဘာတူဆံုးျဖတ္လုိက္ၿပီး အဆိုပါေဆြးေႏြးမႈတြင္ ဗိုလ္ခ်ဳပ္ေၾကးရုပ္ျဖစ္ေျမာက္ေရးေကာ္မတီ ပါဝင္ေတာ့မည္မဟုတ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လွိုင်ကော်မြို့မှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖယ်ရှားပေးရန်တောင်းဆိုမှုကို ဧပြီလအတွင်း ဒုတိယအကြိမ် ထပ်မံဆွေးနွေးမည်
**************
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပန်းခြံအတွင်းထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားပေးရန် တောင်းဆိုနေသည့် ကရင်နီလူငယ်အင်အားစုနှင့် NRPC ကိုယ်စားလှယ်၊ ပြည်နယ်အစိုးရအဖွဲ့၊ KNPP တို့ ၂၀၁၉ ခုနှစ် ဧပြီလအတွင်း ဒုတိယအကြိမ်ထပ်မံညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးငြိမ်းငြိမ်း ချမ်းချမ်း နဲ့ ဖြေရှင်းနိုင်ဖို့ ဆက်ကြိုးစားသွားမှာပါ" ဟု ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုအား ဖယ်ရှားပေးရန် ဆန္ဒပြတောင်းဆိုနေကြသည့် ကရင်နီလူငယ်အင်အားစုနှင့်  NRPC  ကိုယ်စားပြု (၅)ဦး၊ ကယားပြည်နယ်အစိုးရအဖွဲ့မှ (၄)ဦး၊ ဗိုလ်ချုပ် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ (၃) ဦး၊ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ (၄) ဦးတို့သည် မတ်လ (၂၀)ရက်နေ့က တွေ့ဆုံဆွေးနွေးရာ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခူးသဲရယ်တို့ အသိသက်သေအဖြစ် တက်ရောက်ကြခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တုဘေး၌ ကရင်နီတိုင်းရင်းသား ခေါင်းဆောင်တစ်ဦး၏ ရုပ်တုထားရှိရန်၊ ပင်လုံစာချုပ်ပါအချက်များအား ကမ္ဗည်းကျောက်စာရေးထိုး၍ ရုပ်တုများဘေးတွင်ထားရှိရန် ပြည်နယ်အစိုးရက အဆိုပြုထားပြီး ကရင်နီလူငယ်အင်အားစုက ဗိုလ်ချုပ်ရုပ်တုအား ပြည်နယ်ပြင်ပသို့ရွှေ့ပေးရန် သို့မဟုတ် အများနှင့်မသက်ဆိုင်သည့်နေရာတစ်ခုသို့ ရွှေ့ပေးရန် အဆိုပြုထားကြသည်။

" ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်အဖြေတော့ မရပေမဲ့ ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ပေမဲ့ အခုလိုနှစ်ဖက်ဆွေးနွေးမှုမဆန်ခဲ့ဘူး။ အစိုးဖက်က မိန့်ခွန်းပြော သဘောထားပြောပြီး ပြီးသွားတယ်။ ခုအစည်းဝေးကတော့ တကယ်တွေ့ဆုံဆွေးနွေးမှုဆန်တယ်။ ကျွန်တော်တို့ကလည်း တွေ့ဆုံညှိနှိုင်းမှုလမ်းစဉ် ဖက်ကိုပဲ သွားချင်တာဖြစ်တယ်။ ဒါကြောင့် ဒီနေ့အခြေအနေကို သဘောတူလိုက်တာပေါ့။ ကျွန်တော်ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးကိုရှေးရှုပြီး ဆက်ပြီးဆွေးနွေးသွားဖို့ သဘောတူခဲ့တာပါ " ဟု ကရင်နီလူငယ်အင်အားစုမှ ခွန်သောမတ်စ်က ပြောသည်။

ဆွေးနွေးမှုအပြီးတွင် သဘောထားကွဲလွဲနေမှုများအား ဒုတိယအကြိမ်ထပ်မံဆွေးနွေးရန် သဘောတူဆုံးဖြတ်လိုက်ပြီး အဆိုပါဆွေးနွေးမှုတွင် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ပါဝင်တော့မည်မဟုတ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net