KNDF B-09 နယ်မြေအတွင်း စစ်ကောင်စီတပ်က ဒေသခံတစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ်သွား

KNDF B-09 နယ်မြေအတွင်း စစ်ကောင်စီတပ်က ဒေသခံတစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ်သွား
ဧပြီ 6, 2022 | ကယား

 ကရင်နီ(ကယား)ပြည်နယ်၊ Karenni Nationalities Defence Force (KNDF) B-09 ၏ နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လက်ပြန်ကြိုးတုပ်က မီးရှို့သတ်ဖြတ်ထားသည့် ဒေသခံတစ်ဦး၏ အလောင်းကို ဧပြီလ(၅)ရက်နေ့က တွေ့ရှိခဲ့ကြောင်း ယနေ့ ဧပြီလ(၆)ရက်တွင် သတင်း ထုတ်ပြန်လာသည်။

KNDF B-09 ရဲဘော်များမှ နယ်မြေရှင်းလင်းမှု ပြုလုပ်ရာတွင် (၆) မိုင်ကျေးရွားတွင်း၌ အာဏာသိမ်းစစ်ကောင်စီတပ်များက ဖမ်းဆီးသတ်ဖြတ်ထားသည့် ရုပ်အလောင်းအားတွေ့ရှိခဲ့ရသဖြင့် ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ကျန်ရှိ မြေပြင်အနေထားများကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNDF B-09