ဖားဆောင်းမြို့နယ်အတွင်း မော်ချီးဒေသတွင် မြေပြိုမှုကြောင့် လမ်းနှင့်နေအိမ်ပျက်စီး

ဖားဆောင်းမြို့နယ်အတွင်း မော်ချီးဒေသတွင် မြေပြိုမှုကြောင့် လမ်းနှင့်နေအိမ်ပျက်စီး
သြဂုတ် 23, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင် မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါပြီး လမ်းနှင့်နေအိမ်များ ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ၂၀၂၂ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့သို့ အကူးပိုင်းအချိန်က မြေပြိုကျမှု ဖြစ်ပွားခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်မှု မရှိသော်လည်း လမ်းနှင့်နေအိမ်များ ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။

မိုးရာသီကာလများတွင် မော်ချီးဒေသအတွင်း၌ ယခုလို မြေသားနံရံပြိုမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

#TachileikNewsAgency

Photo: Kaka Benjiro