အမျိုးသား(၅)ဦးကို စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် KNDF က ဖမ်းဆီးရမိ

Photo: KNDF  B10
Photo: KNDF B10
အမျိုးသား(၅)ဦးကို စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် KNDF က ဖမ်းဆီးရမိ
ဧပြီ 12, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) အမှတ်(၁၀)တပ်ရင်းနယ်မြေအတွင်း အမျိုးသား(၅)ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိကြောင်း ယနေ့ ၂၀၂၂ခုနှစ် ဧပြီလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အမျိုးသား(၅)ဦးကို ဧပြီလ(၁၀)ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က စိတ်ကြွရူးသွပ်ဆေးပြား (၃၅၀)ပြား၊ လက်ကိုင်ဖုန်း (၅)လုံး၊ Power bank (၃)လုံး နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်၍ CDM ရဲများဖြင့် ဖွဲ့စည်းထားသည့် ကရင်နီရဲဌာန( KSP ) ထံ လွှဲပြောင်းအပ်နှံပေးလိုက်ကြောင်း KNDF က သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။

KNDF ၏ နယ်မြေများအတွင် ယခုလို ဖမ်းဆီးရမိသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တရားခံများကို KSP ထံ လွှဲပြောင်းပေးလေ့ရှိသည်ဟု သိရသည်။

#TachileikNewsAgency