လွိုင်ကော်မြို့လယ်ရှိ လောဓမ္မရပ်ကွက်ရုံး မီးလောင်မှု ဖြစ်ပွားနေ 

လွိုင်ကော်မြို့လယ်ရှိ လောဓမ္မရပ်ကွက်ရုံး မီးလောင်မှု ဖြစ်ပွားနေ 
မေ 6, 2021 | ကယား

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့လည် လောဓမ္မရပ်ကွက်အုက်ချုပ်ရေးမှူးရုံးတွင် ၂၀၂၁ခုနှစ် မေလ (၆)ရက်နေ့အကူး နံနက် (၁)နာရီကျော် အချိန်ခန့်မှစ၍ မီးလောင်နေကြောင်းသိရသည်။ 

လက်ရှိတွင် လောဓမ္မရပ်ကွက်ရုံးတွင် မီးသတ်တပ်ဖွဲ့များ ရောက်ရှိ​နေပြီး  မီးငြိမ်းသတ်လျှက်ရှိနေသေးကြောင်း အဆိုပါနေရာတွင် ရောက်ရှိနေသော ဒေသခံတစ်ဦးက ပြောသည်။ 

ခု မီးသတ်ကားတွေ ရောက်လာပြီး ငြိမ်းနေကြတယ်။ မီးတော့ မငြိမ်းသေးဘူ။ ငြိမ်းခါနီးနေပြီ။ စစ်ကားတွေလည်းရှိနေတယ်။ ဘယ်သူလာရှို့လဲ မသ်ရဘူး

ဟု အဆိုပါနေရာ သို့ရောက်ရှိနေသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ မှ အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ တွင် ဧပြီလ (၂၅)ရက်နေ့ ညပိုင်းက ဒေါတမရပ်ကွက်ရုံး မီးလောင်ခဲ့ပြီး ယနေ့ မေလ(၆)ရက်နေ့တွင် ဒုတိယမြောက်အဖြစ် လောဓမ္မရပ်ကွက်ရုံးအား မီးလောင်ကျွမ်းနေခြင်းဖြစ်သည်။