(၆၁)ႀကိမ္ေျမာက္ စုေပါင္းေက့ထ်ိဳးဘိုး (ခ) ဂန္းခြမ့္တံခြန္တုိင္ပြဲေတာ္ကို ဒီေမာ့ဆိုၿမိဳ႕နယ္ ေဒါခလုိက္လင္းေက်းရြာတြင္ ဧၿပီလ(၅)ရက္ေန႔တြင္ စတင္မည္

(၆၁)ႀကိမ္ေျမာက္ စုေပါင္းေက့ထ်ိဳးဘိုး (ခ) ဂန္းခြမ့္တံခြန္တုိင္ပြဲေတာ္ကို ဒီေမာ့ဆိုၿမိဳ႕နယ္ ေဒါခလုိက္လင္းေက်းရြာတြင္ ဧၿပီလ(၅)ရက္ေန႔တြင္ စတင္မည္
မတ် 28, 2019
By Tachileik News Agency

(၆၁) ႀကိမ္ေျမာက္ စုေပါင္းေက့ထ်ိဳးဘိုး(ခ)ဂန္းခြမ့္တံခြန္တိုင္ပြဲေတာ္ကို ကယားျပည္နယ္၊ ဒီေမာ့ဆိုၿမိဳ႕နယ္၊ ေငြေတာင္ေက်းရြာအုပ္စု၊ ေဒါခလုိက္လင္းေက်းရြာတြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၅)ရက္ေန႔မွ (၉)ရက္ေန႔အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါပြဲေတာ္မွာ ေက့ထ်ိဳးဘိုး႐ိုးရာအား ကိုးကြယ္ယုံၾကည္ၾကသည့္မ်ိဳးႏြယ္စုမ်ား၏ ပြဲေတာ္တစ္ခုျဖစ္ၿပီး ေရာဂါဘယကင္းရွင္းရန္၊ မုိးေလ၀သမွန္ရန္၊ စုိက္ပ်ဳိးသီးႏွံမ်ား ေအာင္ျမင္ေစရန္၊ သဘာ၀ေဘးအႏၱရာယ္မ်ားမွ ကင္းေဝးေစရန္ႏွင့္ တုိင္းျပည္ စည္ပင္သာယာ၀ေျပာေစရန္ ယံုၾကည္ခ်က္မ်ားျဖင့္ ႏွစ္စဥ္တန္ခူးလဆန္းတြင္ က်င္းပေလ့ရိွသည့္ပြဲေတာ္တစ္ခုျဖစ္သည္။

စုေပါင္းေက့ထ်ိဳးဘိုး(ခ)ဂန္းခြမ့္တံခြန္တိုင္ပြဲေတာ္ကို ေက်းရြာတစ္ခုတြင္ အလွည့္က်က်င္းပၿပီးေနာက္ မိမိတို႔ေက်းရြာအလုိက္ပြဲေတာ္မ်ားကိုလည္း ထပ္မံက်င္းပၾကရာ အႀကိမ္ (၆၀)ေျမာက္စုေပါင္းပြဲေတာ္ကို ၂၀၁၈ ခုႏွစ္က ဒီးေမာ့ဆိုၿမိဳ႕ ၊ေဒါတငူး(ေ႐ွ႕) ေက်းရြာတြင္ က်င္းပခဲ့ျခင္းျဖစ္သည္။

ပြဲေတာ္က်င္းပရန္ ရုိးရာေက့ထ်ဳိးဘုိးတုိင္ေတာ္အား ခုတ္ယူရာတြင္ ေက့ထ်ဳိးဘုိး ဗ်ာစယ္မွ ၾကက္ရုိး ေဗဒင္ေမး၍ ေဆာင္ရြက္ရၿပီး ခုတ္ယူရာသို႔ အမ်ိဳးသမီးမ်ား လိုက္ပါခြင့္မ႐ွိဘဲ အမ်ိဳးသားမ်ားကသာ လူအင္အားျဖင့္ သြားေရာက္ခုတ္ယူရျခင္းျဖစ္သည္။

ေက့ထ်ိဳးဘိုးတုိင္ေတာ္ခုတ္ယူသည့္ေနရာမွ စိုက္ထူမည့္ေနရာထိ အမ်ိဳးသားမ်ားက ႀကိဳးမ်ားျဖင့္ဆြဲကာ အိုးစည္ဗံုေမာင္းအတီး၊အကတုိ႔ျဖင့္ ယူေဆာင္လာရၿပီး အမ်ိဳးသမီးမ်ားက ရြာအဝင္မွ သေျပပန္းႏွင့္ ေရပက္ဖ်န္းႀကဳိဆုိၾကရျခင္းျဖစ္သည္။

ပထမအႀကိမ္ စုေပါင္းေက့ထ်ိဳးဘိုး ႐ုိးရာပြဲေတာ္အား ၁၉၅၈ ခုႏွစ္တြင္ ဒီးေမာ့ဆိုၿမိဳ႕ ၊ ေဒါတငူး(ေ႐ွ႕) ေက်းရြာ၌ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးစဝ္ဝဏၰက ဦးေဆာင္က်င္းပခဲ့ၿပီး ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ဦးႏု တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
Photo: Jens Uwe Parkitny



~~~~~~~~⊰❂ Unicode Version ~~~~~~~~

(၆၁) ကြိမ်မြောက် စုပေါင်းကေ့ထျိုးဘိုး(ခ)ဂန်းခွမ့်တံခွန်တိုင်ပွဲတော်ကို ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါခလိုက်လင်းကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်မှာ ကေ့ထျိုးဘိုးရိုးရာအား ကိုးကွယ်ယုံကြည်ကြသည့်မျိုးနွယ်စုများ၏ ပွဲတော်တစ်ခုဖြစ်ပြီး ရောဂါဘယကင်းရှင်းရန်၊ မိုးလေဝသမှန်ရန်၊ စိုက်ပျိုးသီးနှံများ အောင်မြင်စေရန်၊ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန်နှင့် တိုင်းပြည် စည်ပင်သာယာဝပြောစေရန် ယုံကြည်ချက်များဖြင့် နှစ်စဉ်တန်ခူးလဆန်းတွင် ကျင်းပလေ့ရှိသည့်ပွဲတော်တစ်ခုဖြစ်သည်။

စုပေါင်းကေ့ထျိုးဘိုး(ခ)ဂန်းခွမ့်တံခွန်တိုင်ပွဲတော်ကို ကျေးရွာတစ်ခုတွင် အလှည့်ကျကျင်းပပြီးနောက် မိမိတို့ကျေးရွာအလိုက်ပွဲတော်များကိုလည်း ထပ်မံကျင်းပကြရာ အကြိမ် (၆၀)မြောက်စုပေါင်းပွဲတော်ကို ၂၀၁၈ ခုနှစ်က ဒီးမော့ဆိုမြို့၊ဒေါတငူး(ရှေ့) ကျေးရွာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ပွဲတော်ကျင်းပရန် ရိုးရာကေ့ထျိုးဘိုးတိုင်တော်အား ခုတ်ယူရာတွင် ကေ့ထျိုးဘိုး ဗျာစယ်မှ ကြက်ရိုး ဗေဒင်မေး၍ ဆောင်ရွက်ရပြီး ခုတ်ယူရာသို့ အမျိုးသမီးများ လိုက်ပါခွင့်မရှိဘဲ အမျိုးသားများကသာ လူအင်အားဖြင့် သွားရောက်ခုတ်ယူရခြင်းဖြစ်သည်။

ကေ့ထျိုးဘိုးတိုင်တော်ခုတ်ယူသည့်နေရာမှ စိုက်ထူမည့်နေရာထိ အမျိုးသားများက ကြိုးများဖြင့်ဆွဲကာ အိုးစည်ဗုံမောင်းအတီး၊အကတို့ဖြင့် ယူဆောင်လာရပြီး အမျိုးသမီးများက ရွာအဝင်မှ သပြေပန်းနှင့် ရေပက်ဖျန်းကြိုဆိုကြရခြင်းဖြစ်သည်။

ပထမအကြိမ် စုပေါင်းကေ့ထျိုးဘိုး ရိုးရာပွဲတော်အား ၁၉၅၈ ခုနှစ်တွင် ဒီးမော့ဆိုမြို့၊ ဒေါတငူး(ရှေ့) ကျေးရွာ၌ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်ဝဏ္ဏက ဦးဆောင်ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု တက်ရောက်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
Photo: Jens Uwe Parkitny

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net