ရှမ်း - ကယားနယ်စပ် လွိုင်ကော်မြို့နယ်အတွင်း လင်ဖုံလေးလမ်းခွတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ဘက်တော်သားများက ပြောက်ကျားနည်းဖြင့် ဝင်တိုက် 

Photo: PDF Pekhon
Photo: PDF Pekhon
ရှမ်း - ကယားနယ်စပ် လွိုင်ကော်မြို့နယ်အတွင်း လင်ဖုံလေးလမ်းခွတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ဘက်တော်သားများက ပြောက်ကျားနည်းဖြင့် ဝင်တိုက် 
ဖေဖော်ဝါရီ 7, 2022 | ကယား

ရှမ်း - ကယားနယ်စပ် လွိုင်ကော်မြို့နယ်၊ ကုန်းသာရွာအနီး၊ လင်ဖုံလေးလမ်းခွတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၇) ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ သေဆုံးမှု ဆယ်ဂဏန်းနီးပါးရှိသည်ဟု ဖယ်ခုံ PDF က သတင်းထုတ်ပြန်သည်။

ဖယ်ခုံ PDF နှင့် KNDF တို့ ပူးပေါင်းပြီး ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ(၂၉)ရက်နေ့ကလည်း ဖယ်ခုံမြို့ ကုန်းဆုံဘုရားတောင်တွင်ရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် (၁၀)ဦးထက်မနည်း သေခဲ့ကြောင်း သိရသည်။