လွိုင်လင်ခရိုင်အတွင်း (၄.၃)အဆင့်ရှိ ငလျင် လှုပ်ခတ်သွား

လွိုင်လင်ခရိုင်အတွင်း (၄.၃)အဆင့်ရှိ ငလျင် လှုပ်ခတ်သွား
ဧပြီ 23, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ လွိုင်လင်ခရိုင်အတွင်း ယနေ့ ၂၀၂၂ခုနှစ် ဧပြီလ(၂၃)ရက်နေ့ နံနက်(၂)နာရီ (၄၁)မိနစ် (၁)စက္ကန့်အချိန်က အင်အား ရစ်ချ်စတာစကေး (၄.၃)အဆင့်ရှိ အလတ်စား ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာန၏ အသိပေးချက်အရ သိရသည်။

"ငလျင်လှုပ်သွားတာ အိမ်ခါသွားတယ်။ လှုပ်တာတော့ ခဏပဲ လှုပ်တယ်။ ဒါပေမဲ့ အရင်တခါလောက် မကြာဘူး။ မကြမ်းဘူး။"ဟု နမ့်စန်မြို့မှ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ငလျင်မှာ လွိုင်လင်ခရိုင်အတွင်း လဲချားမြို့နယ်တွင် အဓိက လှုပ်ခတ်သွားသော်လည်း ခရိုင်အတွင်း နမ့်စန်မြို့ အပါအဝင် နီးစပ်ရာမြို့များထိ သိသာစေခဲ့သည်ဟု ဒေသခံများထံက သိရသည်။



ပြီးခဲ့သည့် ဧပြီလ (၁၀)ရက်နေ့ကလည်း  ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း လွိုင်လင် -  လဲချား - နမ့်စန် - ကွန်ဟိန်း - ကျေးသီးမြို့နှင့် နီးစပ်ရာမြို့များတွင်လည်း အချိန်အနည်းငယ် ကြာမြှင့်သည့် အင်အား  ရစ်ချ်တာစကေး(၅.၁) ရှိ ငလျင် လှုပ်ခတ်သွားသေးသည်။