ပင်းတယမြို့နယ်အတွင်း အင်းငယ်ရွာရှိ Mytel တာဝါတိုင်ကို တော်လှန်ရေးအဖွဲ့က ဖောက်ခွဲ

ပင်းတယမြို့နယ်အတွင်း အင်းငယ်ရွာရှိ Mytel တာဝါတိုင်ကို တော်လှန်ရေးအဖွဲ့က ဖောက်ခွဲ
မတ် 25, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပင်းတယမြို့နယ် အင်းငယ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ငန်းတခုဖြစ်သည့် Mytel တာဝါတိုင်ကို မတ်လ(၂၄)ရက်နေ့ ညပိုင်းက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း တောင်ကြီး PDF က သတင်းထုတ်ပြန်လာသည်။

ယင်းဖောက်ခွဲမှုကို ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) နှင့် တောင်ကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)  ပူးပေါင်းတပ်ဖွဲ့ တပ်ခွဲ (၂)တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်အမြန်ကျရှုံးစေရေးအတွက် စစ်ကောင်စီနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပေါင်းတပ်ဖွဲ့ထံသို့ ပေးပို့ကြရန်လည်း မေတ္တာရပ်ခံထားရှိသည်။