ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ အေရးေပၚကယ္ဆယ္ေရး ႏွင့္ လူနာမ်ားအား နယ္စပ္တံတားေပၚမွ အဆင္ေျပလ်င္ျမန္စြာ သယ္ယူပို႔ေဆာင္ေပးႏိုင္ေရးအတြက္ သင္တန္းပို႔ခ်ရာ ျမန္မာ လူမႈကူညီေရးအသင္း (၅)သင္း တက္ေရာက္

ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ အေရးေပၚကယ္ဆယ္ေရး ႏွင့္ လူနာမ်ားအား နယ္စပ္တံတားေပၚမွ အဆင္ေျပလ်င္ျမန္စြာ သယ္ယူပို႔ေဆာင္ေပးႏိုင္ေရးအတြက္ သင္တန္းပို႔ခ်ရာ ျမန္မာ လူမႈကူညီေရးအသင္း (၅)သင္း တက္ေရာက္
မတ် 28, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ - မယ္ဆိုင္အၾကား ႀကံဳေတြ႔ရသည့္ ေရာဂါမ်ား ႀကိဳတင္ျပင္ဆင္ပူးေပါင္း ကာကြယ္ေရး ႏွင့္ လူနာမ်ားအား နယ္စပ္တံတားမွ တဆင့္ လ်င္ျမန္စြာ သယ္ယူပို႔ေဆာင္ေပးႏုိင္ေရး
ကိစၥမ်ားႏွင့္ ပတ္သက္၍ ႏွစ္ရက္တာ သင္တန္းအား ၂၀၁၉ခုႏွစ္ မတ္လ(၂၈)ရက္ေန႔က စ၍ ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ Piyaporn Pavilion Hotel တြင္ က်င္းပျပဳလုပ္ရာ ျမန္မာ လူမႈကူညီေရးအသင္း(၅)သင္း တက္ေရာက္ေၾကာင္း သိရသည္။

ျမန္မာလူမႈကူညီေရးအသင္းမ်ားျဖစ္သည့္ မယ္ဆိုင္ၿမိဳ႕မွ လူမႈက႐ုဏာလူမႈကူညီေရးအသင္း၊ တာခ်ီလိတ္ၿမိဳ႕မွ အလင္းေရာင္ပရဟိတအသင္း ႏွင့္ မဇၥ်ိမလူမႈကူညီေရးအသင္း၊ တာေလၿမိဳ႕မွ  ေလာကပါလပရဟိတ လူမႈကူညီေရးအင္အားစု ႏွင့္ မိုင္းျဖတ္ၿမိဳ႕မွ သဂၤဟလူမႈကူညီေရးအသင္း စုစုေပါင္း လူမႈကူညီေရးအသင္း (၅)သင္း သင္တန္းတက္ေရာက္ၾကျခင္း ျဖစ္သည္။

သင္တန္းတြင္ နယ္စပ္အၾကား ႀကံဳေတြ႔ရတတ္သည့္ ေရာဂါမ်ား ႀကိဳတင္ျပင္ဆင္ပူးေပါင္းကာကြယ္ေရး ႏွင့္ လူနာမ်ားအား နယ္စပ္တံတားမွ တဆင့္ လ်င္ျမန္စြာ သယ္ယူပို႔ေဆာင္ေပးႏုိင္ေရးကိစၥ အပါအ၀င္  အေရးေပၚ လူနာမ်ားအား မွန္ကန္ေသာ နည္းလမ္းျဖင့္ ကူညီေဖးမေပးႏိုင္ရန္အတြက္ အေရးေပၚကယ္ဆယ္ျခင္းမ်ားကို ေဆြးေႏြးသင္ၾကားသည္။

"ဒီလိုသင္တန္းေတြမၾကာ မၾကာတတ္ရျခင္းေၾကာင့္  လူနာေတြကို ကိုင္တြယ္ျပဳစုတတ္လာတယ္၊ ထိုင္းႏိုင္ငံ မယ္ဆိုင္ေဆးရုံေဆးခန္းနဲ႔ဌာနဆိုင္ရာေတြနဲ႔လူမူေရးအသင္းအဖြဲ႕ေတြနဲ႔ ခ်ိက္ဆက္လုပ္ကိုင္ရတာပိုမိုျမန္ဆန္ အဆင္ေျပလာတယ္၊ သူတို႔ဘက္ကလဲ လိုအပ္ခ်က္ေတြေမးေမးၿပီးျဖည့္ဆည္းေပးလာတယ္"ဟု အဆိုပါ သင္တန္းသို႔ သြားတက္ရာတြင္ ပါ၀င္သည့္ တာခ်ီလိတ္ၿမိဳ႕ အလင္းေရာင္ပရဟိတအသင္းမွ ကိုေမာင္၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ သင္တန္းတြင္ ခ်င္းရိုင္းခရိုင္ က်န္းမာေရးညႊန္ၾကားေရးမွဴး အပါအ၀င္ မယ္ဆိုင္ျပည္သူ႔ေဆးရံုမွ တာ၀န္ရွိသူမ်ား ႏွင့္ မယ္ဆိုင္ၿမိဳ႕ရွိ လူမႈေရးအသင္းအဖြဲ႔မ်ားလည္း တက္ေရာက္ခဲ့ေၾကာင္းႏွင့္ သင္တန္းအား ၂၀၁၉ခုႏွစ္ မတ္လ(၂၈)ရက္ေန႔ မွ မတ္လ(၂၉)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - ကိုေမာင္၀င္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ် - မယ်ဆိုင်အကြား ကြုံတွေ့ရသည့် ရောဂါများ ကြိုတင်ပြင်ဆင်ပူးပေါင်း ကာကွယ်ရေး နှင့် လူနာများအား နယ်စပ်တံတားမှ တဆင့် လျင်မြန်စွာ သယ်ယူပို့ဆောင်ပေးနိုင်ရေး

ကိစ္စများနှင့် ပတ်သက်၍ နှစ်ရက်တာ သင်တန်းအား ၂၀၁၉ခုနှစ် မတ်လ(၂၈)ရက်နေ့က စ၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Piyaporn Pavilion Hotel တွင် ကျင်းပပြုလုပ်ရာ မြန်မာ လူမှုကူညီရေးအသင်း(၅)သင်း တက်ရောက်ကြောင်း သိရသည်။

မြန်မာလူမှုကူညီရေးအသင်းများဖြစ်သည့် မယ်ဆိုင်မြို့မှ လူမှုကရုဏာလူမှုကူညီရေးအသင်း၊ တာချီလိတ်မြို့မှ အလင်းရောင်ပရဟိတအသင်း နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း၊ တာလမြေို့မှ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစု နှင့် မိုင်းဖြတ်မြို့မှ သဂငှ်လူမှုကူညီရေးအသင်း စုစုပေါင်း လူမှုကူညီရေးအသင်း (၅)သင်း သင်တန်းတက်ရောက်ကြခြင်း ဖြစ်သည်။

သင်တန်းတွင် နယ်စပ်အကြား ကြုံတွေ့ရတတ်သည့် ရောဂါများ ကြိုတင်ပြင်ဆင်ပူးပေါင်းကာကွယ်ရေး နှင့် လူနာများအား နယ်စပ်တံတားမှ တဆင့် လျင်မြန်စွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးကိစ္စ အပါအဝင် အရေးပေါ် လူနာများအား မှန်ကန်သော နည်းလမ်းဖြင့် ကူညီဖေးမပေးနိုင်ရန်အတွက် အရေးပေါ်ကယ်ဆယ်ခြင်းများကို ဆွေးနွေးသင်ကြားသည်။

"ဒီလိုသင်တန်းတွေမကြာ မကြာတတ်ရခြင်းကြောင့် လူနာတွေကို ကိုင်တွယ်ပြုစုတတ်လာတယ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံဆေးခန်းနဲ့ဌာနဆိုင်ရာတွေနဲ့လူမူရေးအသင်းအဖွဲ့တွေနဲ့ ချိက်ဆက်လုပ်ကိုင်ရတာပိုမိုမြန်ဆန် အဆင်ပြေလာတယ်၊ သူတို့ဘက်ကလဲ လိုအပ်ချက်တွေမေးမေးပြီးဖြည့်ဆည်းပေးလာတယ်"ဟု အဆိုပါ သင်တန်းသို့ သွားတက်ရာတွင် ပါဝင်သည့် တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်းမှ ကိုမောင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သင်တန်းတွင် ချင်းရိုင်းခရိုင် ကျန်းမာရေးညွှန်ကြားရေးမှူး အပါအဝင် မယ်ဆိုင်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများ နှင့် မယ်ဆိုင်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များလည်း တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းအား ၂၀၁၉ခုနှစ် မတ်လ(၂၈)ရက်နေ့ မှ မတ်လ(၂၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကိုမောင်ဝင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net