တာချီလိတ်မြို့ပေါ် စာသင်ကျောင်း (၂)ကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်မည် မည်သူမဆို ပါဝင်နိုင်

တာချီလိတ်မြို့ပေါ် စာသင်ကျောင်း (၂)ကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်မည် မည်သူမဆို ပါဝင်နိုင်
ဇွန် 1, 2018
By Tachileik News Agency







~~~~~~~~⊰❂ unicode ~~~~~~~~

ကျောင်းဖွင့်ကာလရောက်ပြီဖြစ်၍ ဇွန်လ(၂)ရက် နှင့် (၃)ရက်နေ့များ၌ တာချီလိတ်မြို့ပေါ် အခြေခံပညာ စာသင်ကျောင်း (၂)ကျောင်းတွင် စုပေါင်း သန့်ရှင်းရေးများ ပြုလုပ်ကြမည်ဖြစ်၍ မည်သူမဆို လာရောက်၍ လုပ်အားဒါန ပြုနိုင်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇွန်လ(၂)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(ပုန်းထွန်) နှင့် ဇွန်လ(၃)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် မကာဟိုခမ်း ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အတွင်းတို့တွင် စုပေါင်း သန့်ရှင်းရေး ပြုလုပ်ကြမည်ဖြစ်သည်။

၂၀၁၈ခုနှစ် မေလ(၂၀)ရက်နေ့က တာချီလိတ်မြို့၊ တာလော့ရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်း ကျောင်းခွဲ(တာလော့)အတွင်းမှ ချုံနွယ်များအား ရဲတပ်ဖွဲ့နှင့်မီးသတ်အပါအဝင် လူမှုကူညီရေးအသင်းများမ စုပေါင်းခုတ်ထွင် ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~