တာချီလိတ်မြို့တွင် စနေနေ့တိုင်းအပတ်စဉ်အမှိုက်ကောက်မှုအဖြစ် အထက တာချီလိတ်ကျောင်းဝင်းတွင်း စုပေါင်းအမှိုက်ကောက်
တာချီလိတ်မြို့တွင် စနေနေ့တိုင်းအပတ်စဉ်အမှိုက်ကောက်မှုအဖြစ် အထက တာချီလိတ်ကျောင်းဝင်းတွင်း စုပေါင်းအမှိုက်ကောက်
ဇှနျ 15, 2019
By Tachileik News Agency
နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများရှိနေဆဲဖြစ်သဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံများပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ခြင်းကို ဆောင်ရွက်နေကြခြင်းဖြစ်သည်။
အပတ်စဉ်အမှိုက်ကောက်သည့် အစီအစဉ်ကို ဆက်လက်၍ ၂၀၁၉ခုနှစ် ဇွန်လ (၂၂)ရက်နေ့တွင် ဝမ်ကောင်းရပ်ကွက်၊ ဇွန်လ (၂၉)ရက်နေ့တွင် တာချီလိတ်ရွှေတိဂုံစေတီ၊ ဇူလိုင်လ (၆)ရက်နေ့တွင် နဂါးနှစ်ကောင်ဘုန်းကြီးကျောင်းတိုက်၊ ဇူလိုင်လ (၁၃)ရက်နေ့တွင် ရှမ်းရိုးမကွင်း၊ ဇူလိုင်လ (၂၀)ရက်နေ့တွင် ရွှေပြည်သာဈေး၊ ဇူလိုင်လ (၂၇)ရက်နေ့တွင် ပါလျှံဈေး(ရန်အောင်မြေရပ်ကွက်)၊  သြဂုတ်လ (၃)ရက်နေ့တွင် တာဝေမီးစက်အနီး၊ သြဂုတ်လ (၁၀)ရက်နေ့တွင် အထက(ဟောင်လိတ်)၊  သြဂုတ်လ (၁၇)ရက်နေ့တွင် လေယာဉ်ကွင်းအဝင်လမ်း၊ သြဂုတ်လ (၂၄)ရက်နေ့တွင် ပုန်းထွန်ဈေးနှင့် သြဂုတ်လ (၃၁)ရက်နေ့တွင် အထက(ဆန်ဆိုင်း)ကျောင်းတို့တွင်  သန့်ရှင်းရေးဆောင်ရွက်မည်ဖြစ်ရာ မြို့သာယာလှပရေးလိုလားသူများ မည်သူမဆို ပူးပေါင်းပါဝင်နိုင်ကြောင်းသိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်သည့် အစီအစဉ်ဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အတွင်း အပါအဝင် ဝမ်ကောင်းရပ်ကွက်(ဘုရင့်နောင်ရုပ်ထုရင်ပြင်)၊ မကာဟိုခမ်းရပ်ကွက်( ယာမြေကုန်း) နှင့် အဝိုင်းပတ်နှင့် ဒီပါကျော်ဈေးတို့တွင် သန့်ရှင်းရေး ဆောင်ရွက်ကြသည်။
နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများရှိနေဆဲဖြစ်သဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံများပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ခြင်းကို ဆောင်ရွက်နကြခြေင်းဖြစ်သည်။
"အမှိုက်ပုံးဖြန့်ဖို့က မဇ္ဈိမလူမှုကူညီရေးအသင်း၊ စည်ပင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအေဝးထိုင်ပြီးမှေဝမှာ။ အမှိုက်ပုံးတွေကလည်း မှာထားတုန်းပဲရှိသေးတာ။ ဒီဒုတိယပတ်မှာ ကျောင်းတွေကို အဓိကထားတာပေါ့။ ဒီတစ်ပတ်ဆို အထက(တာချီလိတ်) ပေါ့။ ကျောင်းတွေကိုသန်ရှင်းစင်ကြယ်စေချင်တာပေါ့။ ပြီးရင် ဝမ်ကောင်းဈေး၊ ရွှေတိဂုံပေါ့။ နောက်အပတ်တွေမှာဆို သူ့ရက်စွဲအလိုက်ပေါ့ အထက(ဆန်ဆိုင်း)တို့၊ အထက(ဟောင်လိတ်)တို့၊ အထက-ခွဲ(ပုန်းထွန်)ကျောင်းတွေမှာ အဲလိုဆောင်ရွက်သွားမှာပေါ့"ဟု တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အပတ်စဉ်အမှိုက်ကောက်သည့် အစီအစဉ်ကို ဆက်လက်၍ ၂၀၁၉ခုနှစ် ဇွန်လ (၂၂)ရက်နေ့တွင် ဝမ်ကောင်းရပ်ကွက်၊ ဇွန်လ (၂၉)ရက်နေ့တွင် တာချီလိတ်ရွှေတိဂုံစေတီ၊ ဇူလိုင်လ (၆)ရက်နေ့တွင် နဂါးနှစ်ကောင်ဘုန်းကြီးကျောင်းတိုက်၊ ဇူလိုင်လ (၁၃)ရက်နေ့တွင် ရှမ်းရိုးမကွင်း၊ ဇူလိုင်လ (၂၀)ရက်နေ့တွင် ရွှပြေည်သာဈေး၊ ဇူလိုင်လ (၂၇)ရက်နေ့တွင် ပါလျှံဈေး(ရန်အောင်မြေရပ်ကွက်)၊ သြဂုတ်လ (၃)ရက်နေ့တွင် တာဝေမီးစက်အနီး၊ သြဂုတ်လ (၁၀)ရက်နေ့တွင် အထက(ဟောင်လိတ်)၊ သြဂုတ်လ (၁၇)ရက်နေ့တွင် လေယာဉ်ကွင်းအဝင်လမ်း၊ သြဂုတ်လ (၂၄)ရက်နေ့တွင် ပုန်းထွန်ဈေးနှင့် သြဂုတ်လ (၃၁)ရက်နေ့တွင် အထက(ဆန်ဆိုင်း)ကျောင်းတို့တွင် သန့်ရှင်းရေးဆောင်ရွက်မည်ဖြစ်ရာ မြို့သာယာလှပရေးလိုလားသူများ မည်သူမဆို ပူးပေါင်းပါဝင်နိုင်ကြောင်းသိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net