တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဆိုင်ခန်ပေါင်း (၂၈)ခန်းဖြင့် စာအုပ်စာပေများ ဇူလိုင်လ(၃)ရက်နေ့အထိ ရောင်းချပေးနေ

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဆိုင်ခန်ပေါင်း (၂၈)ခန်းဖြင့် စာအုပ်စာပေများ ဇူလိုင်လ(၃)ရက်နေ့အထိ ရောင်းချပေးနေ
ဇှနျ 29, 2019
By Tachileik News Agency

တာချီလိတ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကလေးစာပေပွဲတော်အောင်ပွဲ အထိမ်းအမှတ်အနေဖြင့် တာချီလိတ်မြို့နယ်စာရေးဆရာအသင်းနှင့် တာချီလိတ်စာကြည့်တိုက် ဖေါင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် စာအုပ်ဈေးရောင်းပွဲကို တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် ၂၀၁၉ခုနှစ် ဇွန်လ(၂၉)ရက်နေ့က စ၍ ဇူလိုင်လ(၃)ရက်နေ့အထိ နံနက်(၉)နာရီမှ ည(၉)နာရီအထိ အချိန်သတ်မှတ်ကာ ရောင်းချပေးနေကြောင်း သိရသည်။

ကလေးစာပေပွဲတော်တွင် ရန်ကုန်မှ လာရောက်ရောင်းချခဲ့သည့် အဖွဲ့များထဲက (၂၈)ဖွဲ့မှ ရှမ်းရိုးမကွင်းတွင် ရောင်းချပေးနေခြင်းဖြစ်ကြောင်း နှင့် ယခုလို စာအုပ်ဈေးရောင်းပွဲတော် ပြုလုပ်ရခြင်းသည် စာဖတ်ရှိန်တိုးမြှင့်ရေးနှင့် စာဖတ်သူတိုးပွားလာရေးအတွက် ရည်ရွယ်ကာ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။


တာချီလိတ်မြို့ အထက(တာချီလိတ်)တွင် ကလေးစာပေပွဲတော်အား ၂၀၁၉ခုနှစ် ဇွန်လ(၂၅)ရက်နေ့မှ ဇွန်လ(၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ပွဲတော်တွင် ရန်ကုန်မှ လာရောက်၍ စာအုပ်စာပေများရောင်းချပေးခဲ့သူများက ရောင်းချပေးနေခြင်းဖြစ်ပြီး ယခုလို စာအုပ်အမြောက်အများ ရောင်းချပေးမှုသည် တာချီလိတ်မြို့တွင် ပထမဆုံးဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကလေးစာပေပွဲတော်အောင်ပွဲ အထိမ်းအမှတ်အနဖြေင့် တာချီလိတ်မြို့နယ်စာရေးဆရာအသင်းနှင့် တာချီလိတ်စာကြည့်တိုက် ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် စာအုပ်ဈေးရောင်းပွဲကို တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် ၂၀၁၉ခုနှစ် ဇွန်လ(၂၉)ရက်နေ့က စ၍ ဇူလိုင်လ(၃)ရက်နေ့အထိ နံနက်(၉)နာရီမှ ည(၉)နာရီအထိ အချိန်သတ်မှတ်ကာ ရောင်းချပေးနေကြောင်း သိရသည်။

ကလေးစာပေပွဲတော်တွင် ရန်ကုန်မှ လာရောက်ရောင်းချခဲ့သည့် အဖွဲ့များထဲက (၂၈)ဖွဲ့မှ ရှမ်းရိုးမကွင်းတွင် ရောင်းချပေးနခြေင်းဖြစ်ကြောင်း နှင့် ယခုလို စာအုပ်ဈေးရောင်းပွဲတော် ပြုလုပ်ရခြင်းသည် စာဖတ်ရှိန်တိုးမြှင့်ရေးနှင့် စာဖတ်သူတိုးပွားလာရေးအတွက် ရည်ရွယ်ကာ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

"အဓိက ရည်ရွယ်ချက်ကတော့ စာအုပ်တစ်အုပ် ဝယ်သူကလည်း စာဖတ်သူ တစ်ယောက်တိုးတယ်ဆိုတဲ့ သဘောပါ၊ စာဖတ်ရှိန်လည်းတိုးပွားလာအောင် ရည်ရွယ်ပါတယ်၊ နောက်ပြီး ကလေးစာပေပွဲတော် ကာလအတွင်းမှာ စာအုပ် ရောင်းရက်ကတော့ နှစ်ရက်ပဲရှိခဲ့တော့ မဝယ်လိုက်ရသူတွေလည်း တော်တော်များများရှိခဲ့ပါတယ်၊ အဲ့ဒါကြောင့် အခုလို စီစဉ်လိုက်တာပါ၊ ကျွန်တော့်တို့ အသင်းရဲ့ စာကြည့်တိုက်အတွက်လည်း ဝဏ္ဏသိန်းသန်းသတ္တုတူးဖော်ကုမ္ပဏီက ကျပ်(၂)သိန်းဖိုးစာအုပ်တွေ လှူပေးပါသေးတယ်"ဟု တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ ဦးမောင်ကြည် က ပြောသည်။

တာချီလိတ်မြို့ အထက(တာချီလိတ်)တွင် ကလေးစာပေပွဲတော်အား ၂၀၁၉ခုနှစ် ဇွန်လ(၂၅)ရက်နေ့မှ ဇွန်လ(၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ပွဲတော်တွင် ရန်ကုန်မှ လာရောက်၍ စာအုပ်စာပေများရောင်းချပေးခဲ့သူများက ရောင်းချပေးနခြေင်းဖြစ်ပြီး ယခုလို စာအုပ်အမြောက်အများ ရောင်းချပေးမှုသည် တာချီလိတ်မြို့တွင် ပထမဆုံးဖြစ်ကြောင်း သိရှိရသည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net