တာချီလိတ်မြို့တွင် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းနှင့် ဓမ္မစကူးလ်သင်ကြားရေးစွမ်းရည်မြှင့်သင်တန်းများ ဇွန်လ(၂၂)ရက်နေ့တွင် စတင်ရန် တွေ့ဆုံဆွေးနွေး

တာချီလိတ်မြို့တွင် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းနှင့် ဓမ္မစကူးလ်သင်ကြားရေးစွမ်းရည်မြှင့်သင်တန်းများ ဇွန်လ(၂၂)ရက်နေ့တွင် စတင်ရန် တွေ့ဆုံဆွေးနွေး
ဇွန် 9, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်တွင် မူလတန်းဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း၊ ဓမ္မစကူးလ်သင်ကြားရေးစွမ်းရည်မြှင့်သင်တန်း နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းရှိ) ဓမ္မစကူးလ်ကျောင်းများအား အသိအမှတ်ပြုကျောင်း အမှတ်စဉ် ပေးအပ်ပွဲတို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၂) ရက်နေ့မှ (၂၈) ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ရာ အဆိုပါ အခမ်းအနားများအား အောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် စေတနာရှင်အလှူရှင်များ ပါဝင်ရေးအတွက် မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်များရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေးကော်မတီက စုံညီအစည်အဝေးကို ၂၀၁၉ခုနှစ် ဇွန်လ(၉)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

တာချီလိတ်မြို့တွင် ဓမ္မစကူးလ်ကျောင်းတော်များထပ်မံတိုးချဲ့ဖွင့်လှစ်ရန်အတွက်စီစဉ်ထားရာတွင် ဆရာ၊ ဆရာမ လိုအပ်ချက်များရှိနေသဖြင့် ဆရာ၊ ဆရာမ (၆၀)ဦးကို ဆရာဖြစ်သင်တန်းပို့ချပေးရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

"ဓမ္မစကူးလ်သင်တန်းတွေကို စာသင်ကျောင်းတွေမှ သင်ကြားနေရတဲ့အတွက် ကုန်ကျစရိတ်တွေရှိနေတယ်။ (၁) ရက်ဘတ် (၁၀,၀၀၀) လောက်ကုန်တဲ့ အနေအထားရှိတယ်။ စေတနာရှင်တွေက မြေနေရာလှူဒါန်းရင် ကျောင်းဆောက်ပြီး သင်ကြားလို့ရတာပေါ့"ဟု ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်များရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေးကော်မတီ၏ ဦးဆောင်နာယကဆရာတော် ၂၀၁၉ ခုနှစ် ဇွန်လ (၉) ရက်နေ့တွင်ကျင်းပသည့် (၅) ကြိမ်မြောက် ဓမ္မစကူးလ်အစည်းအဝေးတွင် အကြံပြုမိန့်ကြားခဲ့သည်။

၂၀၁၉ ခုနှစ် ဇွန်လ (၂၂) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဖွင့်လှစ်မည့် သင်တန်းကာလအတွင်း ဆရာ၊ ဆရာမ (၆၀)ဦး အတွက် တစ်နေ့တာ စားစရိတ်မှာ ခန့်မှန်း ထိုင်းဘတ်ငွေ(၁၀,၀၀၀)ခန့်၊ နည်းပြဆရာတော် နှင့် ဆရာ၊ ဆရာမ(၄)ဦးအတွက် အသွား၊ အပြန်ခရီးစရိတ်နှင့် သင်တန်းအထောက်အကူ ပစ္စည်းဝယ်ယူရန် ခန့်မှန်းငွေ ကျပ်(၁၃)သိန်းကျပ်ဝန်းကျင် ကုန်ကျမှာဖြစ်ကြောင်း သိရသည်။

ဓမ္မစကူးလ်သင်တန်း နှင့် အခမ်းအနားများအတွက် မတည်အလှူငွေများအဖြစ် အခမ်းအနားသို့ တက်ရောက်လာသည့် စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး နှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် အပါအ၀င် အလှူရှင်များက ငွေကျပ် (၆၀,၀၀၀၀) နှင့် ထိုင်းဘတ်ငွေ (၁၁၉,၈၀၀) ကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ၀မ်တာပင်းကျေးရွာ၊ နန်းငေါ့ကျေးရွာ၊ နောင်ခမ်းကျေးရွာနှင့် လောနိုင်ငံတို့တွင် ဓမ္မစကူးလ်ကျောင်းများ ထပ်မံဖွင့်လှစ်ရန်စီစဉ်နေပြီး တာချီလိတ်မြို့တွင် (၁၁) ကျောင်း၊ တာလေမြို့တွင် (၂) ကျောင်း၊ မိုင်းဖြတ်မြို့တွင် (၁) ကျောင်း၊ မိုင်းဆက်မြို့တွင် (၁) ကျောင်း၊ ကျိုင်းတုံမြို့တွင် (၃) ကျောင်းနှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် (၁) ကျောင်း၊ စုစုပေါင်း (၁၉) ကျောင်းဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရွမ်ျးပည္နယ်ေအရွ့ပိုင်း၊ တာခ်ီလိတ္တြင် မူလတန်းဆင့် ဓမ္မစကူးလ္ဆရျာဖစ်သင္တန်း၊ ဓမ္မစကူးလ်သင်ကြားရေးစြမ်းရည်ျမှင့်သင္တန်း နွင့် ရွမ်ျးပည္နယ်(အေရွ့ပိုင်းရွိ) ဓမ္မစကူးလ်ကော်င်းမ်ားအား အသိအမွတ်ျပုကော်င်း အမွတ္စဉ် ပေးအပ္ပြဲတို့ကို ၂၀၁၉ ခုနွစ် ဇြန္လ (၂၂) ရက်နေ့မွ (၂၈) ရက်နေ့အထျိပုလုပ္မည်ျဖစ်ရာ အဆိုပါ အခမ်းအနားမ်ားအား အောင်ျမင္စြာ က်င်းပနိုင်ရေး နွင့် စေတနာရွင်အလွူရွင္မ်ား ပါဝင်ရေးအတြက် မြို့နယ္လုံးဆိုင်ရာ ဓမ္မစကူးလ်ကော်င်းတ္မော်ားရေရွည္တည္တံျ့ပန့်ပြားတိုးတက္ဖြံ့ဖြိုးရေးက္မောတီက စုံညီအစည်ေအ၀းကို ၂၀၁၉ခုနွစ် ဇြန္လ(၉)ရက်နေ့ နေ့လယ္ပိုင်းက တာခ်ီလိတ်မြို့ ၀မ်ကောင်းရပ္ကြက်ရွိ တောင္တန်းသာသနျာပု(ဗဟို)ကော်င်းတိုက္တြင် က်င်းပျပုလုပ္ခဲ့ကြသည်။

တာခ်ီလိတ်မြို့တြင် ဓမ္မစကူးလ်ကော်င်းတ္မော်ားထပ္မံတိုးခ်ဲ့ဖြင့်လွစ်ရန်အတြက္စီစဥ္ထားရာတြင် ဆရာ၊ ဆရာမ လိုအပ္ခ်က္မ်ားရွိနေသျဖင့် ဆရာ၊ ဆရာမ (၆၀)ဦးကို ဆရျာဖစ်သင္တန်းပို့ခ်ပေးရန် စီစဉ်ဆောင်ြရက္ထားကြောင်း သိရသည်။ "ဓမ္မစကူးလ်သင္တန်းတြေကို စာသင်ကော်င်းတြေမွ သင်ကြားနေရတဲ့အတြက် ကုန္က်စရိတ်တြေရွိနေတယ်။ (၁) ရက္ဘတ် (၁၀,၀၀၀) လောက္ကုန္တဲ့ အေနအထားရွိတယ်။ စေတနာရွင်တြေကျေမေနရာလွူဒါန်းရင် ကော်င်းဆောက်ပြီး သင်ကြားလို့ရတာပေါ့"ဟု ငြေတာင်ဦးကမ္မဌာန်းကော်င်းတိုက္မွ မြို့နယ္လုံးဆိုင်ရာ ဓမ္မစကူးလ်ကော်င်းတ္မော်ားရေရွည္တည္တံျ့ပန့်ပြားတိုးတက္ဖြံ့ဖြိုးရေးက္မောတီ၏ ဦးဆောင္နာယကဆရာတော် ၂၀၁၉ ခုနွစ် ဇြန္လ (၉) ရက်နေ့တြင္က်င်းပသည့် (၅) ကြိမ်ျေမာက် ဓမ္မစကူးလ်အစည်းအေ၀းတြင် အကျြံပုမိန့်ကြားခဲ့သည်။

၂၀၁၉ ခုနွစ် ဇြန္လ (၂၂) ရက်နေ့မွ (၂၈) ရက်နေ့အထိ ဖြင့်လွစ္မည့် သင္တန်းကာလအတြင်း ဆရာ၊ ဆရာမ (၆၀)ဦး အတြက် တစ်နေ့တာ စားစရိတ္မွာ ခန့်မွန်း ထိုင်းဘတ်ငြေ(၁၀,၀၀၀)ခန့်၊ နည်ျးပဆရာတော် နွင့် ဆရာ၊ ဆရာမ(၄)ဦးအတြက် အသြား၊ အျပန္ခရီးစရိတ်နွင့် သင္တန်းအေထာက်အကူ ပစ္စည်းဝယ်ယူရန် ခန့်မွန်းငြေ က်ပ်(၁၃)သိန်းက်ပ်ဝန်းက်င် ကုန္က်မျွာဖစ်ကြောင်း သိရသည်။ ဓမ္မစကူးလ်သင္တန်း နွင့် အခမ်းအနားမ်ားအတြက် မတည်အလွူငြေမ်ားအျဖစ် အခမ်းအနားသို့ တက်ရောက္လာသည့် စစ္ဗ်ူဟာအဖြဲ့ (အျေခခ်)တာခ်ီလိတ္မွ စစ္ဗ်ူဟာမွူး နွင့် တာခ်ီလိတ္ခရိုင်အုပ္ခ်ုပ်ရေးမွူး ဦျးမင့်နိုင် အပါအ၀င် အလွူရွင္မ်ားက ငြေက်ပ် (၆၀,၀၀၀၀) နွင့် ထိုင်းဘတ်ငြေ (၁၁၉,၈၀၀) ကိုပေးအပ္လွူဒါန်းခဲ့ကြောင်း သိရသည်။

ရွမ်ျးပည္နယ်ေအရွ့ပိုင်း ၀မ္တာပင်းကေ်းရြာ၊ နန်းငေါ့ကေ်းရြာ၊ နောင္ခမ်းကေ်းရြာနွင့် လောနိုင်ငံတို့တြင် ဓမ္မစကူးလ်ကော်င်းမ်ား ထပ္မံဖြင့်လွစ်ရန္စီစဉ်နေပြီး တာခ်ီလိတ်မြို့တြင် (၁၁) ကော်င်း၊ တာလေမြို့တြင် (၂) ကော်င်း၊ မိုင်ျးဖတ်မြို့တြင် (၁) ကော်င်း၊ မိုင်းဆက်မြို့တြင် (၁) ကော်င်း၊ ကိုင်းတုံမြို့တြင် (၃) ကော်င်းနွင့် ထိုင်းနိုင်ငံမယ္ဆိုင်မြို့တြင် (၁) ကော်င်း၊ စုစုပေါင်း (၁၉) ကော်င်းဖြင့်လွစ္ထားပြီျးဖစ်ကြောင်း သိရသည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net