ရှမ်းပြည်နယ် စိုက်ပျိုးရေးသုံးပစ္စည်း ဈေးကွက်အတွင်း စည်းကမ်းသက်မှတ်ချက်များနှင့်မညီသည့် ပစ္စည်းများတွေ့ရှိပါက သတင်းပေးပို့ရန် စားသုံးသူရေးရာဌာနမှ အသိပေးထား
ရှမ်းပြည်နယ် စိုက်ပျိုးရေးသုံးပစ္စည်း ဈေးကွက်အတွင်း စည်းကမ်းသက်မှတ်ချက်များနှင့်မညီသည့် ပစ္စည်းများတွေ့ရှိပါက သတင်းပေးပို့ရန် စားသုံးသူရေးရာဌာနမှ အသိပေးထား
ဖေဖော်ဝါရီ 23, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ရောင်းချနေသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့များတွင် သတ်မှတ် စည်းကမ်းချက်များနှင့် မကိုက်ညီပဲ ရောင်းချနေမှုများ လက်ရှိ အချိန်အထိ တွေ့ရှိ သိမ်းဆည်း နေရသဖြင့် တောင်သူများနှင့် ၀ယ်ယူသူများမှ ရောင်းချနေမှုများတွေ့ရှိပါက စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးရုံးများသို့ ဆက်သွယ် သတင်းပေးပို့ရန် မေတ္တာရပ်ခံ ထားကြောင်း သိရသည်။
တောင်သူများ၏ အကျိုးစီးပွားကာကွယ်ရေးအတွက် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေရာတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က တောင်ကြီးမြို့ရှိ စိုက်ပျိုးရေး ပစ္စည်း အရောင်းဆိုင် (၆) ဆိုင်ကို ၀င်ရောက်စစ်ဆေးရာ စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးတစ်ချို့တွင် ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန် ရက်စွဲ မပါရှိသည့် ဆေးများ၊ မူလရက်စွဲကို ပြင်ဆင်ဖျက်ဆီးထားပြီး အပေါ်မှ စက္ကူဖြင့်ကပ်ကာ ရောင်းချခြင်း၊ သက်တမ်းလွန်ဆေးများနှင့် မူရင်းအမှတ်တံဆိပ်များပေါ်တွင် စတေကာ ကပ်ပြီးပြင်ဆင်ရောင်းချနေမှုများနှင့် သက်မှတ်ချက်များနှင့် မညီသည့် ဓာတ်မြေသြဇာများ တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီအရေးယူနိုင်ရန် စီစဉ်နေပြီး တောင်သူများအနေဖြင့်လည်း သတိထားဝယ်ယူရန် အသိပေးထားကြောင်း သိရသည်။
ဈေးကွက်အတွင်း သက်တမ်းလွန် ပိုးသတ်ဆေးများနှင့် မြန်မာဘာသာရေးသားထားခြင်းမရှိသည့် ဓာတ်မြေသြဇာများ တွေရှိ့ပါက ရှမ်းပြည်နယ်တောင်ပိုင်းအတွက် ဖုန်း ၀၈၁-၂၀၁၆၈၀၄၊ တောင်ကြီးခရိုင်တွင် ဖုန်း ၀၈၁-၆၀၁၂၆၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်အတွက် ဖုန်း ၀၈၂-၂၂၀၃၄၉၃၊ မူဆယ်ခရိုင်အတွက် ဖုန်း ၀၈၂-၅၁၅၉၃၊ ကျောက်မဲခရိုင်အတွက် ဖုန်း ၀၈၂-၄၀၀၆၃၊ ၀၈၂-၄၀၀၉၅၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်အတွက် ဖုန်း ၀၈၄-၂၁၀၃၄ သို့ တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အတွင်း ရောင်းချနေသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြသြေဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့များတွင် သတ်မှတ် စည်းကမ်းချက်များနှင့် မကိုက်ညီပဲ ရောင်းချနေမှုများ လက်ရှိ အချိန်အထိ တွေ့ရှိ သိမ်းဆည်း နေရသဖြင့် တောင်သူများနှင့် ဝယ်ယူသူများမှ ရောင်းချနေမှုများတွေ့ရှိပါက စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးရုံးများသို့ ဆက်သွယ် သတင်းပေးပို့ရန် မေတ္တာရပ်ခံ ထားကြောင်း သိရသည်။
တောင်သူများ၏ အကျိုးစီးပွားကာကွယ်ရေးအတွက် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေရာတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က တောင်ကြီးမြို့ရှိ စိုက်ပျိုးရေး ပစ္စည်း အရောင်းဆိုင် (၆) ဆိုင်ကို ဝင်ရောက်စစ်ဆေးရာ စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးတစ်ချို့တွင် ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန် ရက်စွဲ မပါရှိသည့် ဆေးများ၊ မူလရက်စွဲကို ပြင်ဆင်ဖျက်ဆီးထားပြီး အပေါ်မှ စက္ကူဖြင့်ကပ်ကာ ရောင်းချခြင်း၊ သက်တမ်းလွန်ဆေးများနှင့် မူရင်းအမှတ်တံဆိပ်များပေါ်တွင် စတေကာ ကပ်ပြီးပြင်ဆင်ရောင်းချနေမှုများနှင့် သက်မှတ်ချက်များနှင့် မညီသည့် ဓာတ်မြသြေဇာများ တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီအရေးယူနိုင်ရန် စီစဉ်နပြေီး တောင်သူများအနဖြေင့်လည်း သတိထားဝယ်ယူရန် အသိပေးထားကြောင်း သိရသည်။
“ကျွန်တော်တို့ နိုင်ငံမှာ အင်မတန်ပေါ့နော် ဈေးကွက်မှာ တာဝန်ယူမှု တာဝန်ခံမှုမရှိပဲနဲ့ တောင်သူတွေ အပေါ် အင်မတန်မှ ကျင့်ဝတ်သိက္ခါမရှိပဲ ရောင်းနေတဲ့ ကိစ္စတွေပေါ့။ ဒီဟာကို ဘယ်သူမှ တာဝန်ယူ ဖြေရှင်းမှုမရှိဘူး။ ဒါကကျွန်တော်တို့ တောင်သူလယ်သမားတွေကို စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ကနေ ကျေးဇူးဆပ်နေတာပါ။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင် လုပ်တာ မဟုတ်ပါဘူး”ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဥက္ကဌ ဦးစိုးညွန့်လွင်မှ ထိထိရောက်ရောက် ဆောင်ရွက်သိမ်းဆည်းအပ်နှံပါရန် ညွှန်ကြားထားပြီး စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၈(ဂ) မှာလည်း ဈေးကွက်မှာ ရောင်းချတဲ့ကုန်စည်အားလုံး လုပ်ငန်းရှင် တွေလိုက်နာရမယ့် အချက်ကို ဖော်ပြထားရှိပြီး ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ရာတွင် လက်ရှိဈေးကွက်အတွင်း စည်းကမ်းချက်နှင့်မညီသည့် စိုက်ပျိုးရေးသုံး ပစ္စည်းများ ရောင်းချနေမှု စီစစ်တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီမြသြေဇာပိုးသတ်ဆေးနဲ့ပတ်သက်ပြီး လုပ်ငန်းစဉ်ကြီးကို အခုအချိန်အထိ လပေါင်းများစွာ ဆောင်ရွက် လာသော်လည်းပဲ ပူးပေါင်းဆောင်ရွက်တဲ့ကုမ္ပဏီတွေရှိသလို၊ အရင်အတိုင်းပဲဆက်သွားနေချင်တဲ့ ပူးပေါင်းဆောင်ရွက်မှု လက္ခဏာမပြတဲ့ ကုမ္ပဏီတွေလည်းရှိနေတယ်ဆိုတာ ကျွန်တော်တို့က မြင်နေရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ သက်တမ်းလွန်ရက်စွဲ နေရာမှာ အငြင်းပွားစရာတွေရှိတာကိုး။ ကျွန်တော်တို့နိုင်ငံရဲ့ ကိုယ်ပိုင်ထုတ်လုပ်မှု မပြုနိုင်ဘူး။ ပြီးတဲ့အခါကျတော့ ရောင်းဝယ်မှုစနစ်၊ တာဝန်ယူမှု တာဝန်ခံမှု စနစ်၊ ဒီဟာတွေကို အလွန်နည်းပါးတဲ့အတွက် ဒါတွေကတကယ်လိုအပ်ပါတယ်”ဟု ဦးမင်းအောင်က ပြောသည်။
ဈေးကွက်အတွင်း သက်တမ်းလွန် ပိုးသတ်ဆေးများနှင့် မြန်မာဘာသာရေးသားထားခြင်းမရှိသည့် ဓာတ်မြသြေဇာများ တွေရှိ့ပါက ရှမ်းပြည်နယ်တောင်ပိုင်းအတွက် ဖုန်း ဝ၈၁-၂၀၁၆၈၀၄၊ တောင်ကြီးခရိုင်တွင် ဖုန်း ဝ၈၁-၆၀၁၂၆၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်အတွက် ဖုန်း ဝ၈၂-၂၂၀၃၄၉၃၊ မူဆယ်ခရိုင်အတွက် ဖုန်း ဝ၈၂-၅၁၅၉၃၊ ကျောက်မဲခရိုင်အတွက် ဖုန်း ဝ၈၂-၄၀၀၆၃၊ ဝ၈၂-၄၀၀၉၅၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်အတွက် ဖုန်း ဝ၈၄-၂၁၀၃၄ သို့ တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - စားသုံးသူရေးရာ(တောင်ကြီး)
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~