အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း နှစ် ၃၀ လုပ်ကိုင်ခွင့်ပေးထားသည့်မြေ (၁၅)ဧက ပြန်လည်သိမ်းဆည်း

အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း နှစ် ၃၀ လုပ်ကိုင်ခွင့်ပေးထားသည့်မြေ (၁၅)ဧက ပြန်လည်သိမ်းဆည်း
ဖေဖော်ဝါရီ 20, 2020
By 🌸

အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း နှစ် ၃၀ လုပ်ကိုင်ခွင့်ပေးထားသည့်မြေ (၁၅)ဧက ပြန်လည်သိမ်းဆည်း

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း Supreme Enterprise Co.,Ltd က သဘာဝမြေသြဇာစက်ရုံတည်ထောင်ရန် နှစ် (၃၀)လုပ်ကိုင်ခွင့် ရယူထားသည့် မြေ (၁၅)ဧကကို ပြန်လည်သိမ်းဆည်းလိုက်ကြောင်း သိရသည်။

အဆိုပါမြေနေရာအတွက် သစ်တောဦးစီးဌာနနှင့် Supreme Enterprise Co.,Ltd တို့ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့က နှစ်ဖက်သဘောတူစာချုပ်ကို ကုမ္ပဏီဘက်က လိုက်နာခြင်းမရှိ၍ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့၌ စာချုပ်ဖျက်သိမ်းကာ သစ်တောဦးစီးဌာနက မြေပြန်လည် သိမ်းဆည်းလိုက်ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့၌ သတင်းထုတ်ပြန်သည်။

Supreme Enterprise Co.,Ltd က တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း မြေ (၁၅) ဧကတွင် သဘာဝမြေသြဇာစက်ရုံတည်ထောင်၍ သဘာဝမြေသြဇာ ထုတ်လုပ်ခွင့်၊ ကုန်ကြမ်းစုဆောင်းခွင့်တို့အတွက် ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့မှ ၂၀၃၆ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့အထိ လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီက အဆိုပါလုပ်ကိုင်ခွင့်ရမြေတွင် သစ်မွှေး (၅.၈)ဧက စိုက်ပျိုးထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှာ ၁၉၈၅ ခုနှစ်ကတည်းက စတင်သတ်မှတ် ထိန်းသိမ်းလာသည့်ဒေသ ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဟိုတယ်/ခရီး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~