ရပ္ေစာက္ၿမိဳ႕နယ္အတြင္း လမ္းပိုင္းႏွစ္ခု အဆင့္ျမႇင့္တင္ရန္ အမွန္တကယ္လိုအပ္ေၾကာင္း ျပည္နယ္အစိုးရက ေထာက္ခံတင္ျပပါက ေဆာင္ရြက္ေပးမည္

ရပ္ေစာက္ၿမိဳ႕နယ္အတြင္း လမ္းပိုင္းႏွစ္ခု အဆင့္ျမႇင့္တင္ရန္ အမွန္တကယ္လိုအပ္ေၾကာင္း ျပည္နယ္အစိုးရက ေထာက္ခံတင္ျပပါက ေဆာင္ရြက္ေပးမည္
ဒီဇင်ဘာ 19, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရပ္ေစာက္ၿမိဳ႕နယ္ သာစည္ -  ေနာင္ရမ္း-ေနာင္လုံ ေျမသားလမ္းႏွင့္ ေနာင္လုံေက်း႐ြာ အုပ္စုအတြင္းရွိ ေက်း႐ြာခ်င္းဆက္ လမ္းပိုင္းမ်ားကို ေျမသားလမ္းခ်ဲ႕ျခင္း၊ ေက်ာက္ေခ်ာလမ္းျမႇင့္တင္ျခင္း လုပ္ငန္းမ်ားမွာ ေဒသအတြက္ အမွန္တကယ္ လိုအပ္သည္ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ေထာက္ခံတင္ျပလာပါက နယ္စပ္ေရးရာဝန္ႀကီးဌာနက ေဆာင္ရြက္ ေပးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္းမ်ားကို ေျမသားလမ္းခ်ဲ႕ျခင္း၊ ေက်ာက္ေခ်ာလမ္း အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ားမွာ ေဒသအတြက္ အမွန္တကယ္ လိုအပ္မႈရွိေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႔မွ ေထာက္ခံတင္ျပလာမည္ ဆိုပါက ၂၀၁၉ -၂၀ ဘ႑ာေရးႏွစ္မွစၿပီး နယ္စပ္ေဒသဖြံ႕ၿဖိဳးေရး ျပည္ေထာင္စုရန္ပုံေငြ၊ ျပည္နယ္ ရန္ပုံေငြမ်ားတြင္ ဦးစားေပးေဆာင္႐ြက္မည့္ အစီအစဥ္ အျဖစ္ အပိုင္းလိုက္ အဆိုျပဳလ်ာထားၿပီး ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း နယ္စပ္ေရးရာ၀န္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဗိုလ္္ခ်ဳပ္သန္းထြဋ္က ေျပာၾကားသည္။

ရပ္ေစာက္ - ေနာင္ခ်ိဳကားလမ္းမွ သာစည္ - ေနာင္ရမ္း - ေနာင္လုံ စုစုေပါင္း (၁၆/၇)မိုင္ႏွင့္ ေနာင္လုံေက်း႐ြာ အုပ္စုအတြင္း ေက်း႐ြာခ်င္းဆက္လမ္း စုစုေပါင္း(၁၅)မိုင္တုိ႔မွာ ပ်မ္းမွ်လမ္းအက်ယ္ (၁၀)ေပခန္႔သာရိွသျဖင့္ သတ္မွတ္ လမ္းအက်ယ္ရရိွရန္ ဦးစြာေဆာင္ရြက္ၿပီးမွ လမ္းပိုင္းအဆင့္ျမႇင့္တင္ျခင္းကို ေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ရပ္ေစာက္ - ေနာင္ခ်ိဳ ကားလမ္းမွ သာစည္-ေနာင္ရမ္း-ေနာင္လုံ ေျမသားလမ္း (၁၅) မိုင္ (၃) ဖာလုံကို ေက်ာက္ေခ်ာလမ္းအျဖစ္ ေဆာင္႐ြက္ေပးႏိုင္ျခင္း ရွိ၊ မရွိႏွင့္ ေနာင္လုံေက်း႐ြာ အုပ္စုအတြင္းရွိ ေက်း႐ြာခ်င္း ဆက္သြယ္ သြားလာရေသာ လမ္းပိုင္းမ်ားကို ေျမသားအမာခံလမ္းမ်ားအျဖစ္ ေဆာင္႐ြက္ ေပးရန္ အစီအစဥ္ ရွိ၊ မရွိကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၉) ရက္ေန႔က က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ ရပ္ေစာက္ မဲဆႏၵနယ္မွ ဦးခင္ေမာင္ျမင့္က ေမးျမန္းခဲ့ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် သာစည် - နောင်ရမ်း-နောင်လုံ မြေသားလမ်းနှင့် နောင်လုံကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာချင်းဆက် လမ်းပိုင်းများကို မြေသားလမ်းချဲ့ခြင်း၊ ကျောက်ချောလမ်းမြှင့်တင်ခြင်း လုပ်ငန်းများမှာ ဒေသအတွက် အမှန်တကယ် လိုအပ်သည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ခံတင်ပြလာပါက နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းများကို မြေသားလမ်းချဲ့ခြင်း၊ ကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများမှာ ဒေသအတွက် အမှန်တကယ် လိုအပ်မှုရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ခံတင်ပြလာမည် ဆိုပါက ၂၀၁၉ -၂၀ ဘဏ္ဍာရေးနှစ်မှစပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ် ရန်ပုံငွေများတွင် ဦးစားပေးဆောင်ရွက်မည့် အစီအစဉ် အဖြစ် အပိုင်းလိုက် အဆိုပြုလျာထားပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြောကြားသည်။

ရပ်စောက် - နောင်ချိုကားလမ်းမှ သာစည် - နောင်ရမ်း - နောင်လုံ စုစုပေါင်း (၁၆/၇)မိုင်နှင့် နောင်လုံကျေးရွာ အုပ်စုအတွင်း ကျေးရွာချင်းဆက်လမ်း စုစုပေါင်း(၁၅)မိုင်တို့မှာ ပျမ်းမျှလမ်းအကျယ် (၁၀)ပေခန့်သာရှိသဖြင့် သတ်မှတ် လမ်းအကျယ်ရရှိရန် ဦးစွာဆောင်ရွက်ပြီးမှ လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရပ်စောက် - နောင်ချို ကားလမ်းမှ သာစည်-နောင်ရမ်း-နောင်လုံ မြေသားလမ်း (၁၅) မိုင် (၃) ဖာလုံကို ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် နောင်လုံကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာချင်း ဆက်သွယ် သွားလာရသော လမ်းပိုင်းများကို မြေသားအမာခံလမ်းများအဖြစ် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~