ပင္းတယၿမိဳ႕တြင္ ျပဳလုပ္မည့္ ဓႏုတိုင္းရင္းသားတို႔၏ ဒုတိယအႀကိမ္ေျမာက္ သႀကၤန္ပြဲအတြက္ ျပင္ဆင္ေန

ပင္းတယၿမိဳ႕တြင္ ျပဳလုပ္မည့္ ဓႏုတိုင္းရင္းသားတို႔၏ ဒုတိယအႀကိမ္ေျမာက္ သႀကၤန္ပြဲအတြက္ ျပင္ဆင္ေန
ဧပြီ 12, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္းတယၿမိဳ႕တြင္ ဒုတိယအႀကိမ္ေျမာက္ ဓႏုတိုင္းရင္းသားရိုးရာယဥ္ေက်းမႈသႀကၤန္ကို သႀကၤန္အတက္ေန႔ျဖစ္သည့္ ၂၀၁၉ခုႏွစ္ ဧၿပီလ (၁၆) ရက္ေန႔တြင္ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ဓႏုတိုင္းရင္းသား (၁,၅၀၀)၀န္းက်င္ မွ ရိုးရာ၀တ္စံုမ်ားႏွင့္ ပါ၀င္ဆင္ႏြဲၾကမည္ျဖစ္ေၾကာင္း သိရသည္။

"ပင္းတယမွာ လုပ္မွာ။ ပုန္းတလုတ္အေရွ႕ဘက္ကန္ပတ္လမ္းမွာဗ်။ ဓႏုေတြက သႀကၤန္အတက္ေနာက္ပိုင္း အတာတက္ပြဲဆိုၿပီး လုပ္ၾကတယ္။ အဲဒီရိုးရာဓေလ့က ေပ်ာက္ေနတာေပါ့။ သိပ္မလုပ္ၾကဘူး။ အဲဒါနဲ႔ ကၽြန္ေတာ္တို႔က မႏွစ္က အစျပဳလိုက္တယ္။ သႀကၤန္တတြင္းလံုးမလုပ္ပဲ သႀကၤန္အတက္ေန႔တစ္ရက္တည္းလုပ္မွာဗ်။ ဓႏုရိုးရာ၀တ္စံုနဲ႔ေပါ့။ လမ္းေလ်ာက္သႀကၤန္ပံုစံမ်ိဳးေပါ့။ ေျမအိုးေလးေတြနဲ႔ ေအာင္သေျပခက္ေလးနဲ႔ ရိုးရာအိုးစည္နဲ႔ေပါ့။ ဓႏုတိုင္းရင္းသား (၁၅၀၀) ေလာက္တက္မွာေပါ့"ဟု စိုင္းလူေခးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ဓႏုတိုင္းရင္းသားရိုးရာသႀကၤန္ပြဲေတာ္အား ပထမဆံုးအႀကိမ္အျဖစ္ ၂၀၁၈ခုႏွစ္က စတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - စိုင္းလူေခး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ဒုတိယအကြိမ်မြောက် ဓနုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုသင်္ကြန်ကို သင်္ကြန်အတက်နေ့ဖြစ်သည့် ၂၀၁၉ခုနှစ် ဧပြီလ (၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဓနုတိုင်းရင်းသား (၁,၅၀၀)ဝန်းကျင် မှ ရိုးရာဝတ်စုံများနှင့် ပါဝင်ဆင်နွဲကြမည်ဖြစ်ကြောင်း သိရသည်။

"ပင်းတယမှာ လုပ်မှာ။ ပုန်းတလုတ်အရှေ့ဘက်ကန်ပတ်လမ်းမှာဗျ။ ဓနုတွေက သင်္ကြန်အတက်နောက်ပိုင်း အတာတက်ပွဲဆိုပြီး လုပ်ကြတယ်။ အဲဒီရိုးရာဓလေ့က ပျောက်နေတာပေါ့။ သိပ်မလုပ်ကြဘူး။ အဲဒါနဲ့ ကျွန်တော်တို့က မနှစ်က အစပြုလိုက်တယ်။ သင်္ကြန်တတွင်းလုံးမလုပ်ပဲ သင်္ကြန်အတက်နေ့တစ်ရက်တည်းလုပ်မှာဗျ။ ဓနုရိုးရာဝတ်စုံနဲ့ပေါ့။ လမ်းလျောက်သင်္ကြန်ပုံစံမျိုးပေါ့။ မြေအိုးလေးတွေနဲ့ အောင်သပြေခက်လေးနဲ့ ရိုးရာအိုးစည်နဲ့ပေါ့။ ဓနုတိုင်းရင်းသား (၁၅၀၀) လောက်တက်မှာပေါ့"ဟု စိုင်းလူခေးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ဓနုတိုင်းရင်းသားရိုးရာသင်္ကြန်ပွဲတော်အား ပထမဆုံးအကြိမ်အဖြစ် ၂၀၁၈ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စိုင်းလူခေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net