အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို  ဖွဲ့စည်းပြီးကြောင်း ကြေညာ

အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို  ဖွဲ့စည်းပြီးကြောင်း ကြေညာ
ဇန်နဝါရီ 11, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်(IPDF)ကို ဖွဲစည်းလိုက်ပြီ ဖြစ်‌ကြောင်း ယနေ့ဇန်နဝါရီလ(၁၀)ရက်တွင် IPDF က သတင်းထုတ်ပြန် ကြေညာထားသည်ကို တွေ့ရသည်။

IPDF အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ နည်းလမ်းပေါင်းစုံဖြင့် တော်လှန်တိုက်ခိုက်သွားမည့်အပြင် စစ်အာဏာရှင်စနစ်ကို တော်လှန်နေသည့် မည်သည့်အဖွဲအစည်းနှင့် မဆို မဟာမိတ်ပြုလုပ်မည်ဟု ထုတ်ပြန်ထားသည်။

ဒါ့အပြင် လူမျိုး၊ ဘာသာပေါင်းစုံ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ပြည်သူလူထုမှ အမှန်တကယ်လိုလား တောင်းတသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် မရမခြင်း တိုက်ပွဲဝင်မည်ဟု အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဦးဆောင်လမ်းညွန်မှုကို လိုက်နာ ဆောင်ရွက်ပြီး စစ်ဘေးရှောင်များကိုလည်း ကူညီသွားမည်ဟု ထုတ်ပြန်ထားရှိသည်။

#TachileikNewsAgency