ေတာင္ႀကီးၿမိဳ႕အဝင္ ေျမပံုအနီးႏွင့္ အေနာက္ၿမိဳ႕ပတ္လမ္းဆုံတြင္ ေငြေၾကးေကာက္ခံ ခြင့္ျပဳထားျခင္းမရွိဘဲ ေကာက္ခံေနပါက အေရးယူသြားမည္

ေတာင္ႀကီးၿမိဳ႕အဝင္ ေျမပံုအနီးႏွင့္ အေနာက္ၿမိဳ႕ပတ္လမ္းဆုံတြင္ ေငြေၾကးေကာက္ခံ ခြင့္ျပဳထားျခင္းမရွိဘဲ ေကာက္ခံေနပါက အေရးယူသြားမည္
ဒီဇင်ဘာ 14, 2018
By Tachileik News Agency
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕အ၀င္ ေျမပံုအနီး ႏွင့္ အေနာက္ၿမိဳ႕ပတ္လမ္းဆံုတြင္ ယာဥ္လိုင္းမ်ားအား ေငြေၾကး ေကာက္ခံရန္ မည္သည့္ဌာနကိုမွ ခြင့္ျပဳေပးထားျခင္း မရွိေၾကာင္း ႏွင့္ ေငြေၾကး ေကာက္ခံမႈမ်ား ျပဳလုပ္ပါက ဥပေဒႏွင့္အညီ အျပစ္ေပး အေရးယူ သြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ အစိုးရအဖြဲ႔၀င္ ျပည္နယ္လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးလွဦးက ဒီဇင္ဘာလ(၁၄)ရက္ေန႔တြင္ က်င္းပျပဳလုပ္သည့္ ရွမ္းျပည္နယ္လႊတ္ေတာ္အစည္းအေ၀းတြင္ ေျပာၾကားလိုက္သည္။
အဆိုပါ ေနရာမ်ားတြင္ ေန႔စဥ္ သြားလာေနေသာ ယာဥ္လိုင္းမ်ားအား ေငြေၾကးေကာက္ခံလ်က္ရွိေၾကာင္း၊ ယာဥ္လိုင္း လုပ္ငန္းရွင္မ်ားမွ တိုင္ၾကားလာသည့္ အျပင္ မ်က္ျမင္ကိုယ္ေတြ႕လည္း ေတြ႕ရွိခဲ့ေသာေၾကာင့္ ေငြေၾကးေကာက္ခံ ေနမႈမ်ားမွာ မည္သည့္ဌာနက ေကာက္ေနသည္ကို သိရွိလိုေၾကာင္း ကေလာၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းထိုက္က လႊတ္ေတာ္တြင္ ေမးျမန္းရာမွ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးက ယင္းသို႔ ေျဖၾကားျခင္းျဖစ္သည္။
"ေငြေၾကးေကာက္ခံရန္ ခြင့္ျပဳထားျခင္း မရွိပါဘူး။ ေတာင္ႀကီးၿမိဳ႕အဝင္ ေျမပုံအနီး ႏွင့္ အေနာက္ၿမိဳ႕ပတ္ လမ္းဆုံမွာ ဌာနဆိုင္ရာမ်ား ေငြေၾကးေကာက္ခံမႈမ်ား မျပဳလုပ္ေစေရး အထူးဂရုျပဳ ေဆာင္ရြက္သြားရန္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားအား ညႊန္ၾကားထားရွိပါေၾကာင္းႏွင့္ ေငြေၾကး ေကာက္ခံမႈမ်ားျပဳလုပ္ပါက ဥပေဒ စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္အညီ အျပစ္ေပး အေရးယူသြား မည္ျဖစ္ပါေၾကာင္း ေျဖၾကား တင္ျပပါတယ္"ဟု ရွမ္းျပည္နယ္လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးလွဦး က ေျဖၾကားသည္။
ေတာင္ႀကီးၿမိဳ႕ အဝင္ေျမပုံအနီးႏွင့္ အေနာက္ၿမိဳ႕ပတ္လမ္းဆုံတြင္ ေန႔စဥ္ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္ ႏွစ္ဦးအား အလွည့္က် တာဝန္ခ်ထား၍ ၿမိဳ႕ဝင္ၿမိဳ႕ထြက္ ယာဥ္ေၾကာပိတ္ဆို႔မႈ မရွိေစေရး၊ အနီးတစ္ဝိုက္တြင္ တပ္ဆင္ထားသည့္ ကင္မရာမ်ားအား ေစာင့္ၾကည့္ေစျခင္း၊ ယာဥ္တိုက္မႈမ်ား ျဖစ္ေပၚပါက ဥပေဒႏွင့္အညီ ေဆာင္ရြက္ေစျခင္း၊ ယာဥ္စည္းကမ္း၊လမ္းစည္းကမ္း ေဖာက္ဖ်က္သူမ်ားအား စစ္ေဆး အေရးယူျခင္း မ်ားကိုသာ ေဆာင္ရြက္ေစလွ်က္ရွိၿပီး ေငြေၾကး ေကာက္ခံခြင့္ မျပဳထားေၾကာင္း ႏွင့္ ယခင္က ၿမိဳ႕နယ္ေမာ္ေတာ္ယဥ္ လိုင္းေပါင္းစုံ ႀကီးၾကပ္ထိန္းသိမ္းေရးအဖြဲ႔ႏွင့္ ကုန္တင္ေမာ္ေတာ္ယာဥ္ႀကီးမ်ား အသင္းမွ ၿမိဳ႕ဝင္ေၾကး ေကာက္ခံမႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကြီးမြို့အဝင် မြေပုံအနီးနှင့် အနောက်မြို့ပတ်လမ်းဆုံတွင် ငွေကြေးကောက်ခံ ခွင့်ပြုထားခြင်းမရှိဘဲ ကောက်ခံနေပါက အရေးယူသွားမည်
https://www.tachileik.net/2018/12/Tgi.html
**************
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အဝင် မြေပုံအနီး နှင့် အနောက်မြို့ပတ်လမ်းဆုံတွင် ယာဉ်လိုင်းများအား ငွေကြေး ကောက်ခံရန် မည်သည့်ဌာနကိုမှ ခွင့်ပြုပေးထားခြင်း မရှိကြောင်း နှင့် ငွေကြေး ကောက်ခံမှုများ ပြုလုပ်ပါက ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူ သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

အဆိုပါ နေရာများတွင် နေ့စဉ် သွားလာနေသော ယာဉ်လိုင်းများအား ငွေကြေးကောက်ခံလျက်ရှိကြောင်း၊ ယာဉ်လိုင်း လုပ်ငန်းရှင်များမှ တိုင်ကြားလာသည့် အပြင် မျက်မြင်ကိုယ်တွေ့လည်း တွေ့ရှိခဲ့သောကြောင့် ငွေကြေးကောက်ခံ နေမှုများမှာ မည်သည့်ဌာနက ကောက်နေသည်ကို သိရှိလိုကြောင်း ကလောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က လွှတ်တော်တွင် မေးမြန်းရာမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ယင်းသို့ ဖြေကြားခြင်းဖြစ်သည်။

"ငွေကြေးကောက်ခံရန် ခွင့်ပြုထားခြင်း မရှိပါဘူး။ တောင်ကြီးမြို့အဝင် မြေပုံအနီး နှင့် အနောက်မြို့ပတ် လမ်းဆုံမှာ ဌာနဆိုင်ရာများ ငွေကြေးကောက်ခံမှုများ မပြုလုပ်စေရေး အထူးဂရုပြု ဆောင်ရွက်သွားရန် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ညွှန်ကြားထားရှိပါကြောင်းနှင့် ငွေကြေး ကောက်ခံမှုများပြုလုပ်ပါက ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အပြစ်ပေး အရေးယူသွား မည်ဖြစ်ပါကြောင်း ဖြေကြား တင်ပြပါတယ်"ဟု ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး က ဖြေကြားသည်။

တောင်ကြီးမြို့ အဝင်မြေပုံအနီးနှင့် အနောက်မြို့ပတ်လမ်းဆုံတွင် နေ့စဉ် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးအား အလှည့်ကျ တာဝန်ချထား၍ မြို့ဝင်မြို့ထွက် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး၊ အနီးတစ်ဝိုက်တွင် တပ်ဆင်ထားသည့် ကင်မရာများအား စောင့်ကြည့်စေခြင်း၊ ယာဉ်တိုက်မှုများ ဖြစ်ပေါ်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်စေခြင်း၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ဖောက်ဖျက်သူများအား စစ်ဆေး အရေးယူခြင်း များကိုသာ ဆောင်ရွက်စေလျှက်ရှိပြီး ငွေကြေး ကောက်ခံခွင့် မပြုထားကြောင်း နှင့် ယခင်က မြို့နယ်မော်တော်ယဉ် လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့နှင့် ကုန်တင်မော်တော်ယာဉ်ကြီးများ အသင်းမှ မြို့ဝင်ကြေး ကောက်ခံမှုများ ရှိခဲ့ကြောင်း သိရသည်။

သတင်း - #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~