ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် PCR နှင့် RDT ဖြင့် စစ်ဆေးမှုအတွင်း COVID 19 အတည်ပြု တစ်နေ့တည်း စုစုပေါင်း (၁၀)ဦးကျော် အသစ်ထပ်တိုး၍ အတည်ပြုလူနာ (၁၁၄)ဦးအထိ တိုးရှိလာ

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် PCR နှင့် RDT ဖြင့် စစ်ဆေးမှုအတွင်း COVID 19 အတည်ပြု တစ်နေ့တည်း စုစုပေါင်း (၁၀)ဦးကျော် အသစ်ထပ်တိုး၍ အတည်ပြုလူနာ (၁၁၄)ဦးအထိ တိုးရှိလာ
နိုဝင်ဘာ 4, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် PCR နှင့် RDT ဖြင့် စစ်ဆေးမှုအတွင်း COVID 19  အတည်ပြု တစ်နေ့တည်း စုစုပေါင်း (၁၀)ဦးကျော် အသစ်ထပ်တိုး၍  အတည်ပြုလူနာ (၁၁၄)ဦးအထိ တိုးရှိလာ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့၌ COVID 19  အတည်ပြုလူနာ (၁၃)ဦးထပ်တိုး၍ ရှမ်းပြည်နယ်တောင်ပိုင်း၌ အတည်ပြုလူနာ တွေ့ရှိမှု စုစုပေါင်း (၁၁၄) ဦးရှိပြီဖြစ်ကြောင်း သိရသည်။
"ဒီနေ့က PCR နဲ့စစ်တာက (၁၁)ယောက်၊ RDT နဲ့စစ်တာက အေးသာယာမှာ (၁) ယောက်၊ ကလောမှာ (၁) ယောက် ထပ်တွေ့ရသေးတယ်ဆိုတော့ စုစုပေါင်း (၁၁၄)ယောက်ရှိသွားပြီ"ဟု ရှမ်းပြည်နယ်တောင်ပိုင်းတွင် အတည်ပြုလူနာတွေ့ရှိမှု အခြေအနေကို ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
"ရွာငံက (၆)ယောက်မှာ (၅)ယောက်က အရင် test kit နဲ့စစ်လို့ positive ဖြစ်တဲ့ (၅)ယောက်ပေါ့နော်။ သူတို့က contact (ထိတွေ့မှုရှိသူ) လိုက်နေတုန်းပဲ။ ဘယ်နှစ်ယောက်ရှိမယ်တော့ မသိသေးဘူး။ တစ်ယောက်ကတော့ ရန်ကုန်ကနေ တစ်ပတ်ပြန်လာလို့ quarantine နေနေတာ။ သူကတော့ contact မရှိဘူး။ နောက် (၄)ယောက်မှာ (၂)ယောက်ကတော့ Positive ဖြစ်တဲ့ တောင်ပြာတန်းကားသမားနဲ့ အတူတူပါလာလို့ စစ်တဲ့သူတွေ၊ နောက် (၂)ယောက်ကတော့ ကြက်ဥပို့တဲ့ကုန်ကားက နမ့်ပန်တက်မှာ RDT နဲ့စစ်လိုက်တော့ တစ်ယောက် positive ဖြစ်လို့ ကျန်တဲ့ (၂)ယောက်ထပ်စစ်တော့ positive ဖြစ်တာ။ နောက် လွိုင်လင်ကတစ်ယောက်ကတော့ ရန်ကုန်က ကျောင်းတက်ပြန်လာတဲ့ (၃)ယောက်ထဲက တစ်ယောက် positive အရင်တွေ့တယ်။ ကျန် (၂)ယောက်ကို ထပ်စစ်တာမှာ ဒီတစ်ယောက်က နှစ်ကြိမ်မြောက်စစ်တာမှာ positive ဖြစ်တာ။ သူတို့ကတော့ contact ထပ်မရှိတော့ဘူး"ဟု အတည်ပြုလူနာများနှင့် ထိတွေ့သူများ ရှာဖွေတွေ့ရှိသည့်အခြေအနေကို ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက ပြောသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် နိုဝင်ဘာလ (၄) ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် ကယားပြည်နယ်တို့မှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၄၈၅)ခုအား စစ်ဆေးရာ ကလောမြို့မှ (၄)ဦး၊ ပင်လုံမြို့မှ (၁)ဦးနှင့် ရွာငံမြို့မှ (၆) ဦးတို့တွင် COVID 19 ပိုးတွေ့ရကြောင်း ဓာတ်ခွဲအဖြေရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် အတည်ပြုလူနာ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံ၊ ကလော၊ လွိုင်လင်၊ ရွာငံနှင့် မြို့ကြီး ပြည်သူ့ဆေးရုံများ၌ ကုသပေးနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~